အင်တာမီလန်ကို စွန့်ခွာဖွယ် ရှိနေတဲ့ ရှာခရီညာ၊ ကက်ဆီကို အလိုက်ပေးပြီး ဘရိုဇိုဗစ်ကို ကမ်းလှမ်းချင်နေတဲ့ ဘာစီလိုနာ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၆ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လက်ရှိဆောင်းရာသီမှာ အင်တာမီလန်ကို စွန့်ခွာဖွယ် ရှိနေတဲ့ ရှာခရီညာ
အဆိုပါ စီးရီးအေ နောက်ခံလူဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက အသင်းကို စွန့်ခွာဖို့ သတင်းထွက်ခဲ့ပြီး ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ ကလည်း ဒီကစားသမား အတွက် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပါတယ်။
ဒါပေမယ့်လည်း အင်တာမီလန် ဘက်က ပြောင်းရွှေ့ကြေးကို တိုးမြှင့် တောင်းဆိုနေခဲ့တာကြောင့် အလုပ် မဖြစ်ခဲ့သလို ရှာခရီညာကို လိုချင်တဲ့ အသင်းတိုင်းက လက်လျှော့ထားခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိအချိန် မှာတော့ ရှာခရီညာကို ခေါ်ယူဖို့ အက်သလက်တီကိုမက်ဒရစ် ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ဘရိုဇိုဗစ်ကို လိုချင်လို့ ကက်ဆီနဲ့ အလိုက်ပေး ကမ်းလှမ်းချင်တဲ့ ဘာစီလိုနာ
ဘာစီလိုနာဟာ စီးရီးအေ ကလပ် အင်တာမီလန်ရဲ့ ကွင်းလယ်လူ မာဆယ်လို ဘရိုဇိုဗစ် အတွက် အသင်းရဲ့ ကွင်းလယ်လူ ဖရန့် ကက်ဆီနဲ့ ကစားသမားချင်း အလဲအထပ် ပြုလုပ်ဖို့ ဆန္ဒရှိနေပါတယ်။
လက်ရှိအချိန် မှာတော့ နှစ်သင်းကြား ဒီအပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မကြာခင် အချိန်အတွင်း အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ တိတိကျကျ သိရဖွယ် ရှိပါတယ်။
ဗီရိုနာကို အနိုင်ရခဲ့လို့ ပျော်ရွှင်နေတဲ့ လော်တာရို မာတီနက်ဇ်
အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်က စီးရီးအေ အိမ်ကွင်း ပွဲစဉ်မှာ ဗီရိုနာကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ အပေါ် ဝမ်းသာ ပျော်ရွှင်မိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
ပွဲအပြီး မှာတော့ မာတီနက်ဇ်က ဒီပွဲက ခက်ခဲမယ် ဆိုတာကို သိရှိခဲ့ကြောင်း၊ ဗီရိုနာကို တစ်ကွင်းလုံးမှာ လူကပ် ကစားခဲ့ပြီး အင်တာမီလန် ကလည်း ဂိုးစောစောရဖို့ ပြင်ဆင်ခဲ့ကြောင်း၊ အရေးပါတဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်မိကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.