စက်တင်ဘာ ၂၉ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ် အတွက် ကစားဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့ကြောင်း မီလစ်ခ် ဖွင့်ဟ
ဂျူဗင်တပ်စ်ရဲ့ တိုက်စစ်မှူး အာကေးဒီးယက်ဇ် မီလစ်ခ်က သူ့အနေနဲ့ လက်ရှိ ကလပ် အသင်း အတွက် ကစားဖို့ကို အမြဲတမ်း အိပ်မက်မက်ခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
ပိုလန် လက်ရွေးစင် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နွေမှာ မာဆေးလ် ကနေ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ ဂျူဗင်တပ်စ်နဲ့ ပတ်သက်လို့ မီလစ်ခ်က “ဂျူဗင်တပ်စ် ဂျာစီကို ဝတ်ဆင်ခွင့် ရတဲ့ အတွက် တကယ် ကောင်းမွန်တဲ့ ခံစားချက်ရပါတယ်”
“ဂျူဗင်တပ်စ်ကို ရွေးချယ်ဖို့ အကြာကြီး မစဥ်းစားခဲ့ရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဂျူဗင်တပ်စ်လို အသင်းမျိုးက ကျနော် ကစားခွင့်ရဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့ရတဲ့ အသင်း ဖြစ်နေတာကြောင့်ပါ။ ငယ်ငယ်တည်းက ကျနော်က ထိပ်တန်း အသင်းကြီးမှာ ကစားချင်ခဲ့ပါတယ်”
“တကယ် ကြီးမားတဲ့ အသင်း ဆိုတာ ကလည်း လက်ချိုး ရေတွက်လို့ ရပါတယ်။ ဒီတော့ အခွင့်အရေး ရလာချိန်မှာ ကျနော် ယူခဲ့ပြီး ဘာမှ ဆုံးရှုံးစရာ မရှိပါဘူး။ အရင်ကလည်း ဂျူဗင်တပ်စ်ကို ရောက်ဖို့ နီးစပ်ခဲ့ပေမယ့် ကလပ် အသင်းတွေ အကြား သဘောတူညီမှု ရဖို့ လိုအပ်ခဲ့ပါတယ်”
လာမယ့် နွေရာသီမှာ အေဘရာဟမ်ကို ပြန်လည်ခေါ်ယူနိုင်တဲ့ ချဲလ်ဆီး
ချဲလ်ဆီးဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးဟောင်း တမ်မီ အေဘရာဟမ်ကို ရိုးမား အသင်းထံ ကနေ ပြန်လည် ခေါ်ယူသွားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။
ချဲလ်ဆီးဟာ အေဘရာဟမ်ကို စီးရီးအေ ကလပ်ထံ ရောင်းချချိန်တည်းက ပြန်လည် ခေါ်ယူခွင့် စာချုပ် ချုပ်ဆိုထားပြီး ပြောင်းရွှေ့ကြေး ယူရို သန်း (၈၀) အသုံးပြုရမှာပါ။ ဒီအကြောင်းကိုလည်း နာမည်ကျော် ဂျာနယ်လစ် ရိုမာနိုက အခုလိုပဲ အတည်ပြုခဲ့ပါတယ်။
“သူက မော်ရင်ဟိုနဲ့ လက်တွဲခွင့်ရတာကို ပျော်ရွှင်နေပြီး မော်ရင်ဟို ကလည်း တောက်ပခွင့် ပေးထားပါတယ်။ အခုချိန်က သူ့ရဲ့ ကစားသမားဘဝ အတွက် အရေးပါတဲ့ အဆင့်ပါ။ သူ လာမယ့် လပိုင်း အတွင်း ဒါမှမဟုတ် နှစ်ပိုင်း အတွင်း ပရီးမီးယားလိဂ်ကို ပြန်လာမလား စောင့်ကြည့်ရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ဂျူဗင်တပ်စ် ပရိသတ်တွေရဲ့ ဒေါသနဲ့ ရင်ဆိုင်နေရတဲ့ ပေါ့ဘာ
ဂျူဗင်တပ်စ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ သူ့ရဲ့ဆံပင် ပုံစံသစ်ကို ဆိုရှယ် မီဒီယာမှာ တင်ခဲ့တဲ့နောက် စီးရီးအေ ကလပ်ရဲ့ ပရိသတ်တွေက ဒေါသထွက်နေတယ်လို့ သိရပါတယ်။
ပေါ့ဘာဟာ ဆံပင်နဲ့ ပတ်သက်လာရင် ရူးသွပ်သူ တစ်ယောက် ဖြစ်ပြီး မကြာခဏဆိုသလို ပုံစံ အဆန်းအပြားတွေ ဖန်တီးလေ့ရှိသူ တစ်ယောက်ပါ။ သူ့ရဲ့ ကွင်းတွင်း ခြေစွမ်းထက် ဆံပင်ပုံစံက ပိုမို ကျော်ကြားတယ် လို့လည်း ဝေဖန်ခံခဲ့ရဖူးပါတယ်။
လက်ရှိရာသီမှာ ပေါ့ဘာက ဒူးဒဏ်ရာကြောင့် ဂျူဗင်တပ်စ် အတွက် တစ်ပွဲမှ ပါဝင် ကစားနိုင်ခြင်း မရှိသေးပါဘူး။ ဒီလိုအချိန်မျိုးမှာ ပေါ့ဘာ တစ်ယောက် ဆံပင် ပုံစံသစ်နဲ့ ရှေ့ထွက်လာတာက တူရင်ကလပ်ရဲ့ ပရိသတ်တွေ အတွက် ဒေါသထွက်စရာ ဖြစ်နေတာပါ။
ဂျူဗင်တပ်စ် ကလည်း စီးရီးအေမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပေါ့ဘာဟာ နွေရာသီမှာ ရရှိထားတဲ့ ဒူးဒဏ်ရာကို ခွဲစိတ် ကုသမှု ခံယူထားပြီး လာမယ့် အောက်တိုဘာ လကုန်ပိုင်းမှ အပေါ့စား လေ့ကျင့်ခန်းတွေ ပြန်လည် ပြုလုပ်နိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.