နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နည်းပြ သီယာဂို မော့တာနဲ့ ခေတ်သစ် ထူထောင်မယ်လို့ ပြောလာတဲ့ ဂျူဗီ ဥက္ကဌသစ် အဲလ်ကန် | စီးရီအေ

စီးရီးအေ ထိပ်သီး ကလပ် ဂျူဗင်တပ်စ်ရဲ့ ပိုင်ရှင် ဂျွန်အယ်လ်ကန် ကတော့ သူတို့ အသင်းရဲ့ ရာသီသစ် အတွက် အဓိက ရည်းမှန်းချက်က နည်းပြ သီယာဂို မော့တာနဲ့ ခေတ်သစ် ထူထောင်ရန် ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ဒါ့အပြင် ဂျူဗင်တပ်စ်က မော့တာ နဲ့ အတူ ချန်ပီယံ ဆုဖလားတွေ စိန်ခေါ်ဖို့ ရှိနေကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။

ဂျူဗင်တပ်စ်ရဲ့ ရာသီသစ် မျှော်လင့်ချက်တွေနဲ့ ပတ်သတ်လို့ အဲလ်ကန်က “ကျွန်တော် တို့ရဲ့ ရည်မှန်းချက်က မော့တာနဲ့ အတူ ခေတ်သစ် ထူထောင်ဖို့နဲ့ ဆုဖလားတွေ အတွက် ယှဉ်ပြိုင်ဖို့ပါပဲ။ ဂျူဗင်တပ်စ်ဟာ ဖြစ်နိုင်ခြေ အများကြီးရှိတဲ့ လူငယ်နည်းပြနဲ့ ငယ်ရွယ်တဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။ ရာသီသစ်က အသင်း အတွက်ရော မော့တာ အတွက်ပါ စိန်ခေါ်မှုတွေ ဖြစ်လာမှာပါ။ ကျွန်တော် တို့ရဲ့ စိတ်ကူးတွေက နည်းပြနဲ့ အတူတူပါပဲ။ ကျွန်တော်တို့ဟာ ရာသီသစ်မှာ စီးရီးအေ၊ ကိုပါအီတလီယာဖလားနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေ ယှဉ်ပြိုင်ရမှာ ဖြစ်လို လုပ်စရာတွေ အများကြီး ရှိနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဂျူဗင်တပ်စ် အသင်းဟာ ပြီးခဲ့သည့် ၂၀၂၃/၂၄ ဘောလုံးရာသီက ကိုပါအီတာလီယာဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲပြီးနောက် အသင်းရဲ့ နည်းပြ မက်စ် အယ်လီဂရီကို ရာထူး ကနေ ထုတ်ပယ်ကာ ဘိုလော့ဂ်နာ နည်းပြ သီယာဂို မော့တာနဲ့ အစားထိုး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဂျွန် အဲလ်ကန် ကတော့ အက်ဂ်နယ်လီ မိသားစုရဲ့ အမွေဆက်ခံသူ ဖြစ်ပြီးတော့ Exor ကုမ္ပဏီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ အဲလ်ကန်ဟာ အပြောင်းအရွှေ့ ကိစ္စရပ်တွေမှာ ငွေကြေး လိမ်လည်မှုကြောင့် အနားယူခဲ့ရတဲ့ ညီအစ်ကို ဝမ်းကွဲ တော်စပ်သူ အန်ဒရီယာ အက်ဂ်နယ်လီထံ ကနေ ဂျူဗင်တပ်စ် အသင်းရဲ့ တာဝန်တွေကို လွှဲပြောင်းရယူခဲ့သူလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ဟာ ၂၀၁၉/၂၀၂၀ ဘောလုံးရာသီ နောက်ပိုင်း ကတည်း စီးရီးအေ အမှတ်ပေးချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။
ဘိုလော့ဂ်နာကို ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ မော့တာ

စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့ ရာသီက ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ် ဆိုပြီးတော့ ရမှတ်တွေ လျှော့ချခံခဲ့ရတဲ့ အသင်းပါ။ အသင်း တာဝန် ရှိသူ အပြောင်းအလဲတွေ ဖြစ်ခဲ့ပြီး အသင်းမှာ မတည်ငြိမ်မှုတွေ ရှိခဲ့ပါတယ်။ ဒါဟာ (၂၀၁၂) ခုနှစ်ကနေ (၂၀၁၉) ခုနှစ်အတွင်း ကိစ္စရပ်တွေကြောင့် အရေးယူခံရတာ ဖြစ်ပြီး ဂျူဗင်တပ်စ်တို့ အနေနဲ့ ဒဏ်ကြေးငွေ ပေါင် (၁၇.၁၄) သန်း ကိုလည်း ပေးဆောင်ခဲ့ရပါတယ်။ ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့ ရာသီကလည်း အပြောင်းအရွှေ့ကိစ္စရပ်တွေ အပါအဝင် အခြားသော ကိစ္စရပ်တွေမှာ စာရွက်စာတမ်း မသမာမှုတွေ ကျူးလွန်ခဲ့တာကြောင့် စီးရီးအေ မှာ အမှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း နည်းပြ အယ်လီဂရီ အနေနဲ့ တူရင် ကလပ်ကို အဆင့် ၃ နေရာ ရရှိအောင် တွန်းတင်ပေးနိုင်ခဲ့သလို ကိုပါအီတလီယာ ဖလားလည်း ရယူပေးနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ ၂၀၁၉/၂၀၂၀ ဘောလုံးရာသီ နောက်ပိုင်း ကတည်း စီးရီးအေ အမှတ်ပေးချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။ ဒီကြားထဲမှာ ကိုပါအီတလီယာနဲ့ အီတလီစူပါဖလား တို့ ရရှိထားခဲ့ပေမယ့် အဓိက ဆုဖလားတွေနဲ့တော့ ဝေးကွာနေတာ ကြာမြင့်နေခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဥက္ကဌသစ် အဲလ်ကန်က သူ့ရဲ့ အသင်းကို အောင်မြင်မှုတွေ ပြန်လည် ရရှိဖို့ ရည်မှန်းနေပြီး နည်းပြ မော့တာ အပေါ်မှာလည်း မျှော်လင့်ချက် ကြီးကြီးမားမား ထားနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်