နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တိုက်စစ်မှူးတွေ ခြေစွမ်းပြပြီး ဂိုးပြတ်နိုင်ပွဲပြန်ရှာတွေ့ခဲ့တဲ့ ဂျူဗင်တပ်စ် – စီးရီးအေ ပွဲပြီးသုံးသပ်ချက်

ဂျူဗင်တပ်စ် ၃ – ၀ စပီဇီယာ

ယနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ဂျူဗင်တပ်စ်တို့ စပီဇီယာကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး အဖိုးတန် ၃ မှတ် ရရှိသွားခဲ့ပါတယ်။ ဂျူဗင်တပ်စ်တို့ အခုနိုင်ပွဲကြောင့် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး စပီဇီယာကတော့ အဆင့် ၁၆ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။

ဂျူဗင်တပ်စ်တို့ အခုပွဲစဉ်မှာ တိုက်စစ်က ခရစ္စတီယာနိုရော်နယ်ဒို၊ ကူလူဆက်ဗ်စကီး တို့ကို ဦးဆောင်စေပြီး ကွင်းလယ်မှာ ချီယေဇာ၊ ဘန်တန်ကာ၊ ရာဘီယော့တ်၊ မက်ကင်နီ၊ နောက်တန်းမှာ ဒန်နီလို၊ ဒါမီရယ်၊ ဆန်ဒရို၊ ဖရက်ဘော့တာ၊ ဆက်ဇီနီတို့နဲ့ ပွဲထွက်လာပါတယ်။ စပီဇီယာ ဘက်မှာတော့ ကစားသမားတွေ အားလုံးနီးပါး ဒဏ်ရာ ပြသနာ ကင်းရှင်းနေလို့ လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲစတာနဲ့ ဂျူဗင်တပ်စ်တို့ စပီဇီယာ ဘက်ကို တစ်ဘက်သတ် ဖိအားပေး ကစားနိုင်ခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှု တော်တော်များများ ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးမရရှိပဲ ဖြစ်နေခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ပထမပိုင်းအပြီးမှာ ဂိုးမရှိသရေ ဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဂျူဗင်တပ်စ်တို့ ကစားသမား အပြောင်းအလဲ တချို့ ပြုလုပ်ခဲ့ပြီး ကစားပုံပိုသွက်လာခဲ့ပါတယ်။ ဖရက်ဘော့တာ အစား ဘာနာဒက်ရှီ၊ မက်ကင်နီအစား မိုရာတာ ဝင်ရောက်လာခဲ့ပါတယ်။ ၆၂ မိနစ် အရောက်မှာတော့ ဂျူဗင်တပ်စ်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး ဒီဂိုးကိုတော့ ဘာနက်ဒက်ရှီရဲ့ ဖန်တီးပေးပို့မှုကနေ အဲလ်ဗာရို မိုရာတာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၇၁ မိနစ်မှာတော့ ဖက်ဒရီကို ချီယေဇာက တစ်ကိုယ်တော် စွမ်းရည်နဲ့သွင်းယူပေးခဲ့လို့ ဂျူဗီတို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ပါတယ်။ ၂ ဂိုးခွင့်ပြုရပြီးနောက်မှာ စပီဇီယာတို့ ကစားသမား အပြောင်းအလဲ တချို့ လုပ်ခဲ့ပေမယ့် စိတ်ဓာတ် တော်တော်လေး မြင့်နေခဲ့တဲ့ ဂျူဗီကို ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့ပဲ ပွဲချိန် ၈၉ မိနစ်မှာ ခရစ္္စတီယာနို ရော်နယ်ဒို က တတိယဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

စပီဇီယာ ကတော့ ၂၅ ပွဲကစား အပြီးမှာ ရမှတ် ၂၅ မှတ်နဲ့ အဆင့် ၁၆ နေရာမှာ ရပ်တည်ခဲ့ပြီး ရာသီအကုန်မှာ စီးရီးအေ ကနေ တန်းမဆင်းသွားရဖို့ ရုန်းကန်ရတော့မှာလည်း ဖြစ်ပါတယ်။
စီးရီးအေ ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ စပီဇီယာ

 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲမှာ ပြီးခဲ့တဲ့ ပွဲမှာ ဗီရိုနာနဲ့ သရေကျခဲ့လို့ ရမှတ်ဆုံးရှုံးခဲ့ရတဲ့ ဂျူဗီတို့ အခုပွဲမှာ အဖိုးတန် ၃ မှတ်ကို အရယူနိုင်ခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် ဂျူဗင်တပ်စ်တို့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၃ နေရာကနေ ထိပ်ဆုံး က မီလန် ပြိုင်ဘက် နှစ်သင်းကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ စပီဇီယာ ကတော့ ၂၅ ပွဲကစား အပြီးမှာ ရမှတ် ၂၅ မှတ်နဲ့ အဆင့် ၁၆ နေရာမှာ ရပ်တည်ခဲ့ပြီး ရာသီအကုန်မှာ စီးရီးအေ ကနေ တန်းမဆင်းသွားရဖို့ ရုန်းကန်ရတော့မှာလည်း ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဂျူဗင်တပ်စ်တို့ မတ်လ ၇ ရက်နေ့မှာ လာဇီယိုနဲ့ စီးရီးအေ ပွဲစဉ် ကစားဖို့ ရှိနေပြီး စပီဇီယာကတော့ ဘန်နီဗန်တိုနဲ့ ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်