ဂျူဗင်တပ်စ် ၃ – ၁ လာဇီယို
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၂၆ ရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲအဖြစ် ဂျူဗင်တပ်စ်နဲ့ လာဇီယိုတို့ ကစားခဲ့ကြပြီး တူရင်သားတို့က အိမ်ကွင်းမှာ ၃-၁ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အခုပွဲ ရလဒ်ကြောင့် ဂျူဗင်တပ်စ်တို့ ၂၅ ပွဲကစားပြီး ရမှတ် ၅၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့သလို လာဇီယိုကတော့ အဆင့် ၇ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
ဂျူဗင်တပ်စ်တို့ အခုပွဲမှာ တိုက်စစ်က ခရစ္စတီယာနိုရော်နယ်ဒိုကို ပထမလူစာရင်းကနေ အနားပေးပြီး ကူလူဆက်ဗ်စကီးနဲ့ မိုရာတာကို တွဲဖက်ကာ ကွင်းလယ်မှာ ခီယေဇာ၊ ရာဘီရော့တ်၊ ရမ်ဆေး၊ ဘာနက်ဒက်ရှီ၊ နောက်တန်းမှာ ကွာဒွာဒို၊ ဒန်နီလို၊ ဒါမီရယ်၊ ဆန်ဒရို၊ ဂိုးမှာ ဆက်ဇီနီတို့နဲ့ ပွဲထွက်လာပါတယ်။ လာဇီယို ဘက်မှာတော့ ကော်ရီရာနဲ့ အင်မိုဘီလီကို အထောင်တိုက်စစ်မှူးနေရာမှာ ကစားစေပြီး ကွင်းလယ်မှာ ဖာရက်စ်၊ အဲလ်ဘတ်တို၊ လိုက်ဗာ၊ မီလန်ကိုဗစ်-ဆာဗစ်၊ လူလစ်၊ နောက်တန်းမှာ အကာဘီ၊ ဟိုးဒ်၊ မာရူဆစ်၊ ဂိုးမှာ ရိန်နာတို့ကို အသုံးပြုခဲ့ပါတယ်။ အသင်းကြီးနှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်တဲ့အတိုင်း ပွဲစတာနဲ့ တော်တော်လေးကို ကြည့်ကောင်းခဲ့ပြီး လာဇီယိုကတောင် ဂိုးပေါက်ခြိမ်းခြောက်မှု ပိုမိုပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါ့ကြောင့် ပွဲစပြီး ၁၄ မိနစ်မှာတင် လာဇီယိုတို့ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ကော်ရီရာ ကသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အိမ်ရှင် ဂျူဗင်တပ်စ်တို့ ချေပဂိုးရရှိဖို့ အစွမ်းကုန် ရုန်းကန်လာခဲ့လို့ ပွဲချိန် ၃၉ မိနစ်မှာ မိုရာတာရဲ့ ပံ့ပိုးပေးမှုကနေ ရာဘီရော့တ်က ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာ လာဇီယိုတို့ ကစားသမား အပြောင်းအလဲ တချို့ပြုလုပ်ခဲ့ပါတယ်။ လိုက်ဗာအစား အက်စ်ကယ်လန်တီ ဝင်လာခဲ့ပြီး လူလစ်အစား ပက်ထရစ် ကို လူစားအပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်း သွင်းဂိုး ထပ်ရခဲ့တာကတော့ ဂျူဗင်တပ်စ်တို့ပဲ ဖြစ်ပြီး ၅၇ မိနစ်မှာ ခီယေဇာရဲ့ ဂိုးဖန်တီးမှုကနေ အဲလ်ဗာရို မိုရာတာ ဒုတိယဂိုး ထပ်မံသွင်းယူပေးခဲ့ပြီး မိနစ် ၆၀ မှာလည်း မိုတာကပဲ ပင်နယ်တီက တစ်ဆင့် တတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ ဧည့်သည် အသင်းအနေနဲ့ ချေပဂိုး ရရှိဖို့အတွက် ကစားအားပိုမြှင့်ခဲ့ပေမယ့် ၃-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင် လာဇီယိုတို့ တစ်ပွဲလုံး ဂိုးပေါက် ခြိမ်းခြောက်မှု ၁၅ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂျူဗင်တပ်စ်တို့ကတော့ ၇ ကြိမ် ပဲ ပြုလုပ်နိုင်ခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို ပထမလူစာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိလို့ တိုက်စစ်က အစောပိုင်းမှာ ဂိုးရဖို့ တော်တော်လေး ရုန်းကန်ခဲ့ရတာတွေ့ရပြီး လာဇီယိုရဲ့ ထိုးဖောက်မှုတွေကိုတောင် ဂိုးသမား ရှက်ဇီနီ အနေနဲ့ ၄ ကြိမ်ထက်မနည်း ကာကွယ်ခဲ့ရတာ တွေ့ရပါတယ်။ အခုပွဲမှာ ဂျူဗင်တပ်စ်တို့ အနိုင်ရခဲ့တာဟာ တန်ပြန်တိုက်စစ် အလုပ်ဖြစ်ခဲ့လို့ ဖြစ်ပြီး ထိုက်တန်တဲ့ အနိုင် ၃ မှတ်ကို အရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်တို့ အခုနိုင်ပွဲကြောင့် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၃ နေရာကနေ ထိပ်ဆုံးက မီလန် မြို့ခံပြိုင်ဘက် နှစ်သင်းကို အကောင်းဆုံး ဖိအားဆက်ပေးနိုင်ခဲ့ပါတယ်။ လာဇီယိုကတော့ စီးရီးအေ အမှတ်ပေးဇယား ၇ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပြီး ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ခက်ခဲနေခဲ့ပါပြီ။
လာမယ့်ပွဲစဉ်များ
ဂျူဗင်တပ်စ်တို့ လာမယ့် ကြားရက်မှာ ပေါ်တိုနဲ့ ချန်ပီယံလိဂ် ဒုတိယ အကျော့ပွဲစဉ် ကစားဖို့ ရှိနေပြီး လာဇီယိုကတော့ ခရိုတိုနီနဲ့ စီးရီးအေ ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.