နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ နောက်ဆုံးရ သတင်းများ (၂၄/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင် ၂၄ ရက်နေ့ မနက်ပိုင်း အထိ ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရော်နယ်ဒိုရဲ့ ဂျာစီ ရောင်းအား စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့ ဒီဘားလား

အီတလီမှာ ခရစ္စတီယာနို ရော်နယ်ဒို စံချိန်တင်ထားတဲ့ တစ်ရက်တာ အတွင်း ဂျာစီ ရောင်းအား အများဆုံး စံချိန်ကို ရိုးမား တိုက်စစ်မှူးသစ် ပေါ်လို ဒီဘားလားက ချိုးဖျက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီဘားလားဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ် ကနေ နောက်ထပ် စီးရီးအေ ကလပ် ရိုးမားကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။

တစ်ရက်တာ အတွင်း ဒီဘားလားရဲ့ ရိုးမား ဂျာစီ ရောင်းချရမှု အရေအတွက်ဟာ ရော်နယ်ဒို ဂျူဗင်တပ်စ်ကို ရောက်ရောက်ချင်း တစ်ရက်တာ အတွင်း ရောင်းချရတဲ့ ဂျာစီ အရေအတွက်ကို ကျော်လွန်သွားခဲ့တာ ဖြစ်ပြီး ဒီဘားလား ချိုးဖြတ်သွားတဲ့ ဂျာစီအရေအတွက်နဲ့ ပတ်သက်လို့တော့ ကိန်းဂဏန်း အတိအကျကို တရားဝင် ဖော်ပြထားခြင်း မရှိပါဘူး။ ရော်နယ်ဒိုဟာ ၂၀၁၈ ခုနှစ်မှာ ရီးရဲယ်မက်ဒရစ် ကနေ ဂျူဗင်တပ်စ် အသင်းကို ပြောင်းရွှေ့ခဲ့စဉ်တုန်းက အခုလို စံချိန်ကောင်း တစ်ခုကို တင်ထားခဲ့ဖူးတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ ဒီဘားလား တို့ဟာ ဂျူဗင်တပ်စ်မှာ အတွဲညီခဲ့ကြပြီး ပြီးခဲ့တဲ့ ရာသီမှာ ရော်နယ်ဒိုက ယူနိုက်တက်၊ အခု နွေရာသီမှာ ဒီဘားလားက ရိုးမားကို အသီးသီး ပြောင်းရွှေ့ ကစားခဲ့ကြသူတွေ ဖြစ်ပါတယ်။


မီလန်မှာပဲ ပျော်ရွှင်နေတယ်လို့ ဆိုလာတဲ့ ဒီးယက်ဇ်

ရီးရဲယ်မက်ဒရစ် ကနေ စီးရီးအေ ကလပ် အေစီမီလန်မှာ အငှားနဲ့ လာကစားနေတဲ့ ကွင်းလယ်လူ ဘရာဟင်မ် ဒီးယက်ဇ်က လက်ရှိ မီလန်မြို့မှာပဲ ပျော်ရွှင်နေကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒီးယက်ဇ်ဟာ ပြီးခဲ့တဲ့ ရာသီက အေစီမီလန်နဲ့အတူ စီးရီးအေ ချန်ပီယံဆုကို ကိုင်မြှောက်ထားနိုင်သူ ဖြစ်ပါတယ်။

ဒီးယက်ဇ်ရဲ့ အငှားစာချုပ် သက်တမ်းက ၂၀၂၃ အထိ တိုးမြှင့်ချုပ်ဆိုထားပြီး အသင်းမှာသာ ပျော်ရွှင်နေတဲ့ အကြောင်းကို ဒီးယက်ဇ်က အခုလိုပဲ ပြောပါတယ်။ “ကျနော် အေစီမီလန်မှာ အားလုံး အဆင်ပြေနေပါတယ်။ ပရော်ဖက်ရှင်နယ် အရရော၊ ပုဂ္ဂိုလ်ရေး အရရောပေါ့။ အေစီမီလန် အတွက် ကျနော် အရာအားလုံး ပေးဆပ်လိုပြီး ဒီအတွက်လည်း ဆက်လက် ကြိုးစားသွားပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒီးယက်ဇ်ဟာ အေစီမီလန်၊ ရီးရဲယ်မက်ဒရစ်၊ မန်စီးတီး တို့နဲ့ အမှတ်ပေးချန်ပီယံဆုတွေ ဆွတ်ခူးထားနိုင်တဲ့ ပထမဆုံး စပိန် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။


ဆာဆွယ်လို တိုက်စစ်မှူးကို ခေါ်ယူဖို့ ဝက်စ်ဟမ်းတို့ သဘောတူညီမှုရရှိ

ဝက်စ်ဟမ်းဟာ စီးရီးအေ ကလပ် ဆာဆွယ်လို တိုက်စစ်မှူး ဂျီယန်လူကာ ဆကမ်မက်ကာကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင် (၃၅.၅) သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ ဒီပမာဏက အပိုဆုကြေး ပေါင် ၅ သန်းပါ ထည့်သွင်းတွက်ချက်ပြီး ပမာဏလည်း ဖြစ်ပါတယ်။

အသက် ၂၃ နှစ် အရွယ် အီတလီ လက်ရွေးစင် တိုက်စစ်မှူးဟာ နိုင်ငံ အသင်း အတွက် ၅ ပွဲ ပါဝင်ကစားပေးထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဆကမ်မက်ကာ ဟာ ဆာဆွယ်လို အတွက် အမှတ်ပေးပွဲစဉ် ၃၆ ပွဲ ကစားပြီး ၁၆ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဆကမ်မက်ကာကို ခေါ်ယူပြီးနောက် ဝက်စ်ဟမ်းက ဖရန့်ဖတ် တောင်ပံကစားသမား ကော့စတစ် ကိုလည်း စိတ်ဝင်စားနေတယ် ဆိုပြီး သတင်းတွေ ထွက်နေပါသေးတယ်။

ကော့စတစ်ရဲ့ အေးဂျင့် အလက်ဆန်ဒရို လူချီ ကလည်း ဆကမ်မက်ကာရဲ့အေးဂျင့်ပဲ ဖြစ်ပြီး ဝက်စ်ဟမ်း ကတော့ အပြောင်းအရွှေ့ နှစ်ခုကို တဆက်တည်း ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဝက်စ်ဟမ်းဟာ လက်စတာ ဘယ်နောက်ခံလူ လုခ် သောမက်စ်၊ နာပိုလီ ကွင်းလယ်လူ ဇီလင်စကီးနဲ့ ချဲလ်ဆီး တိုက်စစ်မှူး အာမန်ဒို ဘရော်ဂျာ တို့ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်