နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အစဉ်အလာအတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်လာဦးမယ့် ဆိုစီဒက်စ် နဲ့ ဗလင်စီယာတို့ရဲ့ လာလီဂါပွဲစဉ် ၄

ရီးရဲလ်ဆိုစီဒက်စ် vs ဗလင်စီယာ

လာမယ့် စက်တင်ဘာလ၂၈ ရက်နေ့ည ၁၁နာရီခွဲမှာတော့ စပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရီးရဲဆိုစီဒက်စ်နဲ့ ဗလင်စီယာတို့ ရီးရဲလ်ဆဂ်ဂူရိုစ့် ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ လက်ရှိ လာလီဂါ အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရောက်ရှိနေတဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံနေတာဖြစ်လို့   SBOTOP လာလီဂါ ပရိသတ်တွေရဲ့ အကြိုက်ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီက ဆိုစီဒက်စ်တို့ အဆင့် ၆ နေရာနဲ့ ရာသီသိမ်းထားပြီး ယူရိုပါလိဂ်ဝင်ခွင့်ရရှိထားပါတယ်။ ဒါပေမယ့် အဆင့် ၄နေရာက ဆီဗီလာနဲ့ ၁၄မှတ် အထိကွာဟခဲ့တာကို တွေ့ရပါတယ်။ ဆိုစီဒက်စ်တို့ လာလီဂါ အဖွင့်ပွဲစဉ်နှစ်ပွဲမှာ  ဗယ်လ်လာဒိုးလစ်နဲ့ ရီးရဲမက်ဒရစ်ကို သရေကျခဲ့ပြီး နောက်ဆုံးပွဲ အဲလ်ချီကို အဝေးကွင်းမှာ ၃ဂိုးပြတ်အနိုင်ရထားလို့ ရမှတ် ၅ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာရပ်တည်နေပါတယ်။ အီမန်နို အယ်ဂူဆီကိုင်တွယ်နေတဲ့  ဆိုစီဒက်စ်တို့ ဒီရာသီမှာ မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ဒါးဗစ်ဆေးလ်ဗားတစ်ဦးတည်းကိုပဲ ခေါ်ယူထားခဲ့ပြီး ရာသီအကုန်မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့  ပစ်မှတ်ထားနေပါတယ်။ ပြီးခဲ့တဲ့ အဲလ်ချီနဲ့ ပွဲမှာ ဆိုစီဒက်စ်အသင်းရဲ့ ပုံစံကောင်းတစ်ကို တွေ့မြင်ခဲ့ရပြီး မီခယ်မီရီနို၊ ရော်ဘတ်တို လိုပက်ဇ်၊ နော်မဒ်၊ ပေါ်တူ၊ ယာနူဇက်ဂျ် တို့ စုစည်းမှုကောင်းကောင်းနဲ့ တစ်ပွဲချင်းအမှားနည်းနည်းနဲ့ ကျော်ဖြတ်နေတာတွေ့ရပါတယ်။

 
ဗလင်စီယာအသင်းကတော့ ပြီးခဲ့တဲ့ ရာသီက လာလီဂါမှာ အဆင့် ၉ နေရာအထိကျဆင်းသွားပြီး ၃ နှစ်ဆက် ချန်ပီယံလိဂ်ဝင်ခွင့် နဲ့ လွဲချော်ခဲ့ပါတယ်။ အခုရာသီအဖွင့်ပွဲစဉ် ၃ ပွဲမှာတော့ လင်းနို့တွေ အနေနဲ့ ၁ပွဲနိုင်၊ ၁ပွဲရှုံး၊ ၁ပွဲသရေ ကျခဲ့ပြီး ရမှတ် ၄ မှတ်နဲ့ အဆင့် ၅နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးထားတဲ့ ဗလင်စီယာတို့ ကစားသမားကောင်းတွေ တော်တော်များများကို အငှားချတာတွေ ရောင်းထုတ်တာတွေ လုပ်ခဲ့ ပြီး ဖာရန်တောရက်စ်၊ ကိုကွီလင်၊ ပယ်ရီဂျို၊ ရိုဒရီဂို၊ ပစ်စီနီတို့လို ကစားသမားတွလည်း အသင်းမှာ မရှိတော့ပါဘူး။ ဝက်ဖိုဒ့်နည်းပြဟောင်း ဂျာဗီဂါစီယာအနေနဲ့ အသင်းကို ပြန်လည်တည်ဆောက်ပြီး ချာရီရှက်ဗ်၊ ဂေါ့ဖရေး ကွန်ဒေါဂ့်ဘီရာ၊ မက်ဆီဂိုးမက်ဇ်၊ မက်ဆီမီုလန်နို၊ ရာဆစ်ဂါရာ၊ ဒန်နီရယ်ဝက်စ်တို့လို ကစားသမားတွေ နဲ့ အဆင့်တစ်ခုရှိတဲ့ အသင်းတစ်သင်းအဖြစ် ဦးဆောင်နေခဲ့ပါတယ်။ လင်းနို့တွေရဲ့ လာလီဂါအဖွင့်ကတော့ လီဗန်တေးကို အနိုင်ရလို့ လှပခဲ့ပေမယ့် ဒုတိယပွဲစဉ်မှာ ကစားပုံဆိုးရွားခဲ့လို့ ဆဲလ်တာဗီဂိုကို ရှုံးနိမ့်ခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ တန်းတက် ဟျူးစ်ကားအသင်းကိုလည်း သရေပဲ ကစားနိုင်ခဲ့ပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်းအစဉ်အလာ

