အခုတစ်ခါ မှာတော့ ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ စီးရီးအေ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကူလီဘာလီ အတွက် ငွေသားအပြင် ဂတ်တီကိုပါ အလိုက်ပေး ကမ်းလှမ်းသွားမယ့် ဂျူဗင်တပ်စ်
စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် ကတော့ ခံစစ်ပိုင်း အင်အား ဖြည့်တင်းဖို့ အတွက် နာပိုလီက ကာလီဒူ ကူလီဘာလီကို ပစ်မှတ်ထားလျက် ရှိပြီး ပြောင်းရွှေ့ကြေး အပြင် ဖက်ဒရစ်ကို ဂတ်တီ ကိုပါ အလိုက်ပေး ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဂျူဗင်တပ်စ်တို့ ခံစစ်မှူး နှစ်ဦး ဖြစ်တဲ့ ဒါမီရယ်နဲ့ ခီလီနီတို့ မရှိတော့တဲ့နောက် ခံစစ်ပိုင်း အတွက် မဖြစ်မနေ ကစားသမားသစ် ခေါ်ယူဖို့ လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။
La Gazzetta dello Sport ရဲ့ ဖော်ပြချက် အရ စီးရီးအေ ထိပ်သီးတို့ ဒါမီရယ်ရဲ့ အပြောင်းအရွှေ့ ကနေ ရတဲ့ ငွေသားအပြင် အသင်းရဲ့ လူငယ်ခံစစ်မှူး ဂတ်တီကိုပါ အလိုက်ပေးပြီး ကူလီဘာလီကို ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ သိရပြီး နာပိုလီ ကတော့ ယူရို သန်း ၄၀ လောက် လိုချင်နေတယ်လို့ သိရပါတယ်။ ကူလီဘာလီဟာ နေပဲလ်စ် ကလပ်နဲ့ စာချုပ်သက်တမ်း ၁ နှစ် ကျန်ရှိနေပြီး လာမယ့် နွေရာသီမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရှိနေသူ ဖြစ်ပါတယ်။
လက်ရှိမှာ အိုးလေဒီ တို့ရဲ့ ခံစစ်ပိုင်းက ကစားသမား အများစု ထွက်ခွာသွားခဲ့တာကြောင့် တော်တော်လေး အားနည်းနေပြီး ဘိုနူချီနဲ့ အတူ တွဲဖက် ကစားနိုင်မယ့် အတွေ့အကြုံရင့် ဗဟိုခံစစ်မှူး တစ်ဦး လိုအပ်နေတာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ကစားချင်တာကြောင့် အသင်း ကနေ ထွက်မယ်လို့ ဆိုလာတဲ့ ဘရီမာ
အင်တာမီလန် အသင်းရဲ့ အဓိက ပစ်မှတ် ဂလိုင်ဆင် ဘရီမာ အနေနဲ့ ချန်ပီယံလိဂ် ကစားချင်တာကြောင့် တိုရီနီ ကနေ ထွက်ခွာလိုကြောင်း နောက်ထပ် တစ်ကြိမ် ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် ဗဟိုခံစစ်မှူး ကတော့ ပြီးခဲ့တဲ့ ရာသီ စီးရီးအေရဲ့ အကောင်းဆုံး ခံစစ်မှူး အဖြစ် သတ်မှတ်ခံခဲ့ရပြီးနောက် အသင်းကြီး တော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
ESPN နဲ့ အင်တာဗျူးမှာ ဘရီမာက “ကျွန်တော် ချန်ပီယံလိဂ်နဲ့ နိုင်ငံလက်ရွေးစင် အသင်း အတွက် ကစားချင်တဲ့ ဆန္ဒရှိတယ် ဆိုတာ အားလုံး သိကြပါတယ်။ ပြီးခဲ့တဲ့ ရာသီကတည်းက အသင်းကနေ ထွက်ခွာချင်ခဲ့တာပါ။ ဒါပေမယ့် နည်းပြရဲ့ တောင်းဆိုမှုအရ အသင်းမှာ ဆက်နေခဲ့ပေမယ့် ဒီနှစ် မှာတော့ နောက်ထပ် ခြေလှမ်းတွေ ဆက်လှမ်းပါမယ်။ ကျွန်တော်ရဲ့ နှုတ်ဆက်ရမယ့် အချိန် ရောက်ပြီလို့ ထင်ပါတယ်။ အခုလောလောဆယ်တော့ ကမ်းလှမ်းချက်တွေကို စဉ်းစားနေပါတယ်။ သေချာတာ ကတော့ နောက်ရာသီ တူရင်မှာ ဆက်ရှိနေတော့မှာ မဟုတ်ပါဘူး။
