ကစားသမားတွေ အတွက် ဂုဏ်ယူကြောင်း ပြောလာတဲ့ မော်ရင်ဟို၊ အိုဆင်မ်ဟန်ကို ဘယ်နည်းနဲ့မှ ရောင်းချမှာ မဟုတ်တဲ့ နာပိုလီ အစရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၇ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကစားသမားတွေ အတွက် ဂုဏ်ယူကြောင်း မော်ရင်ဟိုပြော
ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုက အင်တာမီလန်ကို အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ စီးရီးအေ ပွဲအပြီးမှာ သူ့ရဲ့ ကစားသမားတွေ အတွက် ဂုဏ်ယူမိကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
ဒီရှုံးပွဲက ရိုးမားကို လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် အဆုံးသတ်သွားစေနိုင်ပါတယ်။ ဒါပေမယ့် ရိုးမား ကလည်း ဒီတစ်ရာသီလုံး ဒဏ်ရာ ပြဿနာတွေနဲ့ မကြာခဏ ရင်ဆိုင်ခဲ့ရတာပါ။ မော်ရင်ဟိုက ကစားသမားတွေ အတွက် ဘယ်လောက် ဂုဏ်ယူကြောင်း ဆိုတာကို ပွဲအပြီးမှာ ကျွန်တော် ပြောခဲ့ကြောင်း၊ ကစားသမား အများစုက ခြေထောက် တစ်ဖက်တည်းနဲ့ ဒါမှမဟုတ် ဒဏ်ရာတွေနဲ့ အံ့အားသင့်ဖွယ် အားထုတ်မှုကို ပြသခဲ့ကြောင်း၊ လူငယ် ကြယ်ပွင့်တွေ၊ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း မော်ရင်ဟိုက ရှုံးနိမ့်မှုက ခက်ခဲ ကြမ်းတမ်းပေမယ့် ဂုဏ်ယူကြောင်း၊ မနက်ဖြန်မှာ အသင်းက အားလပ်ရက် ရရှိမှာ ဖြစ်ပြီး သူကတော့ လေဗာကူဆင်နဲ့ ပွဲအတွက် ပြင်ဆင်မှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
အသင်း ရပ်တည်နေတဲ့ အဆင့်အပေါ် မပျော်ရွှင်ဘူး ဆိုတဲ့ အေစီမီလန် နည်းပြ
အေစီမီလန် နည်းပြ စတက်ဖီနို ပီအိုလီက မနေ့က လာဇီယိုကို အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီး အသင်းရဲ့ အမှတ်ပေးဇယား ရပ်တည်မှုကို မပျော်ရွှင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
လက်ရှိ စီးရီးအေမှာ နာပိုလီက ချန်ပီယံ ဖြစ်သွားခဲ့ပြီး လက်ရှိ ချန်ပီယံ အေစီမီလန် ကတော့ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်တောင် ရုန်းကန်နေရပါတယ်။ အေစီမီလန်ဟာ ထိပ်ဆုံး (၄) သင်း နေရာ အတွက် အနည်းဆုံး အသင်း (၆) သင်းနဲ့ ပြိုင်ဆိုင်နေရတာ ဖြစ်ပြီး လက်ရှိ မှာတော့ အဆင့် (၅) နေရာက ရပ်တည်နေပါတယ်။
လာဇီယိုနဲ့ ပွဲအပြီးမှာ ပီအိုလီက ဒီနေ့ပွဲ စွမ်းဆောင်ရည်နဲ့ နိုင်ပွဲ အတွက် လုံးဝကို ခံစားချက် ကောင်းမွန်ကြောင်း၊ အမှတ်ပေး ပြိုင်ပွဲမှာ ကျွန်တော်တို့က ပြီးသွားပြီဖြစ်ကြောင်း၊ လက်ရှိ အသင်းရဲ့ ရပ်တည်မှု အတွက် ကျွန်တော်တို့ မပျော်ရွှင်နိုင်ကြောင်း၊ အဲ့ဒါကြောင့်လည်း ဒီပွဲက ကျွန်တော်တို့ အတွက် အရေးပါတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အိုဆင်မ်ဟန်ကို ဘယ်နည်းနဲ့မှ ရောင်းချမှာ မဟုတ်တဲ့ နာပိုလီ
အဆိုပါ နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူးဟာ ဒီရာသီမှာ စီးရီးအေ ချန်ပီယံဖြစ်ခဲ့တဲ့ နာပိုလီ အတွက် အထူး ခြေစွမ်းပြခဲ့ပြီး အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဒီလော်ရန်းတစ် ကတော့ ကျွန်တော့် အနေနဲ့ အိုဆင်မ်ဟန်ကို လာမယ့် နွေရာသီမှာ ရောင်းချသွားမှာ မဟုတ်ကြောင်း၊ ဘယ်လိုနည်းလမ်းနဲ့ မဆို ရောင်းချသွားမှာ မဟုတ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.