နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မော်ရင်ဟို ပြန်ပြောလိုက်မှ အရှိုက်ပါ ထိသွားတဲ့ ကာဆာနို၊ ဂျရူးကို သေချာပေါက် စာချုပ်သစ် ချုပ်ဆိုဖို့ ရှိနေတဲ့ အေစီမီလန် (စီးရီးအေ နောက်ဆုံးရ သတင်းများ)

မော်ရင်ဟို ပြန်ပြောလိုက်မှ အရှိုက်ပါ ထိသွားတဲ့ ကာဆာနို၊ ဂျရူးကို သေချာပေါက် စာချုပ်သစ် ချုပ်ဆိုဖို့ ရှိနေတဲ့ အေစီမီလန် စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၁၀ ရက်နေ့ရဲ့ စီးရီး


အေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

တော်ကီကြွယ်တဲ့ မော်ရင်ဟို ပြန်ပြောမှ ကြေကွဲသွားရတဲ့ ကာဆာနို

အီတလီ လက်ရွေးစင်ဟောင်း အန်တိုနီယို ကာဆာနို ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ စီးရီးအေ ကလပ် ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုကို အသားလွတ် ဝေဖန်တိုက်ခိုက် ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။

ကာဆာနိုက မော်ရင်ဟိုနဲ့ ရီးရဲလ်မက်ဒရစ်တို့ သတင်းတွေ ထွက်နေတဲ့ အပေါ် မော်ရင်ဟိုက ဘောလုံး အကြောင်းကို ဘာမှ သိတဲ့သူ မဟုတ်ဘဲ သူ့ကို မခန့်အပ်သင့်ကြောင်း ပြောကြားခဲ့တာပါ။ အဲ့ဒါကြောင့်ပဲ မော်ရင်ဟိုက ကာဆာနိုက ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်နဲ့ ရိုးမား တို့မှာ ကစားခဲ့ဖူးကြောင်း၊ ရီးရဲလ်မက်ဒရစ်မှာ သူ့ကို အမှတ်ရနေမှာ ဆိုလို့ သူ့ရဲ့ အနွေးထည်ပဲ ရှိကြောင်း၊ ရိုးမား မှာလည်း သူရခဲ့တာက စူပါကိုပါဖလားပဲ ရှိကြောင်း၊ ဒါကိုလည်း သူတစ်ပွဲမှ မကစားခဲ့ရကြောင်းနဲ့ အင်တာမီလန် မှာလည်း ချစ်ကြည်ရေးဖလားကို တစ်ပွဲမှ မကစားဘဲ ရခဲ့ဖူးတာသာ ရှိကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။ 

ဆက်လက် ပြီးတော့လည်း အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်နဲ့ ရိုးမား တို့မှာ ကျွန်တော် ဘာတွေ ဆွတ်ခူးနိုင်ခဲ့တယ် ဆိုတာကို ခင်ဗျားတို့ သိကြောင်း၊ သူကသာ ကျွန်တော်နဲ့ ပတ်သက်လို့ ပြဿနာ ရှိနေနိုင်ပြီး ကျွန်တော် ကတော့ ပြဿနာ မရှိကြောင်း မော်ရင်ဟိုက ပြောကြားသွားခဲ့ပါတယ်။ 


အေစီမီလန်နဲ့ ပွဲအတွက် အိုဆင်ဟန်ရဲ့ ကြံ့ခိုင်မှု အခြေအနေကို စောင့်ကြည့်ရဦးမယ့် နာပိုလီ

နာပိုလီဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် အေစီမီလန်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲအတွက် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဗစ်တာ အိုဆင်ဟန်ရဲ့ ကြံ့ခိုင်မှုကို စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း သိရပါတယ်။ 

