နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ နောက်ဆုံးရ သတင်းများ (၂၂/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင် ၂၂ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချဲလ်ဆီးမှာ မပျော်ရွှင််တော့တဲ့ ဗာနာကို ဂျူဗင်တပ်စ် ပစ်မှတ်ထားလာ


ဂျူဗင်တပ်စ် အသင်း ကတော့ ချဲလ်ဆီးမှာ အဆင်မပြေ ဖြစ်နေတဲ့ ဂျာမန် တိုက်စစ်မှူး တီမိုဗာနာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဗာနာဟာ အသင်းပြောင်းရွှေ့နိုင်ဖွယ် ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် နည်းပြ တူချယ်ရဲ့ စိတ်ပျက် သဘောမကျမှုနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။


စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ဟာ ဒီလစ်ဂျ် အတွက် ချဲလ်ဆီးတို့ လာရောက် ကမ်းလှမ်းချိန်တည်းက ဗာနာကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ အလိုရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလစ်ဂျ်က ဘေယန်မြူးနစ် ကိုသာ ရွေးချယ်သွားတာကြောင့် ဗာနာ ကလည်း ချဲလ်ဆီးမှာပဲ ဆက်ရှိနေခဲ့ရတာ ဖြစ်ပါတယ်။


မြောက်လန်ဒန် ကလပ်မှာ ပုံမှန် ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ဗာနာ ကလည်း အသင်းသစ် ပျော်ရွှင်နိုင်ကြောင်း အရိပ်အမြွက် ပြောကြားထားပါတယ်။ လက်တလောတော့ ဂျူဗင်တပ်စ်တို့ မိုရာတာကို ပြန်လည် ခေါ်ယူဖို့ ပစ်မှတ်ထားနေပေမယ့် အဆင်မပြေခဲ့ရင်တော့ ဗာနာကို ပြောင်းလဲကမ်းလှမ်းလာဖွယ် ရှိပါတယ်။



ဘရီမာ ပြီးတော့ မီလန်ကိုဗစ်ကို အပြိုင် လုကြဦးမယ့် ဂျူဗီနဲ့ အင်တာ


တိုရီနို နောက်ခံလူ ဘရီမာ အတွက် အပြိုင်အဆိုင် ဖြစ်ခဲ့ပြီးတဲ့နောက် ဂျူဗင်တပ်စ်နဲ့ အင်တာမီလန် တို့ဟာ ဖီအိုရင်တီးနား နောက်ခံလူ နီကိုလာ မီလန်ကိုဗစ်ကို အပြိုင်အဆိုင် ကြိုးပမ်းနေကြပြန်တယ်လို့ သိရပါတယ်။ ဘရီမာ ကိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဂျူဗင်တပ်စ်တို့ လက်ဦးမှု ရယူကာ ခေါ်ထားပြီး ဘေယန်မြူးနစ်ကို ပြောင်းသွားတဲ့ ဒီလစ်ဂျ် နေရာ အတွက် အစားထိုးနိုင်ခဲ့တာ ဖြစ်ပါတhttps://sitemaps.kebunbola.com/mm/football-mm/serie-a-mm/serie-a-update-news-20-7-2022/ယ်။


စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ်ဟာ မီလန်ကိုဗစ်ကို အရင်တည်းက စောင့်ကြည့်ခဲ့ဖူးပြီး အခုတခါ မှာတော့ တရားဝင် ကြိုးစားလာဖို့ ရှိနေတာပါ။ ဆာဘီးယား ဗဟိုနောက်ခံလူဟာ ပြီးခဲ့တဲ့ ရာသီက ဖလောရန့်စ် ကလပ်နဲ့ ၁ နှစ်သာ စာချုပ် သက်တမ်း တိုးခဲ့တာကြောင့် လာမယ့် ရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရမယ့်သူ ဖြစ်ပါတယ်။


ဒီအခြေအနေဟာ ဖီအိုရင်တီးနား အတွက် သဘောကျစရာ မဟုတ်တာကြောင့် မီလန်ကိုဗစ်ကို လက်ရှိ နွေရာသီ မှာတင်ပဲ ရောင်းထုတ်သွားဖို့ စဉ်းစားနေကြောင်း အီတလီ အခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။ အင်တာမီလန် ကလည်း နောက်ခံလူ ရှက်ခရီနီယာနဲ့ ပီအက်စ်ဂျီရဲ့ လက်ရှိ အနေအထားကို စောင့်ကြည့်နေပြီး အဆင်မပြေရင်တော့ မီလန် ကိုဗစ်ကို ကြိုးစားသွားမယ်လို့ သိရပါတယ်။



နာပိုလီရဲ့ ကမ်းလှမ်းမှုကို အလေးအနက်ထား စဥ်းစားနေတဲ့ ဘာစီလိုနာ ဂိုးသမား


ဘာစီလိုနာ ဂိုးသမား နီတိုဟာ စီးရီးအေ ကလပ် နာပိုလီရဲ့ ကမ်းလှမ်းမှုကို အလေးအနက်ထား စဥ်းစားနေတယ်လို့ သိရပါတယ်။ နီတိုဟာ လက်ရှိအချိန်မှာ ဘာစီလိုနာနဲ့အတူ အမေရိကန် ရာသီကြို ခြေစမ်းပွဲ ခရီးစဥ်ကို လိုက်ပါသွားခဲ့ပေမယ့် စပိန်ကို ပြန်ရောက်ချိန်မှာ အသင်း ကနေ ရောင်းထုတ်ခံရဖွယ် ရှိနေသူ ဖြစ်ပါတယ်။


နာပိုလီဟာ အော့စ်ပီနာရဲ့ နေရာမှာ နီတိုကို အစားထိုးဖို့ စဥ်းစားနေတာ ဖြစ်ပြီး နေပဲလ် ကလပ်ဟာ ပီအက်စ်ဂျီ ဂိုးသမား ကေလာ နာဗက်စ်နဲ့ ချဲလ်ဆီး ကီပါ တို့ကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။


နီတိုကို လာလီဂါ အလယ်အလတ် အဆင့်ရှိ အသင်း တစ်သင်း ဖြစ်တဲ့ ဆဲလ်တာဗီဂို ကလည်း ကမ်းလှမ်းထားခဲ့သေးပေမယ့် ကစားသမား ကိုယ်တိုင်ရဲ့ ငြင်းဆန် ပယ်ချခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ် အရွယ် ဂိုးသမား နီတိုဟာ ၂၀၁၉ ခုနှစ်က နူးကမ့်ကို ရောက်ရှိလာခဲ့ပြီး တာစတီဂန်ရဲ့ အရံ ဂိုးသမား အဖြစ်သာ သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်