နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ ညနေခင်း သတင်းများ (၂၇/၇/၂၀၂၂)

အခု တစ်ခါ မှာတော့ SBOTOP ပရိသတ်တွေ အတွက် ဇူလိုင် ၂၇ ရက်နေ့ ညနေခင်း အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကီပါကို ခေါ်ယူရေး စိတ်အားထက်သန်နေတဲ့ နာပိုလီ

စီးရီးအေ ကလပ် နာပိုလီ အသင်း ကတော့ လက်ရှိ နွေရာသီ အပြောင်းအရွှေ မပိတ်ခင် ချဲလ်ဆီး ဂိုးသမား ကီပါ အရစ်ဇာဘလာဂါကို အရခေါ်ယူနိုင်ဖို့ စိတ်အားထက်သန်နေတယ်လို့ နာမည်ကြီး AS က ဖော်ပြလာပါတယ်။

အသက် ၂၇ နှစ် အရွယ် စပိန် ဂိုးသမားဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဘီလ်ဘာအို ကနေ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၁.၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် မန်ဒီရဲ့ နောက် ဒုတိယ ဂိုးသမား အဖြစ်သာ ရှိနေခဲ့တာကြောင့် စတန်းဖို့ဒ်ဘရစ်ချ်ကို ထွက်ခွာဖို့ စဉ်းစားနေသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကီပါဟာ ၂၀၂၂ ကမ္ဘာ့ဖလား ကစားမယ့် လူးဝစ် အင်းနရစ်ခ်ရဲ့ လူစာရင်းမှာ ပါဝင်ချင်တာကြောင့် ပုံမှန် ပွဲထွက်ခွင့် ရနိုင်မယ့် အသင်းကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

နောက်ဆုံး ရရှိထားတဲ့ သတင်းတွေအရ ဆိုရင် နာပိုလီ အနေနဲ့ လန်ဒန် ကလပ်နဲ့ ၂၀၂၅ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ကီပါကို ခေါ်ယူဖို့ အတွက် ချဲလ်ဆီး အသင်းထံ ဆက်သွယ်ထားပြီးပြီလို့လည်း သိရပါတယ်။

နေပယ် ကလပ်ဟာ ပြီးခဲ့တဲ့ ရာသီ အကုန်က အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ဒေးဗစ် အော့စ်ပင်နာရဲ့ နေရာ အတွက် ဂိုးသမားသစ် ရှာဖွေနေတာ ဖြစ်ပြီး ချဲလ်ဆီး ကလည်း တစ်ပတ် လုပ်ခ ပေါင် ၁၅၅၀၀၀ ပေးချေနေရတဲ့ ကီပါကို ရှင်းထုတ်လိုနေတာကြောင့် အပြောင်းအရွှေ့ အထမြောက်ဖွယ် ရှိနေတယ်လို့လည်း သုံးသပ်နေကြပါတယ်။


တားမြစ်ဆေး သုံးစွဲမှုကြောင့် ယာယီပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ပါလိုမီနို

စီးရီးအေ ကလပ် အတ္တလန္တာရဲ့ နောက်ခံလူ ဟိုဆေး လူးဝစ် ပါလိုမီနို ကတော့ တားမြစ်ဆေး ပြဿနာကြောင့် ယာယီ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။
နန်ဒရိုလုန်း အမည်ရ ကြွက်သား ကြီးထွားဆေး သုံးစွဲထားတဲ့ အတ္တလန္တာ နောက်ခံလူ ပါလိုမီနို

