နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဒါရာဘိုင်အိုယိုကို ကြားဖြတ် ခေါ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ချဲလ်ဆီးနဲ့ ဆေးစစ်မှု ခံယူပြီးသွားပြီ ဖြစ်တဲ့ တိုဆင် အဒါရာဘိုင်အိုယိုကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမား ကတော့ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့သာ စိတ်အားထက်သန်ခဲ့ပြီး ယူနိုက်တက် အနေနဲ့ ဒီကစားသမားရဲ့ စတန်းဖို့ဒ်ဘရစ်ချ်ဆီ သွားရာလမ်းကို တားဆီးနိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အနေနဲ့ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အဒါရာဘိုင်အိုယိုကို ခေါ်ယူနိုင်ပြီ ဖြစ်ကြောင်း အခုအချိန်ထိ တရားဝင် မကြေညာရသေးပါဘူး။ ဒါပေမယ့် ကစားသမား ကတော့ ဆေးစစ်မှု ခံယူပြီး ဖြစ်တာကြောင့် ချဲလ်ဆီးကို ရောက်ရှိဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် Daily Mail ရဲ့ ဖော်ပြချက်အရတော့ ယူနိုက်တက်သာ တိုဆင်ရဲ့ နွေရာသီ အပြောင်းအရွှေ့ အစီအစဉ်တွေကို ခပ်မြန်မြန် လုပ်ဆောင်နိုင်ရင် ခေါ်ယူနိုင်သေးတဲ့ အခြေအနေမှာ ရှိသေးကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း Daily Mailဟာ ယုံကြည်ရတဲ့ သတင်းဌာန တစ်ခု ဟုတ်မနေခဲ့တဲ့ အတွက် အဒါရာဘိုင်အိုယို အနေနဲ့ ချဲလ်ဆီးကိုပဲ ရောက်ရှိဖို့ များနေပြီလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

သရဲနီတွေဟာ ပြီးခဲ့တဲ့ လပိုင်း‌လောက်က ဒီကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ထုတ်ဖော် ပြောကြားထားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အဲ့နောက်ပိုင်းက စလို့ အဒါရာဘိုင်အိုယိုကို စိတ်ဝင်စားတဲ့ အသင်းတွေ ပေါ်လာခဲ့ပြီး နယူးကာဆယ်၊ ချဲလ်ဆီး စတဲ့ အသင်းတွေနဲ့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ရပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ သီတင်းအပတ်က အဒါရာအိုင်အိုယိုကို တရားဝင် စာချုပ်နဲ့ ကမ်းလှမ်း ခဲ့ပေမယ့် အင်္ဂလန် နောက်ခံလူဟာ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။ အဒါရာဘိုင်အိုယိုက လက်ရှိမှာ ဖူလ်ဟမ် ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း တရားဝင် အတည်ပြုထားပြီးနောက် ဒီတစ်ပတ်ထဲမှာပဲ ချဲလ်ဆီး ကစားသမားသစ် အဖြစ် ကြေငြာခံရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုဆင် အဒါရာဘိုင်အိုယိုဟာ နည်းပြသစ် အန်ဇို မာရက်စ်ကာ လက်ထက် ပထမဦးဆုံး ခေါ်ယူမှုလည်း ဖြစ်လာတော့မှာပါ။

ယူနိုက်တက် ကတော့ ကစားသမားသစ်တွေ ခေါ်ယူမယ်လို့ သတင်းတွေ ထွက်နေပေမယ့် လက်ရှိ အချိန်ထိတော့ နည်းပြ ဖြစ်သူ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ အနာဂတ် ကိုတောင် ရေရေရာရာ ဆုံးဖြတ်ချက် မချရသေးပါဘူး။ ယူနိုက်တက် ပူးတွဲ ပိုင်ရှင်သစ် ဆာဂျင်မ် ရက်ကလစ်ဖ်ဟာ ကလပ်ဆီကို အောင်မြင်တဲ့ ကစားသမားတွေ ခေါ်ဆောင်နိုင်ဖို့ အတွက် ဆာ ဒေ့ဗ် ဘရေးလ်စ်ဖို့ဒ်နဲ့ နည်းစနစ် ဒါရိုက်တာ ဂျေဆန် ဝေးလ်ကော့စ်တို့ကို တာဝန်ပေးထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဒန်အက်ရှ်ဝေါ့သ်ကို အားကစား ဒါရိုက်တာ အဖြစ် ခန့်အပ်ဖို့လည်း အစီအစဉ်တွေ ရှိပေမယ့် အခုချိန်ထိတော့ ညှိနှိုင်းလို့ မရသေးဘူးလို့လည်း သိရပါတယ်။ သေချာတာ ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အန်တိုနီ မာစီရယ်နဲ့ ရာဖေးလ် ဗာရန်း တို့ကတော့ ပရီးမီးယားလိဂ် ကလပ်ကို ကျိန်းသေပေါက် စွန့်ခွာသွားတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်