ဒယ်လိုဖူကို စိတ်ဝင်စားနေတဲ့ ဗီလာ၊ အကောင်းဆုံး ပုံစံနဲ့ ပြန်လာမယ့် လူကာကူ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂ ရက်နေ့ အတွက် ရရှိထားသမျှ နောက်ဆုံးရ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အူဒီးနီးစ် တောင်ပံကစားသမားကို စိတ်ဝင်စားနေတဲ့ ဗီလာ
စီးရီးအေ ကလပ် အူဒီးနီးစ်ရဲ့ ကွင်းလယ် တိုက်စစ် ဂျရတ် ဒယ်လိုဖူကို ခေါ်ယူဖို့ အက်စတွန်ဗီလာက စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။
ဒယ်လိုဖူဟာ ပရီးမီးယားလိဂ်မှာ လာရောက် ကစားခဲ့ဖူးတဲ့ ကစားသမား ဖြစ်ပြီး လက်ရှိအချိန် မှာတော့ အက်စတွန်ဗီလာ နည်းပြ အူနိုင်း အမ်မရီက ဒီကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ စပိန် လက်ရွေးစင်ဟောင်းက အဲဗာတန်နဲ့ ဝက်ဖို့ဒ် တို့လို အသင်းတွေမှာ ကျင်လည်ခဲ့ဖူးတာကြောင့် ပရီးမီးယားလိဂ်နဲ့ လျင်လျင်မြန်မြန် အသားကျနိုင်မယ်လို့ အမ်မရီက တွက်ဆထားတာ ဖြစ်ပါတယ်။ လောလောဆယ် မှာတော့ ဒယ်လိုဖူ တစ်ယောက် အူးဒီးနီးစ် အတွက် ၁၅ ပွဲ ကစား၊ ၂ ဂိုး သွင်းကာ၊ ဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပါတယ်။
အသက် (၂၈) နှစ် အရွယ် ဒီကစားသမား အတွက် အူဒီးနီးစ်က ပြောင်းရွှေ့ကြေး ပေါင် (၁၇) သန်း သတ်မှတ်ထားပါတယ်။ ဒယ်လိုဖူကို ခေါ်ယူဖို့ အတွက်လည်း ပြီးခဲ့တဲ့ ရာသီက အေစီမီလန်နဲ့ နာပိုလီတို့က စိတ်ဝင်စားခဲ့ဖူးပါသေးတယ်။
လူကာကူ အကောင်းဆုံး ပုံစံနဲ့ ပြန်လာမယ်လို့ အင်တာမီလန် အသင်းဖော် ဖွင့်ဟ
အင်တာမီလန် နောက်ခံလူ ဖရန်ဆစ္စကို အကာဘီက အသင်းဖော် တိုက်စစ်မှူး ရိုမီလူ လူကာကူဟာ အကောင်းဆုံး ပုံစံနဲ့ ပြန်လာနိုင်မှာဖြစ်ကြောင်း ချီးကျူးအားပေးခဲ့ပါတယ်။
လူကာကူဟာ ပြီးခဲ့တဲ့ နွေမှာ ချဲလ်ဆီး ကနေ စီးရီးအေကို အငှားနဲ့ ပြန်လည် ရောက်ရှိလာခဲ့ပေမယ့် အင်တာမီလန်မှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ အခုရာသီမှာ အင်တာမီလန် အတွက် စီးရီးအေ ပွဲစဉ် ၄ ပွဲပဲ ပါဝင် ကစားထားပြီး ၁ ဂိုးသွင်းကာ၊ ၁ ဂိုး ဖန်တီးပေးထားသူ ဖြစ်ပါတယ်။
ဗယ်လာဒိုးလစ် နောက်ခံလူကို စိတ်ဝင်စားနေတဲ့ ဂျူဗင်တပ်စ်
ဂျူဗင်တပ်စ်ဟာ ဗယ်လာဒိုးလစ်ရဲ့ ညာနောက်ခံလူ အိုင်ဗန် ဖရက်စ်နက်ဒါကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။ အဆိုပါ ကစားသမားကို ခေါ်ယူဖို့ နယူးကာဆယ် ကလည်း စိတ်ဝင်စားနေတာပါ။
စီးရီးအေ ကလပ်ဟာ စပိန် ယူ-၁၉ ကစားသမားလေး အတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၀) သန်း ဝန်းကျင် အသုံးပြုရဖွယ် ရှိနေပါတယ်။
အသက် (၁၈) နှစ် အရွယ် ဖရက်စ်နက်ဒါဟာ ရီးရဲလ်မက်ဒရစ် အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၁၈) မှာ လီဂါနက်စ်နဲ့ (၂၀၂၀) မှာ ဗယ်လာဒိုးလစ် တို့ကို အဆင့်ဆင့် ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.