အင်တာ ပရိသတ်တွေ မလိုလားမှာ စိုးရိမ်ခဲ့တဲ့ လူကာကူ၊ အမ်မရာဘတ် အတွက် ဈေးသတ်မှတ်လိုက်တဲ့ ဖီအိုရင်တီးနား စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၃ ရက်နေ့ အတွက် ရရှိထားသမျှ နောက်ဆုံးရ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဖီးလစ် နေရာမှာ အစားထိုးဖို့ လာဇီယို တိုက်စစ်မှူးကို စိတ်ဝင်စားနေတဲ့ အက်သလက်တီကို
အက်သလက်တီကိုမက်ဒရစ်ဟာ အဆိုပါ စီးရီးအေ တိုက်စစ်မှူး အပြင် ရီးရဲလ် ဘက်တစ် တိုက်စစ် ကြယ်ပွင့် ဘော်ဂျာ အိုင်ဂီ ဆီယက်စ်နဲ့ အယ်လ်ချီ တိုက်စစ်မှူး လူးကပ်စ်ဘိုယီ တို့ကိုလည်း ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပါသေးတယ်။
အင်တာ ပရိသတ်တွေနဲ့ အသင်းဖော်တွေက သူ့ကို မလိုလားမှာ စိုးရိမ်ခဲ့တဲ့ လူကာကူ
အင်တာမီလန် တိုက်စစ်မှူး ရိုမီလူ လူကာကူက ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ အင်တာမီလန် ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပြီးနောက် တစ်ရာသီ အကြာ မှာတင်ပဲ စီးရီးအေကို ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒီအပေါ်မှာ လူကာကူက အင်တာမီလန် ပရိသတ်တွေက ကျွန်တော် မြင်ဖူးသမျှထဲမှာ အကောင်းဆုံး ပရိသတ်တွေ ဖြစ်ကြောင်းနဲ့ အသင်း ခက်ခဲနေချိန် မှာတောင် ကူညီဖို့ ရှိနေကြောင်း၊ ပရိသတ်တွေနဲ့ အသင်းဖော်တွေက ကျွန်တော့်ကို စိတ်ဆိုးနေဦးမယ်လို့ ထင်ခဲ့ပေမယ့် အံ့အားသင့်ခဲ့ရကြောင်း၊ ဒါပေမယ့် ကျွန်တော့် နှလုံးသားထဲမှာ အင်တာမီလန်က အမြဲတမ်း ရှိနေခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။
အမ်မရာဘတ် အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်တဲ့ ဖီအိုရင်တီးနား
စီးရီးအေ ကလပ် ဖီအိုရင်တီးနားဟာ သူတို့ရဲ့ ကွင်းလယ်လူ ဆိုဖရန် အမ်မရာဘတ် အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၅၀) သတ်မှတ်လိုက်ကြောင်း သိရှိရပါတယ်။
အမ်မရာဘတ်ဟာ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလားမှာ မော်ရိုကိုနဲ့ အတူ ဆီမီးဖိုင်နယ် အဆင့် အထိ တက်ရောက်နိုင်ခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဥရောပထိပ်တန်း အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရသူပါ။
သူ့ကို ခေါ်ယူဖို့ လစ်ဗာပူးလ်နဲ့ တော့တင်ဟမ်စပါး တို့က စိတ်ဝင်စားနေပြီး ဖီအိုရင်တီးနားကတော့ အမ်မရာဘတ်ကို လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ လက်လွှတ်ရမယ် ဆိုရင်တော့ ယူရိုသန်း (၅၀) ရရှိမှသာ လက်လွှတ်သွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ လစ်ဗာပူးလ် ကတော့ သူတို့ အသင်းရဲ့ အားနည်းနေတဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းတဲ့ အနေနဲ့ အမ်မရာဘတ်ကို စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.