နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စကူဒက်တို ချန်ပီယံဆု အတွက် အသင်း ၅ သင်း အပြိုင်လုရမယ်လို့ ခန့်မှန်းလိုက်တဲ့ မာလ်ဒီနီ | စီးရီအေ

အေစီမီလန် ဂန္ထဝင် ကစားသမားဟောင်းကြီး ပေါ်လို မာလ်ဒီနီ ကတော့ စီးရီးအေ ပြိုင်ပွဲဟာ ဥရောပရဲ့ အကောင်းဆုံး ထိပ်ဆုံး လိဂ် ၃ ခုမှာ ပါဝင်နေကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် မာလ်ဒီနီက အခုရာသီ စီးရီးအေ ချန်ပီယံဆုကို အသင်းပေါင်း ၅ သင်း အပြိုင်လုကြ ရမယ်လို့ ခန့်မှန်း ပြောကြားမှုတွေလည်း ပြုလုပ်သွားခဲ့ပါတယ်။

စီးရီးအေ ပြိုင်ပွဲဟာ ၁၉၉၀ ခုနှစ် ဝန်းကျင် ကာလတွေမှာ ကမ္ဘာပေါ်က အကောင်းဆုံးလိဂ် အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့်လည်း လက်ရှိ မှာတော့ ဂျာမန် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲလောက် အဆင့် မရှိတော့ဘူး ဆိုပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏ ဆိုသလို လုပ်ပွဲ ပြဿနာတွေ ပေါ်ပေါက်လေ့ ရှိတာကြောင့်လည်း နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ရတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်လို့ အအောင်မြင်ဆုံး အသင်း တစ်သင်းဟာ လုပ်ပွဲ ကိစ္စကြောင့် တန်းဆင်းရတာတွေ၊ အမှတ်လျှော့ ပြစ်ဒဏ်တွေ မကြာခဏ ချမှတ်ခံရတာကြောင့်လည်း ထိခိုက်မှုတွေ ရှိခဲ့တာပါ။ ဒါ့အပြင် စီးရီးအေ ကလပ်တွေဟာ လေးလံတဲ့ ကစားဟန်နဲ့ ခံစစ် အသားပေးလွန်းတာကြောင့် ပရိသတ်တွေကို စွဲဆောင်နိုင်ခြင်း မရှိတော့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အီတလီ ဂန္တဝင် ပေါ်လို မာလ်ဒီနီ ကတော့ စီးရီးအေ ပြိုင်ပွဲဟာ ဥရောပရဲ့ အကောင်းဆုံး ထိပ်ဆုံးလိဂ် ၃ ခုမှာ တစ်ခု အပါအဝင် ဖြစ်နေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အခုရာသီမှာ အင်တာမီလန်ရဲ့ စီးရီးအေ ချန်ပီယံဆုကို အပြိုင်လုမယ့် အသင်း ၄ သင်း အထိ ရှိနေတယ်လို့ သုံးသပ်ခဲ့ပါတယ်။

ပေါ်လို မာလ်ဒီနီက “စီးရီးအေ ပြိုင်ပွဲက အဆင့်သတ် မှတ်ချက်မှာ နိမ့်နေပေမဲ့ နည်းစနစ်ပိုင်းနဲ့ နည်းဗျူဟာပိုင်းမှာ အားကောင်းတဲ့ ပြိုင်ပွဲ ဖြစ်ပြီး ဥရောပရဲ့ ထိပ်ဆုံး လိဂ် ၃ ခုထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒီရာသီ စီးရီးအေ ပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံ အင်တာမီလန် အသင်းက အင်အား အတောင့်ဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီက ဒုတိယ ရခဲ့တဲ့ အေစီမီလန်၊ အင်အား ဖြည့်တင်းမှုတွေ လုပ်ထားတဲ့ ဂျူဗင်တပ်စ်၊ နာပိုလီနဲ့ ရိုးမား တို့ကလည်း စီးရီးအေ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းတွေ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ရာသီ စီးရီးအေ ပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ အင်တာမီလန်က ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ရမှတ် ၇ မှတ်နဲ့ ဇယားထိပ်မှာ ဦးဆောင်နေပါတယ်။ အင်တာမီလန်ရဲ့ နောက်မှာတော့ ဂျူဗင်တပ်စ် ကလည်း ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ရပ်တည်နေပြီး တိုရီနိုနဲ့ အူးဒီးနီးစ် ကလည်း ၇ မှတ်စီ ရရှိထားပါတယ်။ လက်ရှိရာသီ စီးရီးအေမှာ ပေးဂိုး လုံးဝ မရှိသေးတဲ့ အသင်း ကတော့ ဂျူဗင်တပ်စ် ဖြစ်ပြီး ရဂိုး ၆ ဂိုး ရရှိထားကာ ပေးဂိုး ကတော့ ၀ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်