နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်းလိုက် ကစားပုံကောင်းခဲ့ပြီး ဂျီနိုအာကို ဂိုးပြတ်အနိုင်ရတဲ့ ဂျူဗင်တပ်စ် – စီးရီးအေ ပွဲပြီးသုံးသပ်ချက်

ဂျူဗင်တပ်စ် ၃ – ၁ ဂျီနိုအာ

မနေ့ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်တစ်ပွဲမှာတော့ ဂျူဗင်တပ်စ်တို့ ဂျီနိုအာကို အိမ်ကွင်းမှာ ၃-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရေး သေချာအာရုံစိုက်ကစားနေတဲ့ ဂျူဗင်တပ်စ်တို့ အမှားအယွင်းမရှိပဲ သက်တောင့်သက်သာ အနိုင်ရခဲ့ပြီး စီးရီးအေ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

ချန်ပီယံလိဂ်ကို နှုတ်ဆက်ခဲ့ရသလို ၉ နှစ်က အပိုင်သိမ်းထားခဲ့တဲ့ စီးရီးအေ ချန်ပီယံဆုကိုလည်း လက်လွှတ်ရဖို့ ရာခိုင်နှုန်းများနေတဲ့ ဂျူဗင်တပ်စ်တို့ အကောင်းပုံစံနဲ့ နိုင်ပွဲတွေ ပြန်ရနေပါတယ်။ ဇယားထိပ်က မီလန် မြို့ခံပြိုင်ဘက် နှစ်သင်းဟာ အခုတစ်ပတ် မှာလည်း နိုင်ပွဲကိုယ်စီ ရသွားခဲ့လို့ အမှတ်ကွာဟမှု မရှိစေရေး ဂျူဗင်တပ်စ်တို့ သေချာပြင်ဆင် လာခဲ့တာ တွေ့ရပါတယ်။ တိုက်စစ်မှာ ထုံးစံအတိုင်း အဲလ်ဗားရိုး မိုရာတာနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကို ထားပြီး  ကွင်းလယ် မှာ ချီယေဆာ၊ ဘန်တန်ကာ၊ ရာဘီရု့တ်၊ ကူလူဆက်ဗ်စကီး၊ နောက်တန်းမှာ ကွာဒွာဒို၊ ဒီလစ်ဂျ်၊ ချီလီနီ၊ ဒန်နီလို၊ ဂိုးမှာ ဆက်ဇီနီတို့နဲ့ ပွဲထွက်လာပါတယ်။ ဂျီနိုအာ ဘက်မှာတော့ ပန်ဒက်ဖ်၊ ဇာပါကော်စတာ၊ ဘက်ရာမီတို့လို ဝါရင့် ကစားသမားကြီးတွေနဲ့ ပွဲထွက်လာပြီး ဂျူဗင်တပ်စ်ရဲ့ လျင်မြန်မှုတွေကို ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ပွဲစပြီး ၄ မိနစ်မှာတင် ရော်နယ်ဒို ဖန်တီးပေးလိုက်တဲ့ ဘောလုံးကတစ်ဆင့် ကွာဒွာဒိုပေးပို့တာကို ကူလူဆက်ဗ်စကီး က ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ၂၂ မိနစ်မှာ မိုရာတာက ဒုတိယဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်း အပြီးမှာ ဂျူဗင်တပ်စ်တို့ ၂-၀ နဲ့ ဦးဆောင်နေပါတယ်။ ဒုတိယပိုင်းမှာလည်း ဂျူဗင်တပ်စ်တို့ပဲ ပွဲကို စိုးမိုးထားနိုင်ပေမယ့် မထင်မှတ်တဲ့ အနေအထား ကနေ ဂျီနိုအာတို့ ချေပဂိုး ရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ၄၉ မိနစ်မှာ ဆကာမက်ကာ က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ပွဲလုံး ထိုးဖောက် တိုက်စစ်ဆင်မှုတွေ ပြုလုပ်နေတဲ့ ဂျူဗီတို့ နောက်ထပ် သွင်းဂိုး ထပ်ရသွားပြီး ဒန်နီလို ချိန်သားကိုက် ပေးပို့တဲ့ ဘောလုံးကို မက်ကင်နီက အပိုင်ကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ ဂျူဗင်တပ်စ်တို့ အနိုင်ရလဒ်ကို ထိန်းကစားသွားလို့ ၃-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲမတိုင်ခင်ကတည်းက စီးရီးအေ တန်းဆင်းဇုန် ပြသနာရှိနေတဲ့ ဂျီနိုအာတို့ လက်ရှိမှာ အဆင့် ၁၇ နေရာက တိုရီနို အသင်းနဲ့ ၅ မှတ်အထိ ကွာဟသွားခဲ့ပါပြီ။
စီးရီးအေ ၂ ပွဲဆက် နိုင်ပွဲပျောက်ဆုံးသွားတဲ့ ဂျီနိုအာ

 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲမှာ ဂျူဗင်တပ်စ် တိုက်စစ်က ခရစ္စတီယာနို ရော်နယ်ဒို ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဂျီနိုအာရဲ့ ခံစစ်ကို အကောင်းဆုံး ဒုက္ခပေးသွားလို့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဂျူဗင်တပ်စ်မှာ နောက်ဆုံး ၅ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့တဲ့ မိုရာတာ ဂိုးပေါက် ပြန်တွေ့ခဲ့ပြီး တိုက်စစ် ကစားသမားတွေလည်း တော်တော်လေး ခြေစွမ်း ပြနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီပွဲမတိုင်ခင်ကတည်းက စီးရီးအေ တန်းဆင်းဇုန် ပြသနာရှိနေတဲ့ ဂျီနိုအာတို့ လက်ရှိမှာ အဆင့် ၁၇ နေရာက တိုရီနို အသင်းနဲ့ ၅ မှတ်အထိ ကွာဟသွားခဲ့ပါပြီ။ ရာသီအကုန်မှာ တန်းမဆင်းရဖို့အတွက် ဆိုရင် လက်ကျန် ပွဲစဉ်တွေမှာ မဖြစ်မနေ ရမှတ်တွေ ရှာဖွေနိုင်မှ ဖြစ်တော့မှာပါ။

 

လာမယ့် ပွဲစဉ်များ

ဂျူဗင်တပ်စ်တို့ လာမယ့် တစ်ပတ် စီးရီးအေ မှာ အတ္တလန်တာနဲ့ ကစားရမှာ ဖြစ်လို့ ပွဲကြပ်နေပြီး ဂျီနိုအာကလည်း အေစီမီလန်နဲ့ တွေ့ဆုံနေခဲ့လို့ ရုန်းကန်ရဦးမှာပါ။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်