ဇူလိုင် ၃၁ ရက်နေ့ နံနက်ခင်း အထိ ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
နာပိုလီကို ရောက်ဖို့ တဖြည်းဖြည်း နီးစပ်လာတဲ့ ကီပါ
ချဲလ်ဆီးနဲ့ နာပိုလီ တို့ဟာ ဂိုးသမား ကီပါ အရစ်ဇာ ဘလာဂါ အတွက် သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒီကစားသမားကို နာပိုလီက တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ပြင်ဆင်ထားတာပါ။
ကီပါဟာ ၂၀၂၂ ကမ္ဘာ့ဖလား စပိန်လက်ရွေးစင် လူစာရင်းမှာ ပါဝင်ခွင့်ရဖို့ အတွက် ပုံမှန် ပွဲထွက်ခွင့် လိုအပ်နေပါတယ်။ စီးရီးအေ ကလပ် နာပိုလီ ကလည်း ဂိုးသမား အော့စ်ပင်နာရဲ့ နေရာကို အစားထိုးဖို့ ကီပါကို မျက်စိကျနေခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ကီပါ အတွက် အငှား ပြောင်းရွှေ့ကြေး ပေါင် (၁.၂၅) သန်း တောင်းဆိုသွားမှာ ဖြစ်ပြီး နာပိုလီက ကစားသမားရဲ့ လုပ်ခ ၇၅ ရာခိုင်နှုန်းကို ပေးချေရဖွယ် ရှိပါတယ်။ ချဲလ်ဆီးဟာ ချီကာဂို ဖိုင်းယားရဲ့ ဂိုးသမား ဆလိုနီနာကို ဒေါ်လာ ၁၅ သန်းနဲ့ ခေါ်ယူပြီး ဖြစ်တာကြောင့် ကီပါကို လက်လွှတ်ဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။
ကစားသမားဘဝ ကနေ ဘယ်တော့မှ အနားမယူဘူးလို့ ဆိုလာပြန်တဲ့ ဇလာတန်
စီးရီးအေ ကလပ် အေစီမီလန် တိုက်စစ်မှူးကြီးဟာ ဒူးဒဏ်ရာကို ခွဲစိတ် ကုသမှု ခံယူထားပေမယ့် အသင်းမှာ လာမယ့် ရာသီကုန် အထိ ဆက်ရှိမယ့် စာချုပ်သစ် တရပ်ကို ချုပ်ဆိုထားပြီး ဖြစ်ပါတယ်။
ဘယ်တော့ အနားယူမလဲ ဆိုတဲ့ ပရိသတ်တယောက်ရဲ့ မေးခွန်းကို အီဘရာဟီမိုဗစ်က “ဘယ်တော့မှ အနားယူသွားမှာ မဟုတ်ပါဘူး။ ကျနော်သာ အနားယူသွားရင် ဘောလုံး လောကကြီးက သေဆုံးသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ဟာ ခွဲစိတ်ကုသထားတဲ့ ဒဏ်ရာကြောင့် ဒီနှစ်ကုန်ပိုင်းမှသာ အေစီမီလန် အတွက် ပြန်လည် ကစားပေးနိုင်ဖွယ် ရှိပါတယ်။
ဒီပိုင်း အတွက် ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ် အကြား ညှိနှိုင်းဆွေးနွေးနေ
ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့ဟာ တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်းရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
ဘာစီလိုနာဟာ ဒီပိုင်းကို ရောင်းထုတ်ဖို့ ပြင်ဆင်ထားပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀) ဝန်းကျင်ရရှိမယ် ဆိုရင် အသင်း ကနေ ရှင်းထုတ်သွားမှာပါ။ ဒီပိုင်းဟာ နည်းပြ ဇာဗီရဲ့ အနာဂတ် စီမံကိန်းတွေ မှာလည်း ပါဝင်ခြင်းမရှိတော့ပါဘူး။
စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ဟာ ဒီပိုင်း အတွက် ကနဦး အငှားစာချုပ်နဲ့ ကမ်းလှမ်းသွားမှာ ဖြစ်ပြီး အဲ့ဒီနောက် မှာမှ ယူရိုသန်း ၂၀နဲ့ အပြီးသတ် ခေါ်ယူသွားမယ့် စာချုပ်ကို ချုပ်ဆိုဖွယ် ရှိပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.