အေစီမီလန်နဲ့ စာချုပ်သက်တမ်းတိုးတော့မယ့် ဂျရူး၊ ရိုးမား ကနေ ထွက်ခွာနိုင်ခဲ့ကြောင်း ဖွင့်ဟခဲ့တဲ့ မော်ရင်ဟို စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၆ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အေစီမီလန်နဲ့ စာချုပ်သက်တမ်းတိုးတော့မယ့် ဂျရူး
အသက် (၃၆) နှစ်အရွယ် ဂျရူးဟာ စီးရီးအေ ကလပ်ရဲ့ အဓိက တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ် ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရချိန်မှာ အသင်းရဲ့ တိုက်စစ် ကွက်လပ်ကို အကောင်းဆုံး ဖြည့်တင်းပေးနိုင်ခဲ့သူပါ။
လက်ရှိအချိန်မှာ အေစီမီလန် ဒါရိုက်တာ ပေါ်လို မာလ်ဒီနီက ဂျရူးကို တတ်နိုင်သလောက် အမြန်ဆုံး စာချုပ်သစ် ချုပ်ဆိုသွားဖို့ ပြင်ဆင်နေပြီး တစ်ပတ်အတွင်း အပြီးသတ်နိုင်ဖို့ ပစ်မှတ်ထားနေကြောင်း သိရှိရပါတယ်။
ပရိသတ်ကြားထဲ ဝင်ပြီး တောင်းပန် စကားပြောခဲ့ရတဲ့ အိုဆင်ဟမ်
အဆိုပါ ဘောလုံးဟာ ပရိသတ်ထဲက မိန်းကလေးငယ် တစ်ဦးကို ထိခိုက်မိခဲ့တာကြောင့် အိုဆင်ဟမ်က ချက်ချင်းဆို သလိုပဲ ပွဲကြည့်စင်ပေါ် တက်သွားကာ အဆိုပါ ကလေးငယ်လေးကို တောင်းပန်ခဲ့ရကြောင်း သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ရိုးမား ကနေ ထွက်ခွာနိုင်ခဲ့ကြောင်း မော်ရင်ဟို ဖွင့်ဟ
ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုက ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ စီးရီးအေ ကလပ်ကို စွန့်ခွာနိုင်ချေရှိခဲ့ပေမယ့် ရောမ မြို့မှာပဲ ဆက်ရှိနေခဲ့ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
“တစ်ခါတလေကျရင် ကျွန်တော် တို့က ရုန်းကန်ရတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေ အားလုံးကပဲ ကျွန်တော် တို့ကို သန်မာလာစေတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.