နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဇီဒန်းကို အဲလ်နာဆာ နည်းပြ အဖြစ် မြင်တွေ့ချင်နေတဲ့ ရော်နယ်ဒို | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ အသင်းခေါင်းဆောင် ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို ကတော့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းကို နည်းပြသစ် ဖြစ်လာဖို့ ဆန္ဒ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ အဲလ်နာဆာမှာ နည်းပြ လူးဝစ္စ ကတ်စထရို ကတော့ အနာဂတ် မရေရာ ဖြစ်နေပြီး သူ့နေရာမှာ ရော်နယ်ဒိုက ဇီဒန်းနဲ့ အစားထိုးချင်နေတာ ဖြစ်ပါတယ်။

ပေါ်တူဂီ လူမျိုး နည်းပြ လူးဝစ္စ ကက်စထရိုက ပြီးခဲ့တဲ့ ရာသီ ကမှ အဲလ်နာဆာကို စတင် ကိုင်တွယ်ခဲ့ပြီး အာရပ်ကလပ် ချန်ပီယံဖလားကို ရယူပေးနိုင်ခဲ့ပေမယ့် ဆော်ဒီပရိုလိဂ် မှာတော့ အဓိက ပြိုင်ဘက် အဲလ်ဟီလာနဲ့ ရမှတ် ၁၄ မှတ် အထိ ကွာဟခဲ့ရပြီး အခြားသော ဆုဖလားတွေနဲ့လည်း လွဲချော်ခဲ့ရပါသေးတယ်။ ဒါ့အပြင် အခုနှစ် ဘောလုံးရာသီအစ ဆော်ဒီစူပါဖလား ဗိုလ်လုပွဲ မှာပါ အဲလ်နာဆာက အဲလ်ဟီလယ် ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး နောက်ထပ် ဆုဖလား တစ်ခုပါ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ ကက်စထရိုရဲ့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာနဲ့ အနာဂတ် အခြေအနေတွေက တော်တော်လေး လှုပ်ခတ်လာခဲ့ပြီး အဲလ်နာဆာ ကလည်း နည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့ စဉ်းစားလာခဲ့ပါတယ်။

ဒါကြောင့် နည်းပြ ကက်စထရိုရဲ့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာနဲ့ အနာဂတ် အခြေအနေတွေက တော်တော်လေး လှုပ်ခတ်လာခဲ့ပြီး အဲလ်နာဆာ ကလည်း နည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့ စဉ်းစားလာခဲ့ပါတယ်။
နည်းပြဟောင်း ဇီဒန်းနဲ့ တကျော့ပြန် လက်တွဲချင်နေတဲ့ ရော်နယ်ဒို

ရော်နယ်ဒို ကတော့ အဲလ်နာဆာ အနေနဲ့ နည်းပြ လူးဝစ္စ ကက်စထရိုကို နည်းပြ ရာထူး ကနေ ထုတ်ပယ်ခဲ့မယ် ဆိုရင်တော့ သူ့ရဲ့ နေရာ အတွက် အသင်းဟောင်း ရီးရဲလ်မက်ဒရစ်မှာ သူနဲ့ အတူ လက်တွဲဖူးခဲ့တဲ့ နည်းပြဟောင်း ဇီဒန်းကို အယ်လ်နာဆာရဲ့ နည်းပြသစ် အဖြစ် မြင်တွေ့ချင်နေတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ နည်းပြ ဇီဒန်း တို့ဟာ ရီးယဲလ်မက်ဒရစ်မှာ အကောင်းဆုံး တွဲဖက်နိုင်ခဲ့ကြပြီး ဥရောပ ဘောလုံး လောကရဲ့ အမြင့်မားဆုံးသော ချန်ပီယံလိဂ် ဖလားကိုပါ ၃ နှစ် ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရော်နယ်ဒိုက ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ မှာလည်း နည်းပြ ဇနက်ဒင် ဇီဒန်းနဲ့ ထပ်မံ လက်တွဲချင်နေတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ လက်တွဲဖြုတ်ပြီး နောက်ပိုင်း လက်ရှိအချိန်ထိ ကလပ် အသင်းသစ် မကိုင်တွယ်ရသေးတဲ့ ဇီဒန်း ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ် အသင်း က နည်းပြသစ် အဖြစ် ခန့်အပ်ချင်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြ ဇီဒန်း ကတော့ ဒီကမ်းလှမ်းမှုကို ပယ်ချထားခဲ့ပြီး အခုဆိုရင်တော့ ပြင်သစ်သားက နည်းပြ အလုပ်နဲ့ အလှမ်းဝေးနေတာ ၃ နှစ်တောင် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ လက်ရှိမှာ အဲလ်နာဆာ အသင်း အတွက် ပွဲတိုင်းနီးပါး ဂိုးသွင်းယူပေးထားနိုင်တဲ့ အရေးပါတဲ့ ကစားသမား ဖြစ်ပါတယ်။ ရော်နယ်ဒို တစ်ယောက် အဲလ်နာဆာ အတွက် ကစားခွင့်ရတဲ့ ပွဲတိုင်းမှာ အားထည့်ပြီး အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားပေးနေပေမယ့် အသင်းဖော်တွေရဲ့ ပေါ့ဆမှုတွေနဲ့ နိုင်ပွဲ ဆာလောင်စိတ် ကင်းမဲ့မှုတွေကြောင့် ပေါ်တူဂီသားကြီးလည်း စိတ်ပျက်နေခဲ့ရပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ပြီးခဲ့တဲ့ ဆော်ဒီစူပါဖလား ဗိုလ်လုပွဲမှာ တော်တော်လေး သိသာခဲ့ပြီး အဲလ်နာဆာတို့ ဦးဆောင်ဂိုး ရပြီးမှာ ဂိုးတွေ ပြန်ပေးရချိန်မှာ ရော်နယ်ဒို တစ်ယောက် အသင်းဖော်တွေကို ပြင်းပြင်းထန်ထန် ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်