နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စီးရီးအေ နောက်ဆုံးရ သတင်းများ (၁၇/ ၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ စီးရီးအေ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။



ရှခရီနီယာ အတွက် ဒရက်စ်လာနဲ့ ခါရာ တို့ကိုပါ အလိုက်ပေး ကမ်းလှမ်းခဲ့တဲ့ ပီအက်စ်ဂျီ


ပီအက်စ်ဂျီ အသင်း အနေနဲ့ စီးရီးအေ ကလပ် အင်တာမီလန်ရဲ့ ဗဟိုခံစစ်မှူး မီလန် ရှခရီနီယာ ကို ခေါ်ယူနိုင်ရေး အတွက် ဂျူလီယန် ဒရက်စ်လာနဲ့ သီလို ခါရာ တို့ကိုပါ အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပြင်သစ် ထိပ်သီးတို့ ခံစစ်ပိုင်းကို အားဖြည့်ဖို့ အတွက် မီလန် ရှခရီနီယာကို ကာလ အတန်ကြာ စောင့်ကြည့်ပြီးနောက် အခုလို တရားဝင် ကမ်းလှမ်းဖို့ ပြင်ဆင်နေတာ ဖြစ်ကြောင်း နာမည်ကြီး သတင်းထောက် ဂျီယန်လူကာ ဒီမာဇီယိုက ဖော်ပြပါတယ်။

သတင်းတွေ အရ ဆိုရင် အင်တာမီလန် အနေနဲ့ ရှခရီနီယာ အတွက် ယူရို သန်း ၈၀ လောက် အလိုရှိနေပေမယ့် ပီအက်စ်ဂျီ ကတော့ ယူရို သန်း ၅၀ အပြင် ကစားသမား တစ်ဦး သို့မဟုတ် နှစ်ဦး အထိ အလိုက်ပေးပြီး ကမ်းလှမ်းလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိတော့ အင်တာမီလန် ဘက်က ရှခရီနီယာကို ငွေသား သီးသန့်သာ လိုချင်နေပြီး သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေး ပေးနိုင်မယ့် အသင်းကို ရောင်းချဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ် အရွယ် ဆလိုဗက်ကီးယား ဗဟိုခံစစ် ကစားသမား ရှခရီနီယာ ကိုတော့ ပီအက်စ်ဂျီ အသင်း အပြင် ချဲလ်ဆီး အပါအဝင် ဥရောပထိပ်သီး အသင်းကြီး တော်တော်များများ ကလည်း ချိတ်ဆက်လျက်ရှိတယ်လို့ သိရပါတယ်။ ရှခရီနီယာ ဟာ ၂၀၁၇ ခုနှစ်က ဆမ်ဒိုးရီးယား ကနေ အင်တာမီလန် အသင်းထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ပွဲပေါင်း ၂၁၅ ပွဲ ကစားပြီး ၁၁ ဂိုးသွင်းယူထားပါတယ်။



တစ်နှစ်လုပ်ခ ပေါင် ၉ သန်း၊ ၄ နှစ်စာချုပ်နဲ့ တူရင် ပြန်သွားတဲ့ ပေါ့ဘာ


ပြင်သစ် ကွင်းလယ် ကစားသမား ပေါလ်ပေါ့ဘာ ကတော့ စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် အသင်းကို ၄ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားခဲ့ပြီလို့ သိရပါတယ်။ ပေါ့ဘာ ဟာ အခုလကုန်မှာ မန်ချက်စတာယူနိုက်တက် ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့သူ ဖြစ်ပြီး ၄ နှစ်ကြာ ကစားခဲ့ဖူးတဲ့ အသင်းဟောင်း ဂျူဗင်တပ်စ်ဆီ ပြန်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာကို လာလီဂါ ထိပ်သီး ရီးရဲယ်မက်ဒရစ်နဲ့ လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီ တို့ကလည်း ကမ်းလှမ်းခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က သူ့မိသားစု သဘောကျတဲ့ တူရင်မြို့ကိုပဲ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

