စီးရီးအေ ထိပ်သီး ကလပ် အေစီမီလန် ကတော့ မန်ချက်စတာယူနိုက်တက် တောင်ပံ တိုက်စစ် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီသတင်း ကိုတော့ အပြောင်းအရွှေ့ ကိစ္စတွေနဲ့ ပတ်သတ်လာရင် ယုံကြည်ရတဲ့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြခဲ့တာ ဖြစ်ပြီး အေစီမီလန်က အင်္ဂလန် ကစားသမား ကို ရာသီကုန် အထိ အငှားစာချုပ် အပြင် အပြီးသတ် ခေါ်ယူခွင့်နဲ့ပါ ခေါ်ယူသွားချင်နေတာ ဖြစ်ကြောင်း သိရပါတယ်။
အေစီမီလန်က ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မှာလည်း အင်္ဂလန် တိုက်စစ်မှူး တမ်မီ အေဘရာဟမ်နဲ့ နောက်ခံလူ တိုမိုရီ တို့ကို ခေါ်ယူထားခဲ့သလို လက်ရှိ မှာလည်း အင်္ဂလန် လက်ရွေးစင်ဟောင်း ရက်ရှ်ဖို့ဒ် ကိုပါ ထပ်မံ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ် အရွယ် ယူနိုက်တက် အကယ်ဒမီထွက် ရက်ရှ်ဖို့ဒ်က ၂၀၁၅ ခုနှစ်မှာ ယူနိုက်တက် စီနီယာ အသင်းကြီး အတွက် စတင် ကစားခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒေါက်တာလေးက သူရဲ့ ခြေစွမ်းတွေက တသမတ်တည်း ထိန်းသိမ်းထားနိုင်ခြင်း မရှိသလို တဖြည်းဖြည်းလည်း ကျဆင်းလာတာကြောင့် ယူနိုက်တက် ဘက်က ရောင်းထုတ်ဖို့ အထိ စီစဉ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရက်ရှ်ဖို့ဒ် ကိုယ်တိုင်က စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေကြောင်း ပြောဆိုထားခဲ့ပြီး အပြောင်းအရွှေ့ သတင်းတွေလည်း အကျယ်လောင်ဆုံး ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
ဒီလို ယူနိုက်တက်နဲ့ရော နည်းပြ ဖြစ်သူ ရူဘင် အမော်ရင်နဲ့ပါ အဆင်မပြေတဲ့ ရက်ရှ်ဖို့ဒ်ကို အာဆင်နယ်၊ အေစီမီလန်၊ ဒေါ့မန်နဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေ ကပါ မျက်စိကျနေကြတာ ဖြစ်ပါတယ်။ ကလပ် အများစု ကတော့ ရက်ရှ်ဖို့ဒ်ကို ကနဦး အငှားနဲ့ ခေါ်ယူပြီးမှ အပြီးသတ် ခေါ်ယူလိုနေကြတာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ကို အေစီမီလန် အပြင် စီးရီးအေ ကလပ် နာပိုလီ ကလည်း စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဂါလာတာဆာရေးမှာ တစ်ရာသီ အငှားနဲ့ သွားရောက် ကစားနေတဲ့ ဗစ်တာ အိုဆင်မ်ဟန်ကို ခေါ်ယူနိုင်ဖို့ အတွက် ပေါင် ၂၃ သန်း + ရက်ရှ်ဖို့ဒ်နဲ့ ကမ်းလှမ်းဖို့ ရှိနေကြောင်း အစောပိုင်းမှာ သတင်းတွေ တက်ခဲ့ပါသေးတယ်။
လက်ရှိ မှာတော့ ရက်ရှ်ဖို့ဒ်ရဲ့ အေးဂျင့် ဖြစ်သူက အီတလီနိုင်ငံ မီလန်မြို့ကို ရောက်ရှိနေပြီး ကစားသမားရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဒီသတင်းတွေကို ဖာဘရီဇီယို ရိုမာနို အပြင် The Athletic တို့ကလည်း အတည်ပြုခဲ့ပြီး ကစားသမားရဲ့ အေးဂျင့်ဟာ မီလန်နဲ့ ဆွေးနွေး အပြီး လာမယ့် ရက်ပိုင်း အတွင်းမှာ ဒေါ့မန် အပြင် တခြားသော ကလပ်တွေနဲ့ပါ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။ စီးရီးအေ ထိပ်သီး အေစီမီလန် ကတော့ ချူကွီဇီကို ရောင်းထုတ်ဖို့ ရှိနေတာကြောင့် ရက်ရှ်ဖို့ဒ် ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။
အေစီမီလန်နဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြပြီး ယခင် ကလည်း နောက်ခံလူ ဒီယိုဂို ဒါးလော့တ်ကို တစ်ရာသီ အငှားချခဲ့ဖူးပါတယ်။ လက်ရှိမှာ အေစီမီလန်နဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အပြောင်းအရွှေ့က အထမြောက်နိုင်ချေ ရှိနေပေမယ့် ရက်ရှ်ဖို့ဒ်ရဲ့ မြင့်မားတဲ့ လုပ်ခ လစာ ကိစ္စ ကိုတော့ ညှိနှိုင်းသွားရဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.