အတ္တလန္တာ – တိုရီနို
နှစ်သင်းလုံးရဲ့ အခြေအနေက လိုအပ်ချက် ရှိနေတယ်လို့ ဆိုနိုင်ပြီး အထူးသဖြင့် စီးရီးအေ အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရှိနေတဲ့ အတ္တလန္တာက ပိုပြီး ရုန်းကန်နေရတာ တွေ့ရပါတယ်။ ရာသီဝက် နောက်ဆုံး ပွဲစဉ်တွေ အသီးသီးမှာတော့ နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ အသင်းတွေဖြစ်လို့ ဒီပွဲကို အာရုံအပြည့် စိုက်လာမှာ သေချာပါတယ်။ နားရက် အပြည့်အဝ ရထားလို့ ကြံ့ခိုင်မှုပိုင်း လိုအပ်ချက် မရှိတဲ့အတွက် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲတစ်ပွဲအဖြစ် မြင်တွေ့ရဖို့ ရှိနေပါတယ်။
အတ္တလန္တာ အတွက် ကတော့ ဥရောပ ဝင်ခွင့်ရမယ့် အခြေအနေ အတွက် ဒီလို အိမ်ကွင်းပွဲစဉ်မျိုးကို အနိုင် ကစားထားဖို့ လိုအပ်ပါတယ်။ တိုက်စစ်ပိုင်း အားကောင်းပေမယ့် ခံစစ်ပိုင်း လိုအပ်ချက်တွေ ရှိနေဆဲ အခြေအနေကိုတော့ သတိထားရဖို့ ရှိနေပါတယ်။ ဒါပေမဲ့ ပွဲအဖြေ ပြောင်းလဲနိုင်စွမ်း ရှိတဲ့ တိုက်စစ်နဲ့ ကွင်းလယ်ပိုင်း မှာတော့ ပြိုင်ဘက်ထက် အပြတ်အသတ် အသာရနေပါတယ်။ စီးရီးအေ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ၁ ပွဲ သရေ ရလဒ် ရရှိထားပြီး နောက်ဆုံး ၂ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့တာပါ။ တိုက်စစ်က ၈ ဂိုးသွင်းပြီး ခံစစ်က ၁၀ ဂိုး ပြန်ပေးထားရတာ ကတော့ ချွင်းချက်တစ်ခု အဖြစ် ရှိနေပါတယ်။ အကျိုးအမြတ် ရှာဖွေသူတွေ သတိထားရမယ့် အခြေအနေက အတ္တလန္တာ ပွဲတိုင်း နှစ်သင်းပေါင်း သွင်းဂိုး များတတ်တဲ့ အခြေအနေပါ။ ဒါပေမဲ့ နောက်ဆုံး ကစားခဲ့တဲ့ ဂျီနိုအာနဲ့ ပွဲမှာ ဂိုးမရှိ သရေကျထား ကတော့ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေလို့ ပြောလို့ရပါတယ်။ တံကောက်ကြော ဒဏ်ရာ ရရှိနေတဲ့ ဂိုဆမ် တစ်ဦးတည်းသာ လွဲချော်ဖို့ ရှိနေပေမယ့် ဇာပါတာ ကတော့ ကြံ့ခိုင်မှုပိုင်း လိုအပ်ချက် အနည်းငယ် ရှိနေဆဲပါ။ ပါဆာလစ်၊ မီလီနော့ဗ်စကီး၊ ဒီရွန်၊ ဒီမိုင်ရယ် တို့ကို ပွဲထွက် ကစားသမားတွေအဖြစ် မြင်တွေ့ရဖို့ ရှိနေပါတယ်။
