နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စတန်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးကို အနိုင်ယူပြီး ချန်ပီယံဆုကိုပါ စိန်ခေါ်လာတဲ့ ဗီလာ | ပရီးမီးယားလိဂ်

ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ကျ ပွဲစဉ် မှာတော့ အက်စတွန်ဗီလာက ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ၁-၂ နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် အက်စတွန်ဗီလာရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေကြောင့် ၁-၂ ရလဒ်နဲ့ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲမှာ ချဲလ်ဆီးတို့ အနိုင်ရခဲ့မယ် ဆိုရင် အဆင့် ၄ နေရာကို တက်လှမ်းနိုင်မှာ ဖြစ်တာကြောင့် မာရက်စ်ကာရဲ့ အသင်းက အသေအချာ ပြင်ဆင်လာခဲ့ပါတယ်။ ချဲလ်ဆီးက ပထမပိုင်းမှာ ပုံစံကောင်း တစ်ခုနဲ့ ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ သူတို့ ထင်ထားသလို မဖြစ်ခဲ့ပါဘူး။ ပထမပိုင်းက ချဲလ်ဆီး အတွက် ဖြစ်ခဲ့ပြီး ဗီလာတို့ ရုန်းကန်ခဲ့ရပါတယ်။ ချဲလ်ဆီးရဲ့ High Pressing ကစားပုံကြောင့် ဗီလာတို့ ကစားကွက်တည်ဖို့တောင် ခက်ခဲခဲ့ပါတယ်။ ပထမပိုင်းမှာ ချယ်လ်ဆီးဟာ ဘောလုံးပိုင်ဆိုင်မှု ၇၁ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး ဂိုးပေါက် ကန်ချက် ၁၀ ကြိမ် အထိ ရှိခဲ့ကာ ဗီလာ ကတော့ ဂိုးပေါက် ကန်ချက် ၀ ဖြစ်ပါတယ်။

ဗီလာမှ ဟုတ်ရဲ့လားလို့ တွေးရလောက်အောင် ချဲလ်ဆီးတို့ ကစားပြနိုင်ခဲ့ပြီး ဦးဆောင်ဂိုး ကိုလည်း ပွဲကစားချိန် ၃၂ မိနစ်မှာ ယာအို ပက်ဒရိုက သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်း ကတော့ ဗီလာ အတွက် ဖြစ်သွားခဲ့ပြီး အူနိုင်း အမ်မရီရဲ့ အသင်းက ထိရောက်တဲ့ လူစားပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပြီး ပထမပိုင်းနဲ့ လုံးဝ မတူတဲ့ ကစားဟန်နဲ့ အတူ ချဲလ်ဆီးကို ပြန်လည် ထိုးနှက်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၃ မိနစ် မှာတော့ လူစားဝင် တိုက်စစ်မှူး အိုလီ ဝက်ကင်န်က ချေပဂိုး စတင်သွင်းခဲ့သလို ၈၄ မိနစ် အရောက် မှာလည်း ဝက်ကင်န် ကပဲ အနိုင်ဂိုးသွင်းယူခဲ့တာကြောင့် ၁-၂ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဗီလာဟာ အခုပွဲကို အနိုင်ရသွားတာကြောင့် ၁၁ ပွဲဆက် နိုင်ပွဲကို ရရှိခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။
လူစားဝင်လာပြီး ချဲလ်ဆီးကို ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ အိုလီ ဝက်ကင်န်

ဗီလာဟာ အခုပွဲကို အနိုင်ရသွားတာကြောင့် ၁၁ ပွဲဆက် နိုင်ပွဲကို ရရှိခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဆင့် ၂ နေရာက မန်စီးတီးနဲ့ ၁ မှတ်၊ ထိပ်ဆုံးက အာဆင်နယ်နဲ့ ၃ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် အမ်မရီရဲ့ အသင်းက ရာသီဝက် ကုန်ဆုံးချိန်မှာ ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းပေါ်မှာပဲ ရှိနေပြီး ချန်ပီယံ ပြေးလမ်းပေါ်မှာ အားအင် အပြည့်နဲ့ ရှေ့ဆက်နေနိုင်ပြီ ဖြစ်ပါတယ်။ နောက်ပွဲက အာဆင်နယ်နဲ့တွေ့ရမှာဖြစ်လို ပိုပြီးတော့တောင် စိတ်ဝင်စားဖို ကောင်းနေခဲ့ပါပြီ။

အိုလီ ဝက်ကင်န်ဟာ ဘရိုက်တန်က ဒန်နီ ဝဲလ်ဘက်ခ် ပြီးရင် ဒီရာသီ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးကို အဝေးကွင်းမှာ ၂ ဂိုး သွင်းယူခဲ့တဲ့ ဒုတိယမြောက် လူစားဝင် ကစားသမား ဖြစ်ခဲ့ပါတယ်။ ဒီအခြေအနေဟာ ၁၉၉၂-၁၉၉၃ နဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီတွေ အတွင်း မှာတော့ ၁ ကြိမ်သာ ရှိခဲ့ပါတယ် (၂၀၂၁ ခုနှစ် ဧပြီလမှာ ဝက်စ်ဘရွန်း အတွက် ကော်လမ် ရော်ဘင်ဆင်)။

အက်စတွန်ဗီလာဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပြီးဆုံးချိန်မှာ အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာသာ ရှိနေခဲ့သလို နိုင်ပွဲလည်း မရသေးပါဘူး (၃ ပွဲ သရေ၊ ၂ ပွဲ ရှုံး)။ အခုအချိန်မှာတော့ ဗီလာက ပြိုင်ပွဲစုံ ၁၁ ပွဲဆက် အနိုင်၊ ပရီးမီးယားလိဂ် ၈ ပွဲဆက် အနိုင်နဲ့ အတူ ချန်ပီယံဆုကို အကောင်းဆုံး ခြိမ်းခြောက်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်