နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အကောင်းဆုံးခြေစွမ်းနဲ့ပေးဂိုးမရှိနိုင်ပွဲဆက်ခဲ့တဲ့အင်တာမီလန် (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

ဆလန်နီတန်နာ၀ – ၅အင်တာမီလန်

မနေ့ညကယှဉ်ပြိုင်ကစားသွားခဲ့တဲ့စီးရီးအေပွဲစဉ်၁၈ရဲ့အစောဆုံးပွဲစဉ်မှာတော့အင်တာမီလန်တို့ဆလန်နီတန်နာကိုအဝေးကွင်းမှာတိုက်စစ်ခြေစွမ်းပြပြီး၀-၅ရလဒ်နဲ့အနိုင်ရသွားခဲ့ပါတယ်။လက်ရှိချန်ပီယံတို့အကောင်းဆုံးခြေစွမ်းတွေနဲ့အတူစီးရီးအေပေးဂိုးမရှိ၅ပွဲဆက်အနိုင်ရရှိခဲ့တာဖြစ်ပြီးအမှတ်ပေးဇယားထိပ်ဆုံးကနေအမှတ်ဖြတ်ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

ဝါရင့်ကစားသမားရစ်ဘာရီဦးဆောင်တဲ့အိမ်ရှင်ဆလန်နီတန်နာတို့ခံစစ်အားပြုတဲ့၃-၅-၁-၁ကစားကွက်နဲ့ပဲပွဲထွက်လာခဲ့ပြီးအင်တာမီလန်ရဲ့တိုက်စစ်ကိုအကောင်းဆုံးခုခံကစားဖို့ရည်ရွယ်ခဲ့ပါတယ်။အင်တာမီလန်ကတော့နည်းပြဆိုင်မွန်အင်ဇာဂီရဲ့စိတ်ကြိုက်၃-၅-၂ကစားကွက်နဲ့ကိုမှတိုက်စစ်မှာဒီဂျက်ကိုနဲ့အလက်ဆစ်ဆန်းချက်ဇ်ကိုဦးဆောင်စေပြီးချလနောလူ၊ဘာရယ်လာ၊ဒမ်ဖရီးစ်၊ဘရိုဇိုဗစ်၊ပယ်ရီဆစ်ချ်တို့နဲ့လူစုံတက်စုံပွဲထွက်လာခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ဝူဗာဟမ်တမ်
ချဲလ်ဆီး
1X2 ဝူဗာဟမ်တမ်း @ 5.80
ချဲလ်ဆီး အာရှ ဟန်းဒီးကပ် -1.25 @ 2.44
ဂိုး‌အောက် 2.00 @ 2.38
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဆင့်၁နေရာကအသင်းနဲ့အဆင့်၂၀နေရာကအသင်းတို့ရဲ့ခြေစွမ်းကွာဟချက်ကြီးမားမှုကိုမြင်တွေ့ခဲ့ရပြီးအင်တာမီလန်တို့ပဲပွဲကစားချိန်အစအဆုံးအကောင်းဆုံးထိန်းချုပ်ကစားသွားနိုင်ခဲ့တယ်လို့ဆိုရပါမယ်။ချလနောလူနဲ့ဘရိုဇိုဗစ်တို့ရဲ့ကွင်းလယ်ကထုံးစံအတိုင်းလုပ်အားနှုန်းကောင်းကောင်းနဲ့တိုက်စစ်အတွက်ပံ့ပိုးမှုတွေပြုလုပ်သွားခဲ့ပြီးဒမ်ဖရီးစ်နဲ့ပယ်ရီဆစ်ချ်တို့ရဲ့တောင်ပံနှစ်ဖက်ကလည်းဆလန်နီတန်နာနောက်ခံလူတွေကိုပွဲချိန်အများစုမှာအလုပ်ရှုပ်စေနိုင်ခဲ့ပါတယ်။ပွဲချိန်၁၁မိနစ်မှာထဲကအင်တာမီလန်တို့ဦးဆောင်ဂိုးစတင်ရရှိသွားခဲ့ပြီးချလနေလူရဲ့ဖန်တီးပေးမှုကနေပယ်ရီဆစ်ချ်ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။အဲ့နောက်ပွဲချိန်၃၃မိနစ်မှာတော့ဒီဂျက်ကိုရဲ့ပေးပို့မှုကနေဒမ်ဖရီးစ်ကဒုတိယဂိုးသွင်းယူပေးခဲ့လို့ပထမပိုင်းအပြီးမှာအင်တာတို့၂ဂိုးပြတ်ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်းအင်တာမီလန်တို့ပဲတောက်လျောက်တိုက်စစ်ဆင်ကစားသွားနိုင်ခဲ့ပြီး၅၂မိနစ်မှာအလက်ဆစ်ဆန်းချက်ဇ်၊၇၇မိနစ်မှာလော်တာရိုမာတီနက်ဇ်၊၈၇မိနစ်မှာရော်ဘတ်တိုဂက်လီယာဒီနီတို့ကဂိုးတွေအသီးသီးသွင်းယူပေးခဲ့လို့၀-၅ရလဒ်နဲ့အနိုင်ရသွားခဲ့ပါတယ်။

 

ပွဲပြီး အချက်အလက်များ

အသင်းလိုက်စုဖွဲ့မှု၊နည်းစနစ်ဗျူဟာအဘက်ဘက်မှာကွာဟခဲ့လို့ဒီလောက်အထိဂိုးပြတ်ခဲ့တာထူးတော့မထူးဆန်းပါဘူး။အင်တာမီလန်တို့ရာသီအစမှာရုန်းကန်ခဲ့ရပေမယ့်တဖြည်းဖြည်းနဲ့ပုံစံကောင်းပြန်ရလာပြီးလက်တလောခြေစွမ်းအရဆိုရင်လက်ရှိချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကိုဆက်ပြီးထိန်းနိုင်ဖို့အခြေအနေကောင်းတစ်ခုကိုပိုင်ဆိုင်ထားပြီလို့ပြောလို့ရပါတယ်။နောက်ဆုံးကစားခဲ့တဲ့စီးရီးအေပွဲစဉ်၉ပွဲမှာ၈ပွဲအနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး၅ပွဲဆက်ပေးဂိုးမရှိအနိုင်ရခဲ့တာဖြစ်ပါတယ်။ဆလန်နီတန်နာကတော့စီးရီးအေပွဲစဉ်၁၈အပြီးမှာ၂ပွဲနိုင်၊၂ပွဲသရေ၊၁၄ပွဲရှုံး၊ရမှတ်၈မှတ်နဲ့အမှတ်ပေးဇယားအောက်ဆုံးမှာဆက်လက်ရပ်တည်ခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဆလန်နီတန်နာတို့လာမယ့်ဒီဇင်ဘာလ၂၂ရက်နေ့မှာအူးဒီးနီးစ်နဲ့စီးရီးအေပွဲစဉ်၁၉ကစားဖို့ရှိပြီးအင်တာမီလန်ကတော့၂၃ရက်နေ့မှာတိုရီနိုနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်