စီးရီးအေ
ခရီမိုနီစီ
အမ်ပိုလီ
1X2 ခရီမိုနီစီ @ 2.43
ခရီမိုနီစီ အာရှ ဟန်းဒီးကပ် -0.25 @ 2.16
ဂိုးပေါ် 2.50 @ 2.09
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အိုဆင်ဟန်ဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်မှာ နိုင်ဂျီးရီးယား လက်ရွေးစင် အသင်း အတွက် သွားရောက် ကစားရင်း ပေါင်ခြံ ဒဏ်ရာ ရရှိခဲ့ပါတယ်။ သူ့အနေနဲ့ ဒီဒဏ်ရာ ကနေ အမြန်ဆုံး သက်သာလာနိုင်ပြီး အေစီမီလန်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ကစားနိုင်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။ 

ဒါပေမယ့်လည်း စီးရီးအေ ကလပ်ရဲ့ နည်းပြ လူစီယာနို စပယ်လက်တီက အိုဆင်ဟန်ရဲ့ ကြံ့ခိုင်မှု အခြေအနေကို စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း၊ သူ့အနေနဲ့ ပြေးတဲ့ နေရာမှာ ပြဿနာ ရှိနေပြီး ရာသီ လက်ကျန် ပွဲအားလုံးကို လွဲချော်သွားနိုင်ကြောင်း၊ သူ့ရဲ့ ကြွက်သား အခြေအနေကို စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်းနဲ့ အခုချိန်မှာ အပေါ့စား အပြေးလေ့ကျင့်ခန်း ကိုသာ ပြုလုပ်နိုင်သေးကြောင်း ပြောကြားသွားခဲ့ပါတယ်။ 


ဂျရူးကို စာချုပ်သစ်ချုပ်ဆိုဖို့ သေချာနေတဲ့ အေစီမီလန်

ဒါ့အပြင် စီးရီးအေရဲ့ လက်ရှိ ချန်ပီယံ တို့က အခြားသော တိုက်စစ်မှူး တစ်ယောက် ဖြစ်တဲ့ ရာဖေးလ် လီယောင် ကိုလည်း စာချုပ်သက်တမ်းတိုးနိုင်ဖို့ အပူတပြင်း ကြိုးစားနေပါတယ်။
အေစီမီလန် အတွက် ခြေစွမ်းပြ ကစားပေးနေဆဲ ဖြစ်တဲ့ အိုလစ်ဗီယာ ဂျရူး

အေစီမီလန်ရဲ့ ဒါရိုက်တာ ရစ်ကီ မာဆာရာက မကြာခင်မှာ အသင်းရဲ့ တိုက်စစ်မှူး အိုလစ်ဗီယာ ဂျရူးရဲ့ စာချုပ်သစ်နဲ့ ပတ်သက်ပြီး တရားဝင် အတည်ပြု ကြေညာသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

အဆိုပါ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူးနဲ့ စီးရီးအေရဲ့ လက်ရှိ ချန်ပီယံတို့ အကြား စာချုပ် သက်တမ်းက လာမယ့် နွေရာသီမှာ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ မာဆာရာက ဂျရူးနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို အာရုံစိုက်နေပြီး မကြာခင်မှာ စာချုပ်သစ် ကိစ္စကို တရားဝင် ကြေညာမှာ ဖြစ်ကြောင်း၊ ဘရာဟင်မ် ဒီးယက်ဇ် အတွက်လည်း ရီးရဲလ်မက်ဒရစ်နဲ့ ဆွေးနွေးမှုတွေက အခြေအနေ ကောင်းနေကြောင်း ပြောကြားသွားခဲ့ပါတယ်။  

ဒါ့အပြင် စီးရီးအေ လက်ရှိ ချန်ပီယံ တို့က အခြားသော တိုက်စစ်မှူး တစ်ယောက် ဖြစ်တဲ့ ရာဖေးလ် လီယောင် ကိုလည်း စာချုပ် သက်တမ်းတိုးနိုင်ဖို့ အပူတပြင်း ကြိုးစားနေပါတယ်။ ဒါပေမယ့် ဝါရင့် တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်နဲ့ ဒဏ်ရာတွေကြောင့် ရုန်းကန်နေရတဲ့ အိုရီဂီ တို့ကိုတော့ လက်လွှတ်သွားဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်