နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာရွန် ဝမ်ဘစ်ဆာခါနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရခဲ့တဲ့ ဝက်စ်ဟမ်း | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ညာနောက်ခံလူ အာရွန် ဝမ်ဘစ်ဆာခါ ကတော့ ဝက်စ်ဟမ်းနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။ ဒီကစားသမားကို ဝက်စ်ဟမ်းက ၂၀၂၉ ခုနှစ် အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ် ချုပ်ဆိုသွားဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ 

   ဒါပေမယ့်လည်း လက်ရှိ အချိန်ထိတော့ အာရွန် ဝမ်ဘစ်ဆာခါရဲ့ အပြောင်းအရွှေ့ အတွက် ပရီးမီးယားလိဂ် ကလပ် နှစ်ခု အကြား သဘောတူညီမှု မရရှိသေးပါဘူး။ အဓိက ကတော့ ဝက်စ်ဟမ်းက ဝမ်ဘစ်ဆာခါကို ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းထားခဲ့ပြီး ယူနိုက်တက် ဘက်ကတော့ ပေါင် ၁၈ သန်း ရမှသာ ရောင်းထုတ်လိုနေတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပြုသဘောဆောင်တဲ့ အပြောင်းအရွှေ့ ဖြစ်လာဖို့ အတွက်တော့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အစောပိုင်းမှာ ဝက်စ်ဟမ်းက ဘေယန်မြူးနစ်ရဲ့ မော်ရိုကို ညာနောက်ခံလူ နူဆာ မက်ဇရာရီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာပါ။ ဒါပေမယ့်လည်း အပြောင်းအရွှေ့ ပျက်ခဲ့ရသလို ကစားသမား ကလည်း ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ပဲ ဆုံးဖြတ်ခဲ့တာကြောင့် ဝက်စ်ဟမ်းက သူတို့ရဲ့ ပစ်မှတ်ဟောင်း ဝမ်ဘစ်ဆာခါကို နောက်တစ်ကြိမ် ပြန်လည် ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က မက်ဇရာရီရဲ့ အပြောင်းအရွှေ့ အတွက် အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တာကြောင့် အာရွန် ဝမ်ဘစ်ဆာခါကို ဝက်စ်ဟမ်းထံ ပြန်လည် ရောင်းချဖို့ အတွက် ညှိနှိုင်းနေတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ အသင်းရဲ့ ညာခြမ်းမှာ ဒီယိုဂို ဒါးလော့တ်ကိုသာ ဆက်လက် အသုံးပြုသွားဖို့ ရှိနေပြီးတော့ အာရွန် ဝမ်ဘစ်ဆာခါ ကိုတော့ လာမယ့်နှစ်မှာ အလွတ်နဲ့ လက်မလွှတ်ရခင် ဒီနွေရာသီမှာပဲ အသင်း ကနေ ပြန်လည် ရောင်းထုတ်သွားချင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဝမ်ဘစ်ဆာခါကို ရောင်းထုတ်ပြီးရင် ညာနောက်ခံလူ တစ်ဦးကို အစားထိုး ခေါ်ယူသွားဖို့ ရှိခဲ့ပြီး အင်တာမီလန်က ဒမ်းဖရီးစ် ကိုလည်း စိတ်ဝင်စားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က သူနဲ့ အတူ အေဂျက်စ်မှာ လက်တွဲခဲ့ဖူးတဲ့ မက်ဇရာရီ ကိုပဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြသစ် လိုပက်တက်ဂီ လက်ထက်မှာ ဝက်စ်ဟမ်းက အသင်းကို ပြန်လည် ပြင်ဆင်ဖို့ ရှိနေပြီး နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားကောင်းတွေ ခေါ်ယူ အားဖြည့်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝက်စ်ဟမ်းက ဒီနွေရာသီမှာ ကစားသမား ၃ ဦးသာ ခေါ်ယူထားရပါသေးတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ လူးဝစ် ဂူအီဟာမီကို ပါလ်မီးရက်စ် ကနေ ပေါင် သန်း ၂၀နဲ့‌ ခေါ်ယူခဲ့ပြီးတော့ ဝုဗ်က မက်စ် ကေးလ်မန်း ကိုတော့ ပေါင် ၃၈ သန်း၊ ရှက်ဖီးလ်ယူနိုက်တက်က ဖိုဒါရင်ဂမ် ကိုတော့ အလွတ်နဲ့ ခေါ်ယူထားတာ ဖြစ်ပါတယ်။ တစ်ဖက် မှာတော့ ကစားသမား အထွက် အနေနဲ့ ဝက်စ်ဟမ်းက ဆိဒ် ဘန်ရားမားနဲ့ အတူ လူငယ် ကစားသမား တချို့ကို လက်လွှတ်ထားရပါတယ်။

အကယ်၍ ဝမ်ဘစ်ဆာခါသာ ဝက်စ်ဟမ်းကို ပြောင်းရွှေ့ ဖြစ်ခဲ့ရင်တော့ နှစ်ဦး နှစ်ဖက်လုံး အတွက် အကျိုးရှိစေမယ့် အပြောင်းအရွှေ့ တစ်ခုလည်း ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့ ရာသီတွေထဲက ဝမ် ဘစ်ဆာခါ အနေနဲ့ သူ့ရဲ့ ပထမ ပွဲထွက်နေရာကို ဒီယိုဂို ဒါးလော့တ်ဆီ လွှဲအပ်ခဲ့ရပြီးတော့ အသင်း ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ခရစ္စတယ်ပဲလေ့စ် ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဝမ်ဘစ်ဆာခါဟာ အိုးထရက်ဖို့ဒ်မှာ ၅ ရာသီ အတွင်း ပွဲပေါင်း ၁၉၀ ကစားပေးခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်