နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နည်းပြနဲ့ အဆင်မပြေတဲ့ သီယို ဟာနန်ဒက်ဇ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ရီးရဲလ်နဲ့ ယူနိုက်တက် | စီးရီအေ

ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက် ကတော့ စီးရီးအေ ကလပ် အေစီမီလန် ဘယ်နောက်ခံလူ သီယို ဟာနန်ဒက်ဇ်ကို အပြိုင်အဆိုင် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အီတလီက လာတဲ့ သတင်းတွေအရ ဆိုရင်တော့ သီယို ဟာနန်ဒက်ဇ်ဟာ အေစီမီလန် နည်းပြ ပေါ်လို ဖွန်ဆီကာနဲ့ အဆင်မပြေ ဖြစ်နေပြီး ဆက်ဆံရေးလည်း တင်းမားနေတယ်လို့ သိရပါတယ်။

ဒီလို အခြေအနေ ရှိနေတဲ့ သီယို ဟာနန်ဒက်ဇ်ကို ဥရောပ ထိပ်တန်း ကလပ်တွေက စောင့်ကြည့်လျက် ရှိပြီးတော့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ရီးရဲလ်နဲ့ ယူနိုက်တက်က ထိပ်ဆုံးက ပါဝင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူဟာ ဘယ်နောက်ခံ နေရာမှာ သာမက ဗဟိုခံစစ် မှာလည်း ကစားနိုင်သူ ဖြစ်ပြီး ဘောလုံး အတွေ့အကြုံရင့် ကစားသမားလည်း ဖြစ်ပါတယ်။ 

အက်တလက်တီကိုမက်ဒရစ် အကယ်ဒမီထွက် သီယို ဟာနန်ဒက်ဇ်ဟာ အလာဗက်စ်၊ ရီးရဲလ်မက်ဒရစ်၊ ဆိုစီဒက် တို့လို အသင်းတွေမှာ ကစားခဲ့ဖူးပြီး ၂၀၁၉ ခုနှစ် မှာတော့ အေစီမီလန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ သီယိုက စီးရီးအေ ကလပ် အေစီမီလန် မှာတော့ ၆ ရာသီ အတွင်း ပြိုင်ပွဲစုံ ၂၃၄ ပွဲ ကစားကာ ၃၁ ဂိုး သွင်းယူပေးထားပါတယ်။ ဒါ့အပြင် ပြင်သစ်သားက ဒီရာသီ အေစီမီလန် အတွက် ပြိုင်ပွဲစုံ ၁၃ ပွဲ ကစားရာမှာ ၂ ဂိုး သွင်းပြီး ၂ ဂိုး ဖန်တီးပေးထားပေမယ့် တချို့ပွဲတွေ မှာ‌တော့ အရန်ခုံပဲ ထိုင်နေခဲ့ရတာ ဖြစ်ပါတယ်။ သီယို ဟာနန်ဒက်ဇ်ဟာ နည်းပြဟောင်း စတက်ဖီနို ပီအိုလီ လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့်ရခဲ့တဲ့ နည်းပြ အကြိုက် ကစားသမား ဖြစ်ခဲ့ပေမယ့် နည်းပြသစ် ပေါ်လို ဖွန်ဆီကာ လက်ထက် မှာတော့ အဆင်မပြေမှုတွေ၊ တင်းမာမှုတွေ ရှိနေပြီး ပုံမှန် ပွဲထွက်ခွင့်မရ ဖြစ်နေတာပါ။

ပြင်သစ် လက်ရွေးစင် အသင်းရဲ့ အဓိက နောက်ခံလူ တစ်ဦး ဖြစ်တဲ့ သီယို ဟာနန်ဒက်ဇ်ဟာ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် နောက်ခံလူ တစ်ဦး အဖြစ်လည်း သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အေစီမီလန် နည်းပြ ဖွန်ဆီကာက နောက်ပိုင်း ကစားတဲ့ ပွဲစဉ်တွေမှာ သီယိုရဲ့ ခြေစွမ်း အပေါ် အားမရ ဖြစ်နေပြီးတော့ အရန်ခုံ ပို့ထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် သီယို ဟာနန်ဒက်ဇ်ကို အဝတ်လဲခန်း ထဲမှာ ဆူပူမှု ကြိမ်းမောင်းမှုတွေ ပြုလုပ်ခဲ့တာကြောင့် ကစားသမားက မကျေနပ်ကာ ပြန်လည် တုံပြန် ပြောဆိုမှုတွေလည်း ရှိကြောင်း သိရပါတယ်။ လက်တလော အခြေအနေ အရ ဖွန်ဆီကာနဲ့ သီယို ဟာနန်ဒက်ဇ်တို့ အကြားမှာ တော်တော်‌လေး တင်းမာနေပြီး ကစားသမား အနေနဲ့ အသင်းပြောင်းဖို့ အထိတောင် စဉ်းစားနေတယ်လို့ သိရပါတယ်။ နည်းပြ ပေါ်လို ဖွန်ဆီကာ ကတော့ သီယို ဟာနန်ဒက်ဇ်ဟာ စီးရီးအေရဲ့ အကောင်းဆုံး နောက်ခံလူ ၃ ဦး စာရင်းဝင် အဖြစ် သတ်မှတ်ထားပေမယ့် လက်ရှိ မှာတော့ ခြေစွမ်းပိုင်း လုံလောက်မှု မရှိဘူးလို့ ယူဆနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်