နည်းပြ ဆိုင်မွန် အင်ဇာဂီ အနေနဲ့ အသင်းကနေ ထွက်ခွာဖွယ် ရှိနေတဲ့ မီလန် ရှခရီနီယာနဲ့ ဘက်စတိုနီတို့ နေရာမှာ ရေရှည် အတွက် ဘရီမာနဲ့ အစားထိုးဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။ တစ်ခုရှိတာက လက်တလော ဘရီမာကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ချဲလ်ဆီးလည်း ပါဝင်လာခဲ့ပြီး အင်တာမီလန် အတွက်တော့ စိုးရိမ်စရာ အခြေအနေ တစ်ခုလည်း ဖြစ်ပါတယ်။
တိုက်စစ်မှူး ၃ ဦးကို ပစ်မှတ်ထား စောင့်ကြည့်နေတဲ့ ဖီအိုရင်တီးနား
နောက်ထပ် စီးရီးအေ ကလပ် တစ်ခု ဖြစ်တဲ့ ဖီအိုရင်တီးနား ကလည်း ရာသီသစ် အတွက် ကစားသမား အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး ကစားသမား ၃ ဦးကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ သတင်းတွေ အရ ဆိုရင် ဖီအိုရင်တီးနားတို့ ရီးရဲယ်မက်ဒရစ်က လူကာယိုဗစ်၊ ဘရိုဟာ မိုယိုရဲလ်နဲ့ တိုရီနိုက အန်ဒရီယာ ဘယ်လော့တီကို အဓိကထား စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
ဟာသာဘာလင်က အငှားနဲ့ ခေါ်ယူထားတဲ့ ခရစ်တော့ဖ် ပီယာတက်ခ်ဟာ ထင်ထား သလောက် ခြေစွမ်း ပြသနိုင်ခြင်း မရှိသလို အလက်ဇန္တား ကိုကိုရင် ကလည်း အသင်း ကနေ ထွက်ခွာဖို့ ရှိနေတာကြောင့် ဖီအိုရင်တီးနား အတွက် အားကိုးလို့ ရတဲ့ တိုက်စစ်မှူး ဆိုလို့ အာသာ ကာဘရယ် တစ်ဦးသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။
ဖီအိုရင်တီးနားရဲ့ နံပါတ် ၁ ပစ်မှတ်ဟာ ရီးရဲယ်မက်ဒရစ်မှာ နေရာမရ ဖြစ်နေတဲ့ လူကာယိုဗစ် ဖြစ်ပြီး မြင့်မားတဲ့ လုပ်ခ လစာတော့ ပေးချေရဖွယ် ရှိနေပါတယ်။ ဒါပေမယ့်လည်း လူကာယိုဗစ်ရဲ့ အေးဂျင့် ဖြစ်သူ ဖာလီ ရာမာဒါမီဟာ ဖီအိုရင်တီးနား နည်းပြ ဗင်ဆန်ဇို အီတလီယာနိုနဲ့ နီကိုလာ မီလန်ကိုဗစ် တို့ရဲ့ အေးဂျင့်လည်း ဖြစ်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ဖို့တော့ နီးစပ်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဒါ့အပြင် ရီးရဲယ်မက်ဒရစ် အနေနဲ့ လုပ်ခလစာ လျှော့ချနိုင်ဖို့ လူကာယိုဗစ်ကို နောက်ထပ် တစ်ကြိမ် အငှား ထွက်ကစားစေဖို့ များနေတယ်လို့လည်း သိရပါတယ်။ လူကာယိုဗစ်ကို မခေါ်နိုင်ရင်တော့ မိုယိုရယ်နဲ့ တိုရီနို ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရထားတဲ့ ဘယ်လော့တီကို အရခေါ်ယူသွားဖို့ ကြိုးစားမယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.