နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အတ္တလန်တာကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့ပေမယ့် ရာသီဝက်ချန်ပီယံဖြစ်ခဲ့တဲ့ အေစီမီလန် – စီးရီးအေ ပွဲပြီးသုံးသပ်ချက်

အေစီမီလန် ၀ – ၃ အတ္တလန်တာ

မနေ့ ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ အေစီမီလန်တို့ အတ္တလန်တာကို အိမ်ကွင်းမှာ ၀-၃ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒီရာသီအတွက် ဒုတိယမြောက် စီးရီးအေ ရှုံးပွဲတွေ့သွားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပွဲစဉ် ၁၉ ပွဲကစားပြီးရာမှာ ရမှတ် ၄၃ မှတ်နဲ့ အေစီမီလန်တို့ စီးရီးအေရဲ့ ရာသီဝက်ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

အေစီမီလန်တို့ အခုပွဲစဉ်အတွက် ဒဏ်ရာရ ပွဲပယ်ကစားသမားတွေများနေခဲ့ပေမယ့် အိမ်ကွင်း အားသာချက်နဲ့ အတူ တိုက်စစ်မှာ ဇလာတန် အီဗရာဟီမိုဗစ် ဦးဆောင်ပြီး ရာဖေးလ်လီယောင်၊ ကတ်စတယ်လီဂျို၊ ကတ်ဆီ၊ တိုနာလီ၊ ရှား၊ သီယို ဟာနန်ဒက်စ်တို့လို ကစားသမားကောင်းတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ တစ်ဖက်က အတ္တလန်တာမှာ ဇာပါတာ၊ အီလီချစ်၊ ပက်ဆီနာ၊ ဂိုဆန်၊ ဟိတ်ဘိုးဝါး၊ ဖရီအူလာတို့ပါဝင်လာခဲ့လို့ တိုက်စစ်နဲ့ ကွင်းလယ်က တော်တော်လေး တောင့်တင်းခဲ့ပါတယ်။ ပွဲစတာနဲ့ အေစီမီလန်တို့ ဧည့်သည်အသင်းဘက်ကို တစ်ဖက်သတ် ဖိအားပေးဖို့ ကြိုးပမ်းခဲ့ပေမယ့် တစ်ကယ်တမ်း အချိတ်အဆက်မိမိနဲ့ ပြိုင်ဘက်ကို ပြန်လည်ဖိအားပေး ကစားသွားခဲ့တာကတော့ အတ္တလန်တာ အသင်းပဲ ဖြစ်ပါတယ်။ အီလီချစ်၊ ဂိုဆန်၊ ဇာပါတာတို့ရဲ့ လုပ်အားနှုန်းတွေက တော်တော်လေး အလုပ်ဖြစ်ခဲ့တာ တွေ့ရပြီး အေစီမီလန် ဂိုးပေါက်ကို အကြိမ်ကြိမ် ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ပွဲအစ ၂၆ မိနစ် မှာတင် အတ္တလန်တာတို့ ဦးဆောင်ဂိုး ရခဲ့ပြီး ကွင်းလယ်က တင်ပေးတဲ့ ဘောလုံးကို နောက်ခံလူ ရိုမီယို က အေစီမီလန်နောက်ခံလူတွေကြားက လှလှပပ ခေါင်းတိုက် သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းအပြီးမှာတော့ အတ္တလန်တာတို့ ၁-၀ နဲ့ အနိုင်ရနေခဲ့ပြီး ဒုတိယပိုင်း မှာလည်း အေစီမီလန်ကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၃ မိနစ်မှာတော့ အတ္တလန်တာတို့ ပင်နယ်တီ ထပ်ရခဲ့ပြီး အီလီချစ်ကပဲ သူ့ကြောင့်ရတဲ့ ပင်နယ်တီကို သူကိုယ်တိုင် အကောင်းဆုံး အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ၇၇ မိနစ်မှာလည်း ဒီနေ့ပွဲမှာ တောက်လျောက် ခြေစွမ်းပြနေတဲ့ ဇာပါတာကပဲ တတိယဂိုး သွင်းယူပေးခဲ့လို့ အတ္တလန်တာတို့ အဝေးကွင်းမှာ ၀-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲအပြီးမှာ အတ္တလန်တာ ကတော့ ၁၉ ပွဲကစား၊ ၁၀ ပွဲနိုင်၊ ၆ ပွဲ သရေ၊ ရှုံးပွဲ ၃ ပွဲနဲ့ ရမှတ် ၃၆ မှတ် ရရှိပြီး စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
စီးရီးအေမှာ အေစီမီလန်ကို နောက်ဆုံး တွေ့ဆုံမှု ၃ ကြိမ်စလုံး အသာရခဲ့တဲ့ အတ္တလန်တာ

အေစီမီလန်တို့ အခုပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် တစ်ဖက်က အင်တာမီလန် ကလည်း အူးဒီးနီးစ်ကို အဝေးကွင်းမှာ ဂိုးမရှိသရေကျခဲ့လို့ ရမှတ် ၂ မှတ် အကွာနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်ပြီး ရာသီဝက် ချန်ပီယံ ဖြစ်ခဲ့ပါသေးတယ်။ အခုပွဲအပြီးမှာ အေစီမီလန် တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ် ကိုယ်တိုင် ရှုံးပွဲအတွက် ဆင်ခြေ မပေးလိုကြောင်း တိုက်စစ်မှာ တစ်ဦးတည်း အထီးကျန်နေခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။ ပွဲပြီး အချက်အလက်တွေ ပြန်ကြည့်မယ်ဆိုရင်လည်း အေစီမီလန်တို့ တိုက်စစ်က ဂိုးပေါက် ခြိမ်းခြောက်မှု ၁၄ ကြိမ်မှာ ၂ ကြိမ်သာ ဂိုးပေါက်တည့်ပြီး အတ္တလန်တာတို့ ကတော့ ၁၈ ကြိမ်မှာ ဂိုးပေါက်တည့်မှုကတော့ ၇ ကြိမ်အထိ ရှိခဲ့ပါတယ်။ ဒီပွဲအပြီးမှာ အတ္တလန်တာ ကတော့ ၁၉ ပွဲကစား၊ ၁၀ ပွဲနိုင်၊ ၆ ပွဲ သရေ၊ ရှုံးပွဲ ၃ ပွဲနဲ့ ရမှတ် ၃၆ မှတ် ရရှိပြီး စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အေစီမီလန်တို့ လာမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့ မှာတော့ မီလန်မြို့ခံပြိုင်ဘက် အင်တာမီလန်နဲ့ ကိုပါအီတလီယာ ဖလား ကွာတားဖိုင်နယ် ကစားဖို့ ရှိပြီး အတ္တလန်တာ ကတော့ လာဇီယိုနဲ့ ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်