စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် ကတော့ ယူနိုက်တက်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဂျော်ရွှာ ဇီယက်ခ်ဇီးကို ခေါ်ယူလိုနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း ဂျူဗင်တပ်စ်က စီးရီးအေ ကစားသမားဟောင်း ဇီယက်ခ်ဇီးကို ပြောင်းရွှေ့ကြေး အသုံးပြုပြီး ခေါ်ယူသွားမှာ မဟုတ်ပဲ သူတို့ရဲ့ တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်နဲ့ ကစားသမားချင်း အလဲထပ် လုပ်ဆောင်သွားချင်နေတာ ဖြစ်ကြောင်း talkSPORT ကနေ ဖော်ပြလာခဲ့တာပါ။
ယူနိုက်တက်က နယ်သာလန် လက်ရွေးစင် တိုက်စစ် ကြယ်ပွင့် ဇီယက်ခ်ဇီးကို နွေရာသီ အပြောင်းအရွှေ့မှာ ဘိုလော့ဂ်နာ ကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇီယက်ခ်ဇီးက ပရီးမီးယားလိဂ် ကလပ် မှာတော့ လုံးဝ ခြေစွမ်းပြနိုင်ခြင်း မရှိပဲနဲ့ ပွဲထွက်ခွင့် ရရှိဖို့တောင် ရုန်းကန်နေရတာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် ဇီယက်ခ်ဇီးက ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၂၇ ပွဲ ကစားထားပြီးတော့ ၄ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ နယ်သာလန်သားက ပွဲကစားခွင့်ပါ အကန့်အသတ်နဲ့ ရရှိနေတာကြောင့် သူရဲ့ အနာဂတ်က အချိန်တိုတွင်းမှာ လှုပ်ခတ်လာခဲ့ပြီး အသင်း ပြောင်းဖို့ အကြောင်းဖန်လာတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို စောင့်ကြည့်နေတဲ့ ဂျူဗင်တပ်စ် က ဇီယက်ခ်ဇီးကို သူ ခြေစွမ်းပြနိုင်ခဲ့တဲ့ စီးရီးအေ ပြိုင်ပွဲဆီ ပြန်လည် ခေါ်ယူဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။
လက်ရှိ ဂျူဗင်တပ်စ် နည်းပြ သီယာဂို မော့တာနဲ့ ဂျော်ရွှာ ဇီယက်ခ်ဇီး တို့ဟာ ဆရာတပည့်ဟောင်းတွေ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီတုန်းက ဘိုလော့ဂ်နာမှာ အတွဲညီခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် မော့တာက ယူနိုက်တက်မှာ အဆင်မပြေ ဖြစ်နေတဲ့ တပည့်ဟောင်းကို ယူနိုက်တက် ကနေ ဂျူဗင်တပ်စ်ဆီကို ခေါ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။ ဇီယက်ခ်ဇီးဟာ ဘိုလော့ဂ်နာမှာ နှစ်ရာသီ အတွင်း ၅၈ ပွဲ ကစားကာ ၁၄ ဂိုး သွင်းယူထားခဲ့ပါတယ်။
talkSPORTရဲ့ ဖော်ပြချက်အရ ဆိုရင် ဂျူဗင်တပ်စ်က သူတို့ အသင်းမှာ စာချုပ်သစ် တိုးမြှင့်ဖို ခက်ခဲနေပြီး စာချုပ် သက်တမ်း ၁၈ လသာ ကျန်ရှိတော့တဲ့ ဗလာဟိုဗစ်နဲ့ ယူနိုက်တက်က ဇီယက်ခ်ဇီး တို့ကို ကစားသမားချင်း အလဲအလှယ် လုပ်ဆောင်သွားဖို့ ကမ်းလှမ်းထားပြီလို့ သိရပါတယ်။ ဗလာဟိုဗစ် ကလည်း ယူနိုက်တက် ပစ်မှတ်ထားဖူးတဲ့ တိုက်စစ်မှူး ဖြစ်လို့ ဒီအပြောင်းအရွှေ့ အမှန်တကယ် ဖြစ်လာနိုင်မလား ဆိုတာတော့ စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါတယ်။
ဗလာဟိုဗစ် ကတော့ စီးရီးအေ ကလပ် အတွက် ၃ နှစ်ကျော် အတွင်း ပြိုင်ပွဲစုံ ၁၂၄ ပွဲ ကစားပြီး ၅၃ ဂိုး သွင်းယူထားပါတယ်။ ဒီရာသီ မှာတော့ ဆားဘီးယား တိုက်စစ်မှူးက ဂျူဗင်တပ်စ် အတွက် ၂၃ ပွဲ ကစားကာ ၁၃ ဂိုး သွင်းယူပေးထားပါတယ်။ယူနိုက်တက် ကလည်း ဇီယက်ခ်ဇီး အပြင် မားကပ်စ် ရက်ရှ်ဖို့ဒ် ကိုပါ အသင်း ကနေ ရောင်းထုတ်ချင်နေပေမယ့် သူတို့ရဲ့ နေရာ အတွက် အစားထိုးဖို့ ကစားသမား မရှိသေးတာကြောင့် လက်လွှတ်ဖို့ ခက်ခဲနေချိန် ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဂျူဗင်တပ်စ် ဘက်က ဗဟာဟိုဗစ်ကို အလဲထပ် လုပ်ပြီး ဇီယက်ခ်ဇီးကို ခေါ်ယူဖို့ ကြိုးပမ်းလာတာကို ယူနိုက်တက်တို့ အလွယ်တကူပဲ ခေါင်းညှိတ်သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.