ပြီးခဲ့တဲ့ ရာသီက လာလီဂါမှာ အဆင့် ၉ နေရာအထိကျဆင်းသွားပြီး ၃ နှစ်ဆက် ချန်ပီယံလိဂ်ဝင်ခွင့် နဲ့ လွဲချော်ခဲ့ပါတယ်။
အဓိကကစားသမား တော်တော်များများကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့တဲ့ ဗလင်စီယာ

ထိပ်တိုက်တွေ့ဆုံမှုအရ ဆိုစီဒက်စ်နဲ့ ဗလင်စီယာတို့ဟာ လာလီဂါမှာ အစဉ်အလာပြိုင်ဘက်တွေဖြစ်ပြီး ၂၀၁၀ နောက်ပိုင်းမှာတော့ ဘက်ခ်စ် တော်ဝင်တပ်သားတွေအနေနဲ့ လင်းနို့တွေကို အသာရထားတာတွေ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးတွေ့ဆုံမှု ၅ကြိမ်မှာတော့ ဗလင်စီယာက၂ပွဲနိုင်၊ ဆိုစီဒက်စ်က ၁ပွဲနိုင်ပြီး ၂ပွဲသရေကျထားပါတယ်။ ဗလင်စီယာတို့ နောက်ဆုံး ၇ပွဲမှာ ၄ပွဲနိုင်၊၂ပွဲသရေကျပြီး၊ ၁ပွဲရှံးထားပါတယ်။ ဆိုဆီဒက်စ်ကတော့ နောက်ဆုံး ၅ ပွဲမှာ ပွဲနိုင်ပြီး ၃ပွဲသရေကျထားပါတယ်။

အခုပွဲမှာတော့ အိမ်ရှင်ဆိုစီဒက်စ် နောက်ခံလူ မွန်ရီရယ် ဒဏ်ရာကသက်သာလာလို့ ပွဲထွက်လူစာရင်းမှာ ပါလာနိုင်ပေမယ့် ပထမလူစာရင်းမှာတော့ အိုင်ဆက်ခ် ကိုပဲအသုံးပြုလာဖို့ ရှိနေပါတယ်။ အီယာယာမန်ဒီ၊ ဆန်ဂါလီ၊ မာကွယ်လန့်ဇ်တို့ လွဲချော်ဦးမှာ ဖြစ်ပြီး နောက်ဆုံးပွဲက အသုံးပြုခဲ့တဲ့ ပွဲထွက်လူစာရင်းကို အနည်းငယ်အပြောင်းအလဲလုပ်ပြီး ပွဲထွက်လာမှာပါ။ ဗလင်စီယာ မှာတော့ မန်ဂါလား နဲ့ ပေါ်လစ်စတာတို့ ပါဝင်လာဦးမှာ မဟုတ်ပဲ ဝက်စ်၊ ဂါယာ၊ ဂျက်ဆန်၊ ကွန်ဒေါ့ဘီယာ၊ ရာဆစ်၊ မက်ဆီဂိုးမက်ဇ်၊ ဂါမဲရိုး၊ ဂူဒီစ့်တို့ကို ပထမလူစာရင်းမှာ အသုံးပြုလာနိုင်ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ရီးရဲလ်ဆိုစီဒက်စ် vs ဗလင်စီယာ အချိန်ပြည့် 1X2 အိမ်ရှင် @ 3.55
စက်တင်ဘာလ ၂၈ ရက်, ညနေ ၁၁:၃၀ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရဆိုရင် အိမ်ရှင်ဆိုစီဒက်စ်ဘက်က ၁.၇၀ ဆ ကြေးပေါက်ပြီး သရေအတွက် ၃.၅၅ ဆနဲ့ ဗလင်စီယာဘက်ကဆိုရင်တော့ ၅.၀၀ ဆအထိ ကြေးပေါက်နေပါတယ်။ ဆိုစီဒက်စ်တို့ ဒီရာသီမှာ ကစားပုံကျစ်လျစ်နေပြီး ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် ခြေအတက်အကျမှန်နေလို့ ကစားကောင်းတွေ သိပ်မရှိတော့တဲ့ ဗလင်စီထက် ပိုသဘောကျနေပါတယ်။ ဆိုစီဒက်စ်တို့ပဲ အနိုင်ရသွားမှာ ဖြစ်ပေမယ့် ဂိုးတော့ပြတ်ဖို့မရှိပါဘူး။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်