တိုရီနိုရဲ့ အခြေအနေနဲ့ ရလဒ် ကတော့ ရိုးရှင်းလွန်းပါတယ်။ ရရှိထားတဲ့ ရမှတ် အားလုံးရဲ့ တော်တော်များများကို အိမ်ကွင်း ပွဲစဉ်တွေမှာ ရယူထားခဲ့တာပါ။ အဝေးကွင်း ဆိုရင် ခံစစ်ရော တိုက်စစ်ပါ လိုအပ်ချက် မြင့်မား နေခဲ့တာက အဓိက အားနည်းချက်တစ်ခု အဖြစ် ရှိနေပါတယ်။ ဂျူဗင်တပ်စ်ကို အိမ်ကွင်းမှာ ဝ-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ အိမ်ကွင်း ပွဲစဉ် နောက်ပိုင်း တိုရီနိုတို့ စီးရီးအေ မှာ အိမ်ကွင်း ရှုံးပွဲ မရှိသေးပါဘူး။ ဂျီနိုအာ၊ ဆမ်ဒိုရီးယား၊ အူဒီးနိစ်၊ ဘိုလော့ဂ်နာ၊ ဗီရွန်နာတို့ကို အနိုင် ကစားပြီး အမ်ပိုလီ ကိုတော့ သရေ ကစားထားခဲ့တာပါ။ ဒါပေမဲ့ အဝေးကွင်း မှာတော့ တော်တော်လေးကို အခြေအနေ ဆိုးနေခဲ့ပါတယ်။ စီးရီးအေ နောက်ဆုံး ၇ ပွဲ ဆက်တိုက် နိုင်ပွဲ လုံးဝမရှိထားပါဘူး။ ရာသီဝက် ပွဲတွေအပြီး ရှုံးပွဲ ၈ ပွဲ အထိ ရှိထားခဲ့ရာမှာ ၆ ပွဲက အဝေးကွင်း ရှုံးပွဲတွေ ဖြစ်နေခဲ့တာကို ထည့်တွက် ရပါလိမ့်မယ်။ ဘယ်လော့တီ၊ ဗာဒီ၊ အီဒီရာတို့ လွဲချော်နိုင်မယ့် အခြေအနေမှာ ဆာနာဘီယာ၊ ပီဂျာကာ၊ ဘရီကာလို၊ လူကစ်၊ ဘရီမာ၊ ဆင်ဂိုတို့ကို ပွဲထွက် ကစားသမားအဖြစ် မြင်တွေ့ရဖို့ ရှိနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ထိပ်တိုက်တွေ့ဆုံမှု ၄၁ ကြိမ်မှာ အတ္တလန္တာက ၁၆ ကြိမ်နိုင် တိုရီနိုက ၁၃ ကြိမ် ပြန်နိုင်ထားပြီး ၁၂ ကြိမ်သရေကျ ထားခဲ့ပါတယ်။ အစဉ်အလာအရ အသာရထားတဲ့ အတ္တလန္တာ အနေနဲ့ ပထမအကျော့ တွေ့ဆုံမှုမှာလည်း ၁-၂ ရလဒ် အနိုင်ရရှိထားခဲ့တာပါ။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
အတ္တလန္တာ – တိုရီနို | အချိန်ပြည့် 1X2 အိမ်ရှင် @ 1.51 | |
ဇန်နဝါရီလ ၆ ရက်၊ ည ၁၀:၀၀ နာရီ (GMT+ ၆:၃၀) |
1X2 ရဲ့ပေါက်ကြေး အရ အိမ်ရှင်အသင်း အတွက် ၁.၅၃ ဆ၊ သရေ အတွက် ၄.၀၀ ဆ၊ ဧည်သည့် အသင်းအတွက် ၆.၀၀ ဆ ကြေးဖွင့်ထားပါတယ်။ အမှတ်လိုအပ်ချက် မြင့်မားနေတဲ့ အသင်းနှစ်သင်း ဖြစ်လို့ အစဉ်အလာ ထိပ်တိုက် တွေ့ဆုံမှုတွေ အတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်ဦးမှာပါ။ နောက်ဆုံး ၅ ပွဲ ဆက်တိုက် ထိပ်တိုက် တွေ့ဆုံမှုမှာ သွင်းဂိုး အများဆိုတဲ့ ရလဒ်ချည်းပဲ ရရှိထားတာ ကတော့ ထူးခြားချက် တစ်ခု အဖြစ်ရှိနေပါတယ်။ နှစ်သင်းလုံးရဲ့ တိုက်စစ်မှာ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမားတွေ ပါဝင်နေတာကို သတိပြုရဖို့လည်း ရှိနေပါတယ်။ အထူးသဖြင့် အိမ်ရှင် အတ္တလန္တာရဲ့ သွင်းဂိုးတွေကို ပိုပြီး မြင်တွေ့ရဖို့ ရှိနေပါတယ်။ အဝေးကွင်း ဆိုရင် လိုအပ်ချက် များလွန်းတဲ့ တိုရီနိုကို လက်ရှောင်ထားစေချင်ပါတယ်။ အတ္တလန္တာ ကို ရွေးချယ်တာ အကျိုးအမြတ် ပိုပြီး ဖြစ်ထွန်းပါလိမ့်မယ်။’
ခန့်မှန်းရလဒ် (၃-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.