အတ္တလန္တာ – စပီဇီယာ
အခုတစ်ပတ်စီးရီးအေပွဲစဉ်၁၃ မှာတော့ အတ္တလန္တာနဲ့ စပီဇီယာတို့ ထိပ်တိုက် တွေ့ဆုံဖို့ ရှိနေပါတယ်။ရလဒ်ကောင်းရနေတဲ့ အတ္တလန္တာဆီကနေစပီဇီယာတို့ အမှတ်ခွဲယူနိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အတ္တလန္တာရဲ့ နောက်ပိုင်းအခြေအနေကအတက်ဘက်မှာရှိနေသလိုတိုက်စစ်ကထက်မြက်နေဆဲပါပဲ။ ဧည့်သည် စပီဇီယာကတော့ ခံစစ်ဦးစားပေးကစားတတ်တဲ့အသင်းပီပီတန်ပြန်တိုက်စစ်ကိုပဲအားပြုကစားဖို့ သေချာပေါက်ပြင်ဆင်လာမှာပါ။
အတ္တလန္တာဆိုရင် တိုက်စစ်ဦးစားပေးကစားတတ်တဲ့အသင်းဆိုတာအားလုံးလက်ခံထားကြပါလိမ့်မယ်။ လက်ရှိမှာလည်းပွဲစဉ် ၁၂ပွဲကစားပြီးချိန်မှာရှုံးပွဲ ၂ပွဲတည်းသာရှိထားတဲ့ အသင်းပါ။ခံစစ်တိုက်စစ်အမျှတဆုံးကစားတတ်တဲ့အသင်းဖြစ်သလိုတန်ပြန်တိုက်စစ်အားကောင်းတဲ့အသင်းလည်းဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံနောက်ဆုံး၅ပွဲမှာရှုံးပွဲလုံးဝမရှိခဲ့ဘဲ၃ပွဲသရေ၊ ၂ပွဲနိုင်နဲ့ပွဲတိုင်းဂိုးသွင်းထားနိုင်ခဲ့တာကိုသတိပြုရမှာပါ။အဓိကကစားသမားတွေအားလုံးကြံ့ခိုင်မှုအပြည့်ရှိနေခြင်းကလည်းအိမ်ကွင်းမှာပိုပြီးအခွင့်အရေးသာစေမှာလည်းဖြစ်ပါတယ်။ ပုံမှန်ပွဲထွက်နေကြအတိုင်းဇာပါတာနဲ့အီလီဆစ်တို့ကတိုက်စစ်ကိုဦးဆောင်လာနိုင်ပြီးပါဆာလစ်၊ ဇာပါကော်စတာ၊ ပတ်ဇ်ဇယ်လာ၊ ဒီရွန်တို့နဲ့အတူပွဲထွက်လာဖို့ရှိနေပါတယ်။ ဒါပေမဲ့ ရှုံးပွဲတွေ့ထားတဲ့ ၂ပွဲ က အိမ်ကွင်းရှုံးပွဲတွေဖြစ်နေတာကိုသတိထားရမှာပါ။ အိမ်ကွင်း၆ပွဲကစားပြီးချိန်မှာ၁ပွဲနိုင်၊ ၃ပွဲသရေ၊ ၂ပွဲရှုံးဆိုတဲ့ ရလဒ်မှာ၈ဂိုးသွင်း၉ဂိုးပြန်ပေးထားရတဲ့အခြေအနေကစိုးရိမ်စရာအခြေအနေဖြစ်နေပါတယ်။ဒါပေမဲ့စီးရီးအေပွဲစဉ်အမှတ်ပေးဇယားထိပ်ပိုင်းကိုထပ်ရောက်ဖို့အတွက် အတ္တလန္တာတို့အမှားခံမှာမဟုတ်တာတော့ သေချာပါတယ်။
၁၂ပွဲကစားပြီးချိန်မှာရှုံးပွဲ ၇ပွဲရှိထားတဲ့ စပီဇီယာရဲ့ခြေစွမ်းကယုံကြည်ရလောက်တဲ့အခြေအနေမှာရှိမနေပါဘူး။ အထူးသဖြင့် ကစားသမားအင်အားစုဖွဲ့မှုအပိုင်းမှာအတ္တလန္တာလိုအသင်းမျိုးယှဉ်ဖို့ဆိုတာမဖြစ်နိုင်တာပါ။ ခံစစ်ဦးစားပေးကစားပေမယ့် ကစားသမားလိုအပ်ချက်ကြောင့် ပေးဂိုးများနေတဲ့အသင်းဖြစ်နေပါတယ်။ ၁၂ပွဲမှာ ၂၆ ဂိုးပေးထားရတဲ့ ခံစစ်ပိုင်းကအခြေအနေဆိုးရွားနေတယ်လို့ပဲပြောရမှာပါ။ အထူးသဖြင့်ပျှမ်းမျှတစ်ပွဲဂိုးရရှိမှု၁. ၆အထိရှိနေတဲ့အတ္တလန္တာရဲ့တိုက်စစ်ကိုပွဲချိန်ပြည့်တောင့်ခံဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဘိုယူရာဘီယာဒဏ်ရာပြဿနာရှိနေသလိုနီကိုလာယူပွဲပယ်ရှိနေတာတွေကအသင်းကိုပိုပြီးအခက်အခဲဖြစ်စေနိုင်ပါတယ်။ သတိထားရမယ့်အခြေအနေကအဝေးကွင်းရလဒ်တွေပါပဲ။ အဝေးကွင်း ၆ပွဲမှာ ၁ပွဲနိုင်၊ ၁ပွဲသရေ ၄ပွဲရှုံးရလဒ်ရရှိထားတဲ့အနေအထားကလိုအပ်ချက်မြင့်မားနေတာကိုသက်သေပြနေတာပါ။သေချာတာတစ်ခုကတော့စပီဇီယာအတွက်ကတော့အဝေးကွင်းမှာအမြင့်ဆုံးမျှော်လင့်နိုင်တာကသရေရလဒ်လို့ပဲပြောနိုင်ပါတယ်။အဝေးကွင်းသရေတစ်မှတ်အတွက်ပဲရည်မှန်းနိုင်တဲ့ စပီဇီယာအတွက်အခုစီးရီးအေပွဲစဉ်ကခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်လာမှာသေချာပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
အစဉ်အလာထိပ်တိုက်တွေ့မှု ၂ကြိမ်မှာစပီဇီယာတို့ ၂ကြိမ်လုံးအနိုင်ရထားခြင်းမရှိပါဘူး။ အတ္တလန္တာတို့ ၁ကြိမ်နိုင်၊ ၁ကြိမ်သရေရလဒ်ရရှိထားခဲ့တာပါ။ နောက်ဆုံးထိပ်တိုက်တွေ့ခဲ့တဲ့ပွဲမှာအတ္တလန္တာက ၃-၁ ဂိုးနဲ့အနိုင်ရရှိထားတာလည်းဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
အတ္တလန္တာ – စပီဇီယာ | အချိန်ပြည့် အိမ်ရှင် ၁X၂ @ ၁.၂၅ | |
နိုဝင်ဘာလ၂၀ရက်၊ ည ၈:၃၀နာရီ ( GMT+ ၆:၃၀) |
1×2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက် ၁.၂၅ဆ၊ သရေအတွက် ၆.၂၀ဆ၊ ဧည်သည့်အသင်းအတွက် ၉.၂၅ဆ ကြေးဖွင့်ထားပါတယ်။ အသင်းနှစ်သင်းကြားကခြေစွမ်းအရဆိုရင် ကွာခြားမှုမြင့်လွန်းပါတယ်။ အထူးသဖြင့် အိမ်ရှင်အတ္တလန္တာရဲ့တိုက်စစ်ကိုစပီဇီယာတို့ ဘယ်လိုမှတောင့်ခံနိုင်ဖို့မလွယ်ပါဘူး။ အပြန်အလှန်သွင်းဂိုးတွေမြင်တွေ့ရနိုင်ခြေရှိနေပါတယ်။ တိုက်စစ်အသားပေးကစားတတ်တဲ့ အိမ်ရှင်အသင်းရဲ့ကစားပုံကြောင့် သွင်းဂိုးအများဘက်ကိုပိုပြီးဦးတည်သွားနိုင်ပါတယ်။ သေချာပေါက်ဂိုးအများဘက်ကိုရာခိုင်နှုန်းများနေတဲ့အခြေအနေမှာအိမ်ရှင်ကိုပဲအားပေးရမှာပါ။ အတ္တလန္တာကိုပဲဂိုးအများနဲ့ရွေးချယ်တာအသင့်တော်ဆုံးပါပဲ။ အတ္တလန္တာအနိုင်ရဖို့ သေချာသလောက် ရှိနေပါတယ်။
ခန့်မှန်းရလဒ် (၃-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.