ဂျေလိဂ်
ယူရားဝါး ရဒ် ဒိုင်းမွန်း
နဂိုရာ ဂရန်ပက်စ်
1X2 နဂိုရာ ဂရန်ပက်စ် @ 3.45
ယူရားဝါး ရဒ် ဒိုင်းမွန်း အာရှ အကျောပေး -0.50 @ 2.21
ဂိုး‌အောက် 1.75 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အတည်ပြုနိုင်တဲ့ သတင်းတွေ အရ ဆိုရင် ပေါ့ဘာဟာ ဂျူဗင်တပ်စ်မှာ တစ်နှစ် လုပ်ခ ပေါင် ၉ သန်း အထိ ရရှိမယ်လို့ သိရပါတယ်။ ပေါ့ဘာ ဟာ လက်ရှိ နည်းပြ မက်စ် အယ်လီဂရီ လက်အောက်မှာ ၂၀၁၂ ခုနှစ် ကနေ ၂၀၁၆ ခုနှစ် အထိ ကစားခဲ့ဖူးပြီး ဂျူဗင်တပ်စ်နဲ့ အတိုင်းအတာ တစ်ခု အထိ အောင်မြင်မှု ရခဲ့သူလည်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ခဲ့ချိန်မှာတော့ မကြာခဏ ဒဏ်ရာရခဲ့သလို သူ့ရဲ့ အပြုအမူနဲ့ ပြောစကားတွေကြောင့်လည်း ပရိသတ် တော်တော်များများရဲ့ မုန်းတီးခြင်းကို ခံခဲ့ရပါတယ်။ လက်ရှိ မှာလည်း ပေါ့ဘာရဲ့ ပြောစကား တချို့ကြောင့် ယူနိုက်တက် အသိုင်းအဝိုင်း တစ်ခုလုံး ဒေါသထွက်နေတယ်လို့ သိရပြီး ကစားသမားက ယူနိုက်တက်ဟာ သူ့ကို စာချုပ်သက်တမ်းတိုးဖို့ လေးလေးနက်နက် ကြိုးစားခဲ့ခြင်း မရှိဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ပေါ့ဘာက ယူနိုက်တက်တို့ ထိုက်တန်တဲ့ ကမ်းလှမ်းမှု မလုပ်ခဲ့တာ မှားယွင်းကြောင်း တခြား ကလပ်နဲ့ သက်သေပြသွားမယ်လို့ ဆိုခဲ့ပါသေးတယ်။



ဆကမ်မက်ကာနဲ့ ပတ်သတ်ပြီး ပီအက်စ်ဂျီနဲ့ ဆွေးနွေးထားတယ်လို့ ဆိုလာတဲ့ ဂျီယိုဗန်နီ ကာနီဗယ်လီ


အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဂျီယန်လူကာ ဆကမ်မက်ကာနဲ့ ပတ်သတ်လို့ ပီအက်စ်ဂျီနဲ့ ဆွေးနွေးထားကြောင်း စီးရီးအေ ကလပ် ဆာဆွယ်လို အသင်းရဲ့ ဒါရိုက်တာ ဂျီယိုဗန်နီ ကာနီဗယ်လီ က ပြောကြားလိုက်ပါတယ်။

ကာနီဗယ်လီက ပီအက်စ်ဂျီရဲ့ ဥက္ကဌ သစ် လူးဝစ် ကမ်ပို့စ်နဲ့ ရင်းနှီးမှု ရှိပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ကြောင်း၊ ကစားသမား တော်တော်များများ အကြောင်း ပြောဖြစ်ခဲ့ကြပေမယ့် အဓိက ကတော့ ဆကမ်မက်ကာနဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြကြောင်း Sky Sportနဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

အီတလီ ကြယ်ပွင့် ဆကမ်မက်ကာဟာ ဂျီနိုအာ အသင်း ကနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆာဆွယ်လို အတွက် ၃၆ ပွဲ ကစားခဲ့ရာမှာ ၁၆ ဂိုး သွင်းယူပြီး အချိန်တိုတွင်း သူ့ရဲ့ ခြေစွမ်းခြေစကို ပြသနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဆက်လက်ပြီး ကာနီဗယ်လီက ဆကမ်မက်ကာကို စိတ်ဝင်စားနေတဲ့ ကလပ် အသင်း များစွာ ရှိနေတယ်လို့ ဆိုခဲ့ပြီး ဘယ်အသင်းတွေလည်း ဆိုတာတော့ အတိအကျ မပြောသွားခဲ့ပါဘူး။ ကနဦး သတင်းတွေ မှာတော့ ဆကမ်မက်ကာကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ စီးရီးအေ ထိပ်သီးတွေ ဖြစ်တဲ့ အေစီမီလန်နဲ့ နာပိုလီ ကလည်း စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်