အောက်တိုဘာ ၂၂ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
စပယ်လက်တီကို ချီးကျူးခဲ့တဲ့ ရိုးမား နောက်ခံလူဟောင်း
စီးရီးအေ ကလပ် ရိုးမားနဲ့ ပြင်သစ် နောက်ခံလူဟောင်း ဖိလစ်ပီ မက်ဆက်စ်က လက်ရှိ နာပိုလီ နည်းပြ လူစီယာနို စပယ်လက်တီဟာ သူ့ရဲ့ကစားသမားဘဝကို ဖန်တီးပေးခဲ့သူ ဖြစ်ကြောင်း ချီးကျူးလိုက်ပါတယ်။
သူတို့ နှစ်ဦးဟာ စီးရီးအေ ကလပ် ရိုးမားမှာ လက်တွဲခဲ့ဖူးကြပါတယ်။ မက်ဆက်စ်က “စပယ်လက်တီက ကျနော့် ကစားသမားဘဝမှာ လက်တွဲခဲ့ဖူးသမျှထဲ အကောင်းဆုံး နည်းပြ တစ်ယောက်ပါ။ အခုထက် ပိုပြောရရင် သူက လက်ရှိ ကမ္ဘာ့အကောင်းဆုံးတွေထဲက တယောက်ပါ”
“စပယ်လက်တီက ကျနော့် အတွက် အများကြီး လုပ်ပေးခဲ့ပါတယ်။ ကျနော် သူ့ကြောင့် ရင့်ကျက်လာခဲ့ပြီး သူသာ မရှိရင် ကျနော့်ရဲ့ ကစားသမား ဘဝ ရှိနိုင်ခဲ့မှာ မဟုတ်ပါဘူး။ သူ့လက်ထက်မှာ ကျနော်က ဘက်ပေါင်းစုံ ကနေ တိုးတက်ခဲ့ပါတယ်” လို့ ချီးကျူးပြောကြားခဲ့ပါတယ်။
ဒဏ်ရာ ပြဿနာ ကနေ ပြန်လည် သက်သာလာခဲ့တဲ့ အေစီမီလန် ဂိုးသမား
အေစီမီလန်ရဲ့ အဓိက ဂိုးသမား မိုက်ခ် မိုင်ဂ်နန်ဟာ ခြေသလုံး ကြွက်သား ဒဏ်ရာ ရရှိနေရာ ကနေ ပြန်လည် သက်သာလာပြီလို့ သိရပါတယ်။ ဒီဂိုးသမားဟာ ပြီးခဲ့တဲ့ လအတွင်းက ပြင်သစ် လက်ရွေးစင် အသင်းနဲ့ သွားရောက် ပူးပေါင်းချိန်မှာ ဒဏ်ရာရရှိခဲ့တာပါ။
သူ့အနေနဲ့ မွန်ဇာနဲ့ပွဲမှာ ပြန်လည် ပါဝင်နိုင်ဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ဒဏ်ရာ မသက်သာခဲ့တာကြောင့် လွဲချော်ရဦးမှာပါ။ ဒါ့အပြင် ဆေးစစ်မှုတွေ အရ သူ့ရဲ့ညာဘက် ခြေထောက်မှာ ဒဏ်ရာအသစ် ရှိနေတယ်လို့ တွေ့ရှိခဲ့ရပေမယ့် ဒါဟာ ဆေးစစ်မှု အမှားအယွင်း ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့်လည်း မိုင်ဂ်နန် အနေနဲ့ လာမယ့် ၁၀ရက် အတွင်း အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
အေစီမီလန်ဟာ ချန်ပီယံလိဂ်မှာ အုပ်စုတက်ဖို့ အရေးကြီးနေပြီး စီးရီးအေ မှာလည်း အမှတ်ပေးဇယား ထိပ်ပိုင်း နေရာ အတွက် အပြိုင်အဆိုင် ဖြစ်နေပါတယ်။ ဒီလိုအချိန်မျိုးမှာ မိုင်ဂ်နန် တစ်ယောက် ဒဏ်ရာကနေ ပြန်လည် သက်သာလာတာက အေစီမီလန် နည်းပြ စတီဖာနို ပီအိုလီ အတွက်တော့ သတင်းကောင်း ဖြစ်ခဲ့ရပါတယ်။
ကာဗာရက် ရှက်ခီလီယာကို ရောင်းချမှာ မဟုတ်ကြောင်း နာပိုလီ အားကစား ဒါရိုက်တာပြော
အဆိုပါ တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ဒိုင်နမိုဘာတူမီ ကနေ နာပိုလီကို ပြောင်းရွှေ့လာခဲ့တာပါ။ ဒီကစားသမားဟာ အသင်းနဲ့လည်း (၂၀၂၇) နွေရာသီ အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ နာပိုလီက လက်ရှိရာသီမှာ စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်ထားသလို ချန်ပီယံလိဂ် မှာလည်း (၁၆) သင်း ရှုံးထွက် အဆင့်ကို တက်ရောက်ထားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။
ခါဗီချာကာဗာရက် ရှက်ခီလီယာဟာ ပြီးခဲ့တဲ့ အပတ်မှာ လစ်ဗာပူးလ်၊ ရီးရဲလ်မက်ဒရစ် တို့နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ ဒါပေမယ့် ဂီအွန်တိုလီက “ဒီသတင်းတွေက မမှန်ကန်ပါဘူး။ အားလုံး အလိမ်အညာတွေပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.