စီးရီးအေ ကလပ် အတ္တလန္တာရဲ့ နောက်ခံလူ ဟိုဆေး လူးဝစ် ပါလိုမီနို ကတော့ တားမြစ်ဆေး ပြဿနာကြောင့် ယာယီ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဒီသတင်း ကိုတော့ တားမြစ်ဆေးဆိုင်ရာ တာဝန်ရှိသူတွေက အင်္ဂါနေ့က တရားဝင် အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ပါလိုမီနိုရဲ့ ဆီးနမူနာကို စစ်ဆေးရာမှာ ကမ္ဘာ့မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အေဂျင်စီက တားမြစ် သတ်မှတ်ထားတဲ့ နန်ဒရိုလုန်းလို့ ခေါ်တဲ့ အရာ အချို့ကို စစ်ဆေး တွေ့ရှိခဲ့တာကြောင့် အခုလိုပဲ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ နန်ဒရိုလုန်းဟာ ၁၉၉၀နဲ့ ၂၀၀၀ ပြည့်နှစ် အစောပိုင်းက စပြီး ပိတ်ပင်ထားခဲ့တဲ့ ကစားသမားတွေရဲ့ ကြွက်သား ကြီးထွားစေဖို့ စွမ်းဆောင်ရည် မြှင့်တင်ပေးတဲ့ ဆေးဝါးတမျိုး ဖြစ်ပါတယ်။ နန်ဒရိုလုန်း ကိုတော့ နာမည်ကျော်တွေ ဖြစ်တဲ့ အက်ဒ်ဂါဒေးဗစ်နဲ့ လက်ရှိ မန်စီးတီးနဲ့ နည်းပြ ပပ်ဂွာဒီယိုလာ တို့လည်း သုံးစွဲခဲ့ဖူးကြောင်း စစ်ဆေးတွေ့ရှိခဲ့ဖူးပါတယ်။

အသက် ၃၂ နှစ် အရွယ် အာဂျင်တီးနား နောက်ခံလူ အနေနဲ့ အခု ကိစ္စ အပေါ်မှာ တစ်စုံတစ်ရာ မှတ်ချက်ပေးထားခြင်း မရှိသလို အတ္တလန္တာ ဘက်ကလည်း သူတို့ အနေနဲ့ ပါလိုမီနိုရဲ့ ကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အကြောင်းကြားစာကို ရရှိထားကြောင်းသာ အတည်ပြုထားခဲ့ပါတယ်။


ဘရုဂျက် ကြယ်ပွင့်ကို လိဒ်စ်နဲ့ အပြိုင် ကြိုးပမ်းရမယ့် အေစီမီလန်

စီးရီးအေ ချန်ပီယံ အေစီမီလန် အသင်း ကတော့ ကလပ် ဘရုဂျက်ရဲ့ လူငယ် တိုက်စစ်မှူး ချားလ်စ် ဒီကက်တယ်လာရီကို ပရီးမီးယားလိဂ် ကလပ် လိဒ်စ်ယူနိုက်တက်နဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ် အရွယ် ဘယ်ဂျီယံ ကြယ်ပွင့်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ လိဒ်စ်ယူနိုက်တက်ရဲ့ ဦးစားပေး ပစ်မှတ်လည်း ဖြစ်ပါတယ်။

ကလပ် ဘရုဂျက် ကတော့ ကက်တယ်လာရီကို ပြောင်းရွှေ့ကြေး ပေါင် ၃၁ သန်း သတ်မှတ်ထားပြီး ကစားသမား ကိုယ်တိုင် ကတော့ အေစီမီလန်ကိုပဲ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ အေစီမီလန် အသင်းရဲ့ ဒါရိုက်တာ ပေါ်လို မာလ်ဒီနီ အနေနဲ့ ဘရုဂျက် အမှုဆောင် ဗင်းဆင့် မန်နာ့တ်နဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်လျက်ရှိပြီး စီးရီးအေ ကလပ် ကတော့ ကက်တယ်လာရီ ကို ပေါင် ၂၇ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်အထိ တရားဝင် ကမ်းလှမ်းမှု မပြုလုပ်ရသေးတာကြောင့် လိဒ်စ်ယူနိုက်တက်က လက်ဦးမှု ရယူဖို့ ကြိုးစားနေပြီး ပေါင်သန်း ၃၀ ကနေ ၃၄ သန်း ကြား ပမာဏ တစ်ခုနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်ပြီး ဘယ်ဂျီယံ ကလပ် ဘက်ကလည်း လက်ခံသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်