ပါရီဒက်စ်ကို အပြီးသတ် ဝယ်ယူဖို့ ဆန္ဒ မရှိတဲ့ ဂျူဗင်တပ်စ်၊ အေစီမီလန်နဲ့ ပွဲမှာ စပါးကို ပြန်လည် ကိုင်တွယ်မယ့် ကွန်တီ စတဲ့ သတင်းတွေ အပါအဝင် မတ် ၄ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပါရီဒက်စ်ကို အပြီးသတ် ဝယ်ယူဖို့ ဆန္ဒ မရှိတဲ့ ဂျူဗင်တပ်စ်
ဂျူဗင်တပ်စ်ဟာ ပီအက်စ်ဂျီ ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ် ကစားသမား လီအန်ဒရို ပါရီဒက်စ်ကို အပြီးသတ် ခေါ်ယူလိုခြင်း မရှိကြောင်း သိရှိရပါတယ်။
အသက် (၂၈) နှစ် အရွယ် အဆိုပါ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ နွေရာသီမှာ တစ်ရာသီ အငှားစာချုပ်နဲ့ စီးရီးအေ ကလပ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အပြီးသတ် ပြောင်းရွှေ့ခွင့်လည်း ပါဝင်ပါတယ်။
ဒါ့အပြင် လက်ရှိအချိန် အထိ ကစားသမားရဲ့ အနာဂတ် အတွက် ဆုံးဖြတ်ချက် မချရသေးတာကြောင့် လာမယ့် နွေရာသီမှာ ပါရီဒက်စ် အနေနဲ့ ပီအက်စ်ဂျီကို ပြန်သွားရဖွယ် ရှိနေပါတယ်။
ဂျူဗင်တပ်စ်နဲ့ စာချုပ် သက်တမ်းတိုးနိုင်ခဲ့လို့ ပျော်ရွှင်နေတဲ့ ဒန်နီလို
ဒန်နီလိုဟာ အဆိုပါ စီးရီးအေ ကလပ် အတွက် အားကိုးရတဲ့ ဝါရင့်နောက်ခံလူ တစ်ယောက်လည်း ဖြစ်ပြီး အခုလိုမျိုး အသင်းနဲ့ စာချုပ် သက်တမ်းတိုးနိုင်တဲ့ အပေါ် ဝမ်းသာမိကြောင်း ဖွင့်ဟလိုက်ပါတယ်။
ဒန်နီလိုက ဂျူဗင်တပ်စ်မှာ ကိုယ့်အိမ်လို ချက်ချင်း ခံစားခဲ့ရကြောင်း၊ ဒီမှာ ဂုဏ်ယူစွာနဲ့ ရေရှည်နေနိုင်မယ်လို့လည်း ခံစားမိခဲ့ကြောင်း၊ တိုက်ပွဲတိုင်းမှာ ကျွန်တော်နဲ့ အတူ ရပ်တည်ပေးခဲ့တဲ့ အသင်းဖော်တွေ၊ နေ့ရက်တိုင်းကို ထူးခြား ကောင်းမွန်စေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
အေစီမီလန်နဲ့ ပွဲမှာ စပါးကို ပြန်လည် ကိုင်တွယ်မယ့် ကွန်တီ
တော့တင်ဟမ်ဟော့စပါး နည်းပြ အန်တိုနီယို ကွန်တီဟာ စီးရီးအေ ကလပ် အေစီမီလန်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ဒုတိယအကျော့ ပွဲစဥ်မှာ အသင်းကို ပြန်လည် ကိုင်တွယ်မှာ ဖြစ်ကြောင်း သိရှိရပါတယ်။
အေစီမီလန်နဲ့ စပါးတို့ရဲ့ ပထမအကျော့ မှာတော့ အေစီမီလန်က စပါးကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိထားခဲ့ပြီး ကွာတားဖိုင်နယ် အတွက် အခြေအနေ ပိုကောင်းနေခဲ့ပါတယ်။
ကွန်တီရဲ့ အနေအထားနဲ့ ပတ်သက်လို့ လက်ထောက် နည်းပြ ခရစ္စတီယန် စတီလီနီက ဝုဗ်နဲ့ ပွဲအပြီးမှာ ကွန်တီ ပြန်လာတော့မှာ ဖြစ်ပြီး လန်ဒန်မြို့မှာ အသင်းကို ပြန်လည် တာဝန်ယူတော့မှာ ဖြစ်ကြောင်း၊ ဆေးအဖွဲ့က ကွန်တီကို တစ်လတိတိ အနားယူဖို့ ညွှန်ကြားခဲ့ပြီး လာမယ့် တနင်္ဂနွေနေ့ မှာတော့ ကွန်တီ ပြန်လာမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.