စက်တင်ဘာ ၂၈ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီးရဲ့ ပစ်မှတ် ကစားသမားဟာ အေစီမှာသာ ဆက်နေလိုကြောင်း မာလ်ဒီနီ ပြောကြား
အေစီမီလန် ဒါရိုက်တာ ပေါ်လို မာလ်ဒီနီက ပြီးခဲ့တဲ့ နွေရာသီမှာ ချဲလ်ဆီးက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ တိုက်စစ်မှူး ရာဖေးလ် လီယောင်က အသင်းမှာသာ ဆက်နေလိုကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
ဒီကစားသမားကို ချဲလ်ဆီးက ပြီးခဲ့တဲ့နွေရာသီတုန်းက ခေါ်ယူဖို့ ချဥ်းကပ်ခဲ့ပေမယ့် စီးရီးအေ ကလပ်ဘက်က ငြင်းဆန် ပယ်ချခဲ့ပါတယ်။ လက်ရှိအချိန်မှာ အေစီမီလန်က လီယောင်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးလျက် ရှိပါတယ်။ မာလ်ဒီနီက “လီယောင်က လာမယ့်နှစ် အနည်းငယ်ထိ အေစီမီလန်မှာ ဆက်နေမယ်လို့ နားလည်ထားပါတယ်”
“သူကိုယ်တိုင်လည်း ဒါကို ထုတ်ပြောပြီးသားပါ။ စာချုပ်သစ် အတွက် ဆွေးနွေးနေပြီး ကစားသမား အတွက် တန်ဖိုးကို သေချာပေါက် ပေးချေရမှာကို ကျနော်တို့ သိပါတယ်။ အသင်းက တိုးတက်လာတာနဲ့ အမျှ သူ့အတွက်လည်း အရာအားလုံးက အခွင့်အရေး ရှိလာမှာပါ”
ဂျူဗင်တပ်စ် ကနေ ပြန်လည် ထွက်ခွာဖို့ အစီအစဥ် မရှိတဲ့ ဗလာဟိုဗစ်
စီးရီးအေ ကလပ် ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ဟာ အသင်းကနေ ထွက်ခွာဖို့ အစီအစဥ် မရှိကြောင်း သတင်းရင်းမြစ်တွေက ဖော်ပြလာပါတယ်။ ဂျူဗင်တပ်စ်ဟာ လက်ရှိရာသီ စီးရီးအေမှာ ရလဒ်တွေ ဆိုးရွားနေပြီး နှစ်ပွဲသာ အနိုင်ရရှိထားပါတယ်။
ဒါပေမယ့် အမည်မဖော်လိုတဲ့ သတင်း အရင်းမြစ် တစ်ခုက “ဗလာဟိုဗစ်က အသင်းပြောင်းမှာ မဟုတ်ပါဘူး။ သူက ပုံစံကောင်း ပြသနေပြီး ဂျူဗင်တပ်စ် အတွက်ပဲ အာရုံစိုက်ထားပါတယ်။ သူ ဂျူဗင်တပ်စ်ကို ရောက်တာ တစ်နှစ်တောင် မပြည့်သေးပါဘူး”
“အသင်းကနေ ပြန်လည် ထွက်ခွာဖို့လည်း မရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ဗလာဟိုဗစ်ဟာ ပြီးခဲ့တဲ့ (၂၀၂၂) ဆောင်းရာသီ ကမှ ဂျူဗင်တပ်စ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ဒီရာသီမှာ အသင်း အတွက် စီးရီးအေ သွင်းဂိုး (၄) ဂိုး သွင်းယူပေးထားပါတယ်။
အီဘရာဟီမိုဗစ်ရဲ့ တင်ပါးပေါ်က တက်တူးတွေကို မြင်တွေ့ခဲ့ရတဲ့ ပရိသတ်များ
အေစီမီလန် တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်က သူ့ရဲ့ အင်စတာဂရမ်က တဆင့် သူ တင်ပါးမှာ ထိုးထားတဲ့ တက်တူးပုံတွေကို ချပြလာခဲ့ပါတယ်။
ဒါပေမယ့် အီဘရာဟီမိုဗစ်ဟာ သူ့တင်ပါးက တဆင့် လျှပ်စစ်ကုထုံးနဲ့ ကုသနေတဲ့ပုံကို မျှဝေခဲ့တာ ဖြစ်ပြီး ပရိသတ်တွေ အတွက်ကတော့ တင်ပါးပေါ်က တက်တူးတွေက ပြောစရာ ဖြစ်ခဲ့ရတာပါ။ အီဘရာဟီမိုဗစ်ဟာ ဒူးဒဏ်ရာ ခွဲစိတ် ကုသမှု ခံယူထားရပြီး လိုအပ်တဲ့ ကုသမှုတွေကို ဘက်ပေါင်းစုံ ကနေ ခံယူနေရပါတယ်။ အသက် (၄၁) နှစ် ပြည့်တော့မယ့် ဆွီဒင် ဂန္တဝင် တိုက်စစ်မှူးကြီးဟာ လက်ရှိ ရာသီမှာတော့ အေစီမီလန် အတွက် ပြန်လည် ကစားပေးနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ပြီးခဲ့တဲ့ ရာသီ အတွင်း ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့နောက် ဆွီဒီ နတ်ဘုရားကြီးရဲ့ ကစားသမား ဘဝကို အဆုံးသတ်တော့မယ်လို့ အားလုံးက ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကစားသမား ကိုယ်တိုင်က အနားမယူချင်သေးသလို အေစီမီလန် ကလည်း လက်ရှိရာသီကုန် အထိ အီဘရာဟီမိုဗစ်ကို စာချုပ် သက်တမ်း တိုးခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.