ဖီအိုရင်တီးနား – ဂျီနိုအာ
စီးရီးအေ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့တဲ့ ဖီအိုရင်တီးနား အတွက် နိုင်ပွဲ ပြန်လည် ရှာဖွေနိုင်ဖို့ အခွင့်အရေးကောင်း တစ်ခု ဖြစ်ပြီး ဂျီနိုအာရဲ့ ခြေစွမ်း ပျက်ယွင်းနေမှုကို အသုံးချသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
ဒီရာသီမှာ တိုက်စစ်မှူး ဗလာဟိုဗစ်ရဲ့ ခြေစွမ်းပြမှုနဲ့ အတူ အသင်းလိုက် စုစည်းမှု အားကောင်းကောင်းနဲ့ ရလဒ်တွေ ကောင်းခဲ့တဲ့ ဖီအိုရင်တီးနားတို့ စီးရီးအေ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပါတယ်။ ဒါဟာ ဝေးကွာနေတဲ့ ဥရောပပြိုင်ပွဲ ဝင်ခွင့်ပြန်ရဖို့ ဖီအိုရင်တီးနား အတွက် စိုးရိမ်စရာ အခြေအနေ တစ်ခုလို့ ပြောရမှာ ဖြစ်ပြီး မဖြစ်မနေ နိုင်ပွဲ ပြန်ရှာနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဗင်ဆန်ဇို အီတာလီယာနို ကိုင်တွယ်နေတဲ့ ဖီအိုရင်တီးနားဟာ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ တိုရီနိုကို ၄ ဂိုးပြတ် ရလဒ်နဲ့ အရေးနိမ့်ထားပေမယ့် ပြီးခဲ့တဲ့ ကိုပါအီတလီယာ ဖလား ၁၆ သင်းအဆင့် မှာတော့ နာပိုလီကို အဝေးကွင်းမှာ ၂-၅ ရလဒ်နဲ့ အနိုင်ယူထားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့်ပဲ ကစားသမားတွေ အနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြန်လည် မြင့်တက်နေဖို့ များပြီး အားနည်းချက် များတဲ့ ဂျီနိုအာကို ကျိန်းသေပေါက် အလဲထိုးနိုင်စွမ်း ရှိနေပါလိမ့်မယ်။ လက်တလော အသင်းမှာ ဆော့ဖရန် အမ်ရာဘတ် ကလွဲလို့ ဒူဆန် ဗလာဟိုဗစ်၊ ကယ်လီဂျွန်၊ တော်ရိုင်းယား၊ အိုဒီရီယိုဇိုလာ၊ မီလန်ကိုဗစ်၊ ဒန်ကန်၊ ဗီရာကီတို့ အားလုံးကို ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။
စီးရီးအေ ပွဲစဉ် ၂၁ ပြီးဆုံးချိန် အထိ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး ၉ ပွဲ သရေ၊ ၁၁ ပွဲ ရှုံးနိမ့်ထားတဲ့ ဂျီနိုအာ ကတော့ ရာသီအကုန်မှာ တန်းဆင်းရနိုင်ချေ များနေတဲ့ အသင်း ဖြစ်ပါတယ်။ ဂျီနိုအာဟာ အမြင့်ဘော ကစားပုံ ကောင်းပြီး ဖြတ်တင်ဘော တွေကနေ ဂိုးရဖို့ ကြိုးပမ်းတတ်တဲ့ အသင်း ဖြစ်ပေမယ့် အဆုံးသတ် အပိုင်းမှာ အားနည်းချက် များစွာ ရှိနေသလို တစ်ဦးချင်း စွမ်းဆောင်ရည် ကောင်းတဲ့ ပြိုင်ဘက်နဲ့ တွေ့ရင်တော့ ခက်ခက်ခဲခဲ ရုန်းကန်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုး ရသွားရင် ခံစစ် ပိတ်ကစားတတ်လေ့ ရှိတာကိုတော့ ပြိုင်ဘက် ဖီအိုရင်တီးနားတို့ သတိထားရပါလိ့မ်မယ်။ နောက်ဆုံး သတင်းတွေ အရတော့ ဂျီနိုအာ ဘက်မှာ အဓိက ကစားသမားတွေ ဖြစ်တဲ့ မက်ခ်ဆီမိုဗစ်၊ ဆာပီ၊ အက်ကူဘန်၊ ကမ်ဘီယာဆိုတို့ ကိုဗစ် ၁၉ နဲ့ ဒဏ်ရာပြသနာတွေကြောင့် လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၂၃ ကြိမ်မှာ ဖီအိုရင်တီးနားတို့ ၈ ကြိမ် အနိုင်ရခဲ့ပြီး ဂျီနိုအာ ကတော့ ၂ ကြိမ်သာ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ထူးထူးခြားခြား ၁၃ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာလည်း သရေ ၃ ပွဲ အထိ ရှိခဲ့ပါတယ်။ ဒီရာသီ ပထမအကျော့ တွေ့ဆုံမှု မှာတော့ ဖီအိုရင်တီးနားက ၁-၂ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
ဖီအိုရင်တီးနား – ဂျီနိုအာ | အချိန်ပြည့် 1X2 အိမ်ရှင် @ 1.41 | |
ဇန်နဝါရီလ ၁၈ ရက်၊ ည ၂:၁၅ နာရီ (GMT+ ၆:၃၀) |
SBOTOP 1X2 မှာ ဖီအိုရင်တီးနား အတွက် ၁.၄၁ ဆ၊ သရေ အတွက် ၄.၄၀ ဆ၊ ဂျီနိုအာ အတွက် ၇.၆၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ ဖီအိုရင်တီးနားနဲ့ တွေ့ဆုံချိန်တိုင်းမှာ ဂျီနိုအာတို့ သရေ ခံကစားနိုင်ခဲ့တဲ့ အချက် ကလွဲရင် ကျန်အခြေအနေတွေ အားလုံး အရ ဖီအိုရင်တီးနားဟာ စိတ်ကြိုက် အသင်း ဖြစ်နေပါလိမ့်မယ်။ ဗလာဟိုဗစ် ဦးဆောင်တဲ့ တိုက်စစ်က ဂိုးမြူးနေလို့ နှစ်သင်းပေါင်း သွင်းဂိုး အများကို မျှော်လင့်ထားလို့ ရနိုင်နေပေမယ့် ဂျီနိုအာ တို့ ပိတ်ကစားနိုင်တာ ကိုတော့ သတိပြုရပါမယ်။ ဒါကြောင့် အရနည်းပေမယ့် အနိုင်သေချာတဲ့ ဖီအိုရင်တီးနား ဘက်ကနေပဲ ခြေစုံပစ် ရပ်တည်ရင်း ဆတင်ထိုးဖို့ အကြံပြုပါရစေ။
ခန့်မှန်းရလဒ် (၃-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.