နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ ညနေခင်း သတင်းများ (၂၈/၇/၂၀၂၂)

အခု တစ်ခါ မှာတော့ SBOTOP ပရိသတ်တွေ အတွက် ဇူလိုင်လ ၂၈ ရက်နေ့ ညနေခင်း အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကမ္ဘာ့ဖလားနဲ့ပါ လွဲချော်ဖွယ် ရှိလာတဲ့ ပေါ့ဘာ

စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကိုပါ လွဲချော်နိုင်ဖွယ် ရှိနေတဲ့ အထိ ဒဏ်ရာ ပြင်းထန်ခဲ့တာကြောင့် ဆေးကုသမှု အခြေအနေ ၂ မျိုးကို စဥ်းစား သုံးသပ် ရွေးချယ်ရဖို့ ရှိနေတယ်လို့ သိရပါတယ်။

ပေါ့ဘာဟာ ဂျူဗင်တပ်စ်ရဲ့ အမေရိကန် ခရီးစဥ်မှာ ဒူးဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး အသင်းရဲ့ လူစာရင်း ကနေပါ နှုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ ပေါ့ဘာရဲ့ ဒူးဒဏ်ရာဟာ ပြင်းထန်တာကြောင့် ပထမကုသနည်း အဖြစ် စုတ်ပြဲသွားတဲ့ ဒဏ်ရာကို ဖယ်ရှားကာ ရက်ပေါင်း ၄၀ ကနေ ၆၀ အထိ အနားယူရမှာပါ။

နောက်တစ်နည်း ကတော့ ဒဏ်ရာကို ချုပ်ဖို့ ဖြစ်ပြီး ဒီကုသနည်း ကတော့ ကစားသမားကို နောက်ထပ် ၄ လ သို့မဟုတ် ၅ လ အကြာမှ အနားယူစေမှာလည်း ဖြစ်ပါတယ်။ ဒီကုသနည်းနဲ့ ဆိုရင်တော့ ပေါ့ဘာ အနေနဲ့ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ကမ္ဘ့ာဖလား ပြိုင်ပွဲကို ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်ပါတယ်။


ခြေစမ်းပွဲမှာ ဝုလ်ဖ်ဘတ်ကို အနိုင်ရခဲ့တဲ့ အေစီမီလန်

မနေ့ညက ဟန်ဂေရီမှာ ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ အေစီမီလန်က ဘွန်ဒက်စ်လီဂါ ကလပ် ဝုဖ်ဘတ်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ အေစီမီလန် အတွက် သွင်းဂိုး ၅ ဂိုးကို မတူညီတဲ့ ကစားသမား ၅ယောက်က သွင်းယူခဲ့တာပါ။

အေစီမီလန် အတွက် ဂိုးတွေကိုတော့ ရီဘစ်၊ ရာဖေးလ် လီယာအို၊ အဒီ၊ ဂတ်ဘီယာ၊ မက်ဆီးယက်စ် တို့က သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။ စီးရီးအေ ကလပ် အေစီမီလန်ဟာ လက်ရှိအချိန်ထိ ရာသီကြို ခြေစမ်းပွဲ (၃) ပွဲ ကစားထားပြီး ZTE ကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ကာ ကိုလုံး ကိုတော့ ၁-၂နဲ့ အနိုင်ရခဲ့ပါတယ်။

အေစီမီလန် အသင်း အနေနဲ့ ရာသီကြို ခြေစမ်းပွဲ နောက်ဆုံး ပွဲစဉ် အဖြစ် လာမယ့် ဇူလိုင်လ ၃၀ ရက်နေ့မှာ မာဆေးလ်နဲ့ ယှဥ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။


ဘာစီလိုနာကို ပြန်ချင်နေတဲ့ အာသာ

အာသာမယ်လို အနေနဲ့ စီးရီးအေ ကလပ် ကနေ ထွက်ခွာဖြစ်မယ်ဆိုရင် အသင်းဟောင်း ဘာစီလိုနာ ကိုပဲ ပြန်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
ဂျူဗင်တပ်စ်က ထွက်ခွာ ဖြစ်ခဲ့ရင် ဘာစီလိုနာကိုသာ ပြောင်းရွှေ့ချင်နေတဲ့ အာသာ မယ်လို

အာသာမယ်လို အနေနဲ့ စီးရီးအေ ကလပ် ကနေ ထွက်ခွာဖြစ်မယ်ဆိုရင် အသင်းဟောင်း ဘာစီလိုနာ ကိုပဲ ပြန်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

အသက် (၂၅) နှစ်အရွယ် ဒီကွင်းလယ်လူကိုခေါ်ယူဖို့ အာဆင်နယ်၊ မိုနာကိုတို့က စိတ်ဝင်စားလျက်ရှိပါတယ်။ ဂျူဗင်တပ်စ် ကလည်း ဒီကစားသမားကို ရောင်းချဖို့ ဆန္ဒရှိနေပေမယ့် အာဆင်နယ် ဘက်က စီးရီးအေ ကလပ် တောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း (၃၀) ကိုတော့ ပေးချေလိုခြင်း မရှိပါဘူး။

ဘာစီလိုနာဟာ လက်ရှိ နွေရာသီမှာ မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကို ပစ်မှတ်ထားနေပြီး အကယ်၍ ဒီကစားသမားကို မခေါ်ယူနိုင်ခဲ့ရင်တော့ အာသာ မယ်လိုကို ပြန်လည် ခေါ်ယူဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂတ်တူဆို ကိုင်တွယ်နေတဲ့ နောက်ထပ် လာလီဂါ ကလပ် တစ်ခု ဖြစ်တဲ့ ဗလင်စီယာ ကလည်း အာသာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း စပိန် သတင်းဌာနတွေက ဖော်ပြလျက်ရှိပါတယ်။

မယ်လို ကိုယ်တိုင် ကလည်း အသင်းဟောင်း ဘာစီလိုနာ ကသာ ကမ်းလှမ်းလာမယ် ဆိုရင် အခြား အသင်းတွေထက် ဦးစားပေး လက်ခံသွားမယ်လို့လည်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်