ပေါ့ဘာကို ခေါ်ခဲ့တဲ့ ဂျူဗီကို ဝေဖန်ခဲ့တဲ့ ဂန္တဝင်ဟောင်း၊ အင်တာမီလန်နဲ့ အပြောင်းအရွှေ့ သတင်းတွေ အပေါ် ဒီပိုင်းရဲ့ ရှေ့နေ ဖွင့်ဟ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၉ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပေါ့ဘာကို ခေါ်ခဲ့တဲ့ ဂျူဗီကို ဝေဖန်ခဲ့တဲ့ ဂန္တဝင်ဟောင်း
ဒီဘားလားဟာ စီးရီးအေ အသင်း တစ်သင်းပဲ ဖြစ်တဲ့ ရိုးမားကို ပြောင်းရွှေ့ကာ လက်ရှိအချိန်မှာ ခြေစွမ်းကောင်းတွေ ပြသလျက် ရှိပါတယ်။
ဒါပေမယ့် ပေါ့ဘာ ကတော့ အသင်းကို ပြန်လည် ရောက်ရှိလာချိန်တည်းက ဒူးဒဏ်ရာ ပြဿနာကြောင့် လက်ရှိအချိန် အထိ အနားယူနေရပြီး ဒီဗီလီယိုက အခုလိုပဲ ဝေဖန် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အင်တာမီလန်နဲ့ အပြောင်းအရွှေ့ သတင်းတွေ အပေါ် ဒီပိုင်းရဲ့ ရှေ့နေ ဖွင့်ဟ
ဘာစီလိုနာ တိုက်စစ် ကစားသမား မမ်းဖစ် ဒီပိုင်းက စီးရီးအေ ကလပ် အင်တာမီလန်ကို ပြောင်းရွှေ့မယ့် သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် ကစားသမားရဲ့ ရှေ့နေ ဖြစ်သူက ငြင်းဆန်လိုက်ပါတယ်။
ဒါပေမယ့် ဒီပိုင်းရဲ့ ရှေ့နေ ဆီဘက်စတီယန်လီဂျူက ဒီပိုင်း အနေနဲ့ အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ မရှိကြောင်း၊ အနာဂတ် မှာလည်း ဒီလိုမျိုး ဆွေးနွေးနိုင်ချေ မရှိကြောင်း ဖြေရှင်းသွားခဲ့ပါတယ်။
ဆမ်ဒိုးရီးယား အတွက် ပထမဆုံး ပွဲပြန်ကစားပေးခဲ့တဲ့ ဟယ်ရီ ဝင့်ခ်
ပြီးခဲ့တဲ့ နွေမှာ ဟယ်ရီဝင့်ခ်ဟာ စပါးကနေ ဆမ်ဒိုးရီးယားကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် တံကောက်ကြော ဒဏ်ရာ ပြဿနာကြောင့် လက်ရှိအချိန်မှသာ အသင်းအတွက် ပြန်ကစားပေးနိုင်ခဲ့တာပါ။ တနင်္လာနေ့က အမ်ပိုလီကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ စီးရီးအေ အဝေးကွင်းပွဲမှာ ဟယ်ရီဝင့်ခ်က လူစားဝင် ကစားသမား အဖြစ် (၂၉) မိနစ်ကြာ ကစားပေးခဲ့ပြီး ဒါဟာ အသင်းသစ် အတွက် ပထမဆုံး ကစားပေးနိုင်ခဲ့တဲ့ ပွဲလည်း ဖြစ်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.