နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အူးဒီးနီးစ်ကိုရှုံးပြီး စီးရီးအေချန်ပီယံဖြစ်ဖို့ ထပ်စောင့်ရဦးမယ့် ဂျူဗင်တပ်စ်

Udinese 2-1 Juventus

အူးဒီးနီးစ်ကို အနိုင်ရရင် လက်ကျန်ပွဲစဉ် ၃ပွဲအလိုမှာ အမှတ်ပေးဇယားဒုတိယနေရာက အတ္တလန္တာကို ၉မှတ် ဖြတ်ပြီး ၉နှစ်ဆက်ချန်ပီယံဘွဲ့ကို သိမ်းပိုက်နိုင်မှာဖြစ်ပေမယ့် ဂျူဗင်တပ်စ်တို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ လက်ရှိစီးရီးအေချန်ပီယံအတွက် ၅ပွဲမြောက် ရှုံးပွဲလည်းဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံချိန်တိုင်း အသာရခဲ့တဲ့ ဂျူဗင်တပ်စ်တို့ ဒီပွဲမှာ ဒီလစ်ဂ်ျရဲ့ သွင်းဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် အူးဒီးနီးစ်ရဲ့ တန်းဆင်းဇုံ ရုန်းအားကြောင့် ချေပဂိုးနဲ့ အနိုင်ဂိုးပြန်ပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ပွဲအပြီးမှာလည်း နည်းပြဆာရီအနေနဲ့ အသင်းရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာအားနည်းချက်တွေရှိခဲ့တယ်လို့ ၀န်ခံ‌သွားပါတယ်။လာမယ့်ပွဲစဉ်တွေမှာ အခုရှုံးပွဲကို သင်ခန်းစာယူပြီး ပြန်အဆင်ပြေအောင်ကြိုးစားသွားရမယ်လို့ပြောကြားခဲ့ပါတယ်။အူးဒီးနီးစ်အနေနဲ့ အနိုင်ရလဒ်ကြောင့် စီးရီး‌ အေတန်းဆင်းဇုံ အန္တရာယ်အတွက် ဖိအားအနည်းငယ်‌ေလျာ့သွားခဲ့ပါတယ်။

 

အထင်ကရအချက်အလက်

အူးဒီးနီးစ်အနေနဲ့ အနိုင်ရလဒ်ကြောင့် စီးရီးအေတန်းဆင်းဇုံ အန္တရာယ်အတွက် ဖိအားအနည်းငယ်‌ေလျာ့သွားခဲ့ပါတယ်။
တန်းဆင်းဇုန်က‌‌ေန လွတ်မြောက်‌ဖို့ အူးဒီးနီးစ်အတွက် အရေးပါခဲ့တဲ့ ဖိုဖာနာရဲ့ အနိုင်ဂိုး

ဒီပွဲမတိုင်ခင် အင်တာမီလန်က ဖီအိုရင်တီးနားကို ဂိုးမရှိသရေကျခဲ့လို့ ဂျူဗင်တပ်စ်တို့ ၉နှစ်ဆက် စကူဒက်တိုချန်ပီယံဆုအတွက် အကောင်းဆုံးအခွင့်အရေးရခဲ့ပါတယ်။ပွဲစဉ်အစမှာလည်း ဂျူဗင်တပ်စ်တို့ အိမ်ရှင်အသင်းဘက်ကိုအကောင်းဆုံးဖိအားပေးတိုက်စစ်ဆင် ကစားခဲ့ပြီး နောက်ခံလူ ဒီလစ်ဂ်ျက ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ဂျူဗင်တပ်စ်တို့ သိသိသာသာ ‌ခြေကျသွားခဲ့ပြီး အူးဒီးနီးစ်တို့ ပြန်လည်ထိုးဖောက်လာနိုင်ခဲ့ပါတယ်။ပွဲချိန် ၅၂မိနစ်မှာတော့ နက်စတိုရော့ဗ်စကီးက ခေါင်းတိုက်ဂိုးနဲ့အတူ ချေပပေးခဲ့ပြီး ပွဲရဲ့ အခြေအနေလည်းပြောင်းလဲသွားခဲ့ပါတယ်။အူးဒီးနီးစ်တို့ ဂျူဗင်တပ်စ်ဘက်ကို ပြန်လည်ဖိအားပေးနိုင်ခဲ့ပြီးတော့ ပွဲပြီးဆုံးလို့ နာကျင်အချိန်ပို နှစ်မိနစ်အရောက်မှာ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ဖိုဖာနာက အကောင်းဆုံးအဆုံးသတ်သွားခဲ့ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ နတ်စတိုရော့ဗ်စကီးက ရရှိသွားခဲ့ပါတယ်။ခြေစွမ်းမပြနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာလည်း သွင်းဂိုးမရခဲ့လို့ အခုရာသီ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုရရှိဖို့ အတွက် လာဇီယိုတိုက်စစ်မှူး အင်မိုဘီလေးရဲ့ ၁ဂိုးအသာနဲ့ ဦးဆောင်မှုလည်းခံခဲ့ရပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဂျူဗင်တပ်စ်ဟာလာမယ့် ပွဲစဉ်အဖြစ် ဆမ်ဒိုးရီးယားအသင်းကိုအိမ်ကွင်း၊ကယ်ဂလီယာရီကိုအဝေးကွင်း၊ ရိုးမားအသင်းကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။လက်ကျန်ပွဲစဉ်တွေအရတော့ အတ္တလန္တာနဲ့ အင်တာမီလန်တို့ ပွဲကြပ်နေလို့ ဂျူဗင်တပ်စ်တို့ စီးရီးအေချန်ပီယံဖြစ်ဖို့ သေချာနေဆဲဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်