နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စီးရီးအေ – ညနေခင်း သတင်းများ (၈/၁၀/၂၀၂၂)

အောက်တိုဘာ ၈ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချဲလ်ဆီးကို ပြန်မယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခြင်း မရှိခဲ့တဲ့ အေဘရာဟမ်

စီးရီးအေ ကလပ် ရိုးမား တိုက်စစ်မှူး တမ်မီ အေဘရာဟမ်က အသင်းဟောင်း ချဲလ်ဆီးကို ပြန်လည် ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် ငြင်းဆန်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ အဆိုပါ အင်္ဂလန် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ (၂၀၂၁) က စီးရီးအေ ကလပ် ရိုးမားကို အပြီးသတ် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ သူ့ကို ရောင်းချချိန်မှာ ပြန်လည် ခေါ်ယူခွင့် အတွက်ပါ စာချုပ်ချုပ်ဆိုထားပါတယ်။ ဒီအပေါ်မှာ အေဘရာဟမ်က “ကျနော့် အတွက် လက်ရှိအချိန်မှာ အာရုံစိုက်ထားတာက ပြီးခဲ့တဲ့ နှစ်ကလို အတိအကျ စွမ်းဆောင်နိုင်ဖို့ပါ”

စီးရီးအေ
ဖီအိုရင်တီးနား
လာဇီယို
1X2 ဖီအိုရင်တီးနား @ 2.44
ဖီအိုရင်တီးနား အာရှ ဟန်းဒီးကပ် -0.50 @ 1.8
ဂိုးပေါ် 2.50 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

“အသင်းက ကောင်းမွန်တဲ့ အနေအထားမှာ ရှိပါတယ်။ မော်ရင်ဟို ကလည်း နည်းပြကောင်း တစ်ယောက် ဖြစ်ပြီး ရောမမြို့ရော၊ ပရိသတ်တွေရောက ကောင်းမွန်နေပြီး ကျနော် ပျော်ရွှင်နေပါတယ်”

“ဒါပေမယ့် အနာဂတ်နဲ့ ပတ်သက်လို့ ခင်ဗျားတို့ ဘယ်တော့မှ ကြိုသိနိုင်မှာ မဟုတ်ပါဘူး။ ဘုရားသခင်ပဲ အနာဂတ်ကို ကြိုသိနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။


ဘက်တစ်နဲ့ ပွဲမှာ သရေကျခဲ့သင့်တယ်လို့ ပြောကြားလာတဲ့ မော်ရင်ဟို

ရိုးမား နည်းပြ ဂျိုဆေး မော်ရင်ဟိုက ရီးရဲလ်ဘက်တစ်ကို ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဥ်မှာ သရေ ရလဒ်က လက်တွေ့ကျတဲ့ ရလဒ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ စီးရီးအေ ကလပ်က ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး နီကိုလို ဇာနီယိုလို ကလည်း ပြိုင်ဘက်ကို ကန်ကျောက်ခဲ့တာကြောင့် အနီကတ်ထိခဲ့ပါတယ်။

ပွဲအပြီးမှာ မော်ရင်ဟိုက “ဘက်တစ်က နည်းစနစ်ပိုင်းမှာ ပိုမိုကောင်းမွန်ခဲ့ပြီး အထူးသဖြင့် ပထမပိုင်းမှာပေါ့။ ကျနော်တို့ အခွင့်အရေး မရချိန်မှာ ကတည်းက သူတို့ အခွင့်အရေး ရခဲ့ပြီး ဒီပွဲက နာကျင်စရာပါ”

“သူတို့က ကျနော့်ကို ကောင်းကောင်းကြီး ပြဿနာဖြစ်စေခဲ့ပေမယ့် နောက်ဆုံးမှာ ကျနော်တို့က အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဇာနီယိုလိုက တိုင်ထိခဲ့သလို ပြိုင်ဘက် ဂိုးသမားလည်း လက်စွမ်းပြခဲ့ပါတယ်”

“ကျနော့် အထင် သရေရလဒ်က လက်တွေ့ကျတဲ့ ရလဒ်ပါ။ ဘက်တစ်က နောက်ဆုံး ဂိုးသွင်းပြီးတဲ့ အချိန်မှာ တော်တော်လေး ပျော်ရွှင်နေခဲ့ပါတယ်” လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။


ဆလာနီတာနာ မှာပဲ ကစားသမားဘဝကို အဆုံးသတ်လိုက်တဲ့ ရီဘာရီ

ပြင်သစ် ဂန္တဝင်ကစား သမားဟောင်းကြီး ဖရန့်ခ် ရီဘာရီဟာ စီးရီးအေ ကလပ် ဆလာနီတာနာ မှာပဲ ကစားသမား ဘဝကို အနားယူလိုက်ပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အသက် (၃၉) နှစ် အရွယ် ရီဘာရီဟာ ပြီးခဲ့တဲ့ သြဂုတ်လတည်းက ဒူးဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဥ်တွေကို လွဲချော်ခဲ့တာပါ။ လက်ရှိ အချိန်မှာတော့ သူ့ရဲ့ ဒူးဒဏ်ရာက တော်တော်လေး အခြေအနေ ဆိုးရွားလာခဲ့တာကြောင့် ကစားသမား ဘဝက အနားယူလိုက်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရီဘာရီဟာ (၂၀၀၇) ကနေ (၂၀၁၉) အတွင်း ဘေယန်မြူးနစ်မှာ ကစားခဲ့ပြီး ချန်ပီယံလိဂ်၊ ဘွန်ဒက်စ်လီဂါ အပါအဝင် ကစားသမား ဘဝမှာ အဓိက ဆုဖလား (၂၅) လုံး အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာ ကစားသမားဘဝမှာ ပွဲပေါင်း (၇၉၆) ပွဲကစားပြီး (၁၇၇) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ရီဘာရီဟာ စီးရီးအေ ကလပ် ဖီအိုရင်တီးနား မှာလည်း ကစားခဲ့ဖူးပြီး လက်ရှိရာသီကုန်အထိတော့ ဆလာနီတာနာ အသင်းရဲ့ သံတမန် အဖြစ် ဆက်ရှိနေမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်