နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ နောက်ဆုံးရ သတင်းများ (၂၆/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင် ၂၆ ရက်နေ့ ညနေပိုင်းအထိ ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရိုးမား ကြယ်ပွင့် အတွက် ကမ်းလှမ်းလာဖွယ်ရှိတဲ့ စပါး

တော့တင်ဟမ်ဟော့စပါးဟာ စီးရီးအေ ကလပ် ရိုးမားရဲ့ ကွင်းလယ်လူ နီကိုလို ဇန်နီယိုလိုကို ကမ်းလှမ်းလာဖွယ်ရှိကြောင်း သိရှိရပါတယ်။ ရိုးမားဟာ ဒီဘားလားကို ခေါ်ယူပြီးနောက် ဇန်နီယိုလိုကို ပြန်လည် လက်လွှတ်ခံဖို့ စဥ်းစားနေတာလည်း ဖြစ်ပါတယ်။

ကစားသမားနဲ့ ရိုးမား အကြား စာချုပ်သစ်ကိစ္စ ဆွေးနွေးမှု ကလည်း ရပ်တန့်သွားခဲ့ပြီး ရိုးမားက ဇန်နီယိုလို အတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၂.၅ သန်း သတ်မှတ်ထားပါတယ်။ ဂျူဗင်တပ်စ် ကလည်း ဇန်နီယိုလိုကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေပြီး ကစားသမား ကိုယ်တိုင်ကလည်း ဂျူဗင်တပ်စ် ပရိသတ် ဖြစ်ပါတယ်။ ဇန်နီယိုလိုဟာ အီတလီမှာ ဆက်နေဖို့ ဆန္ဒရှိနေပေမယ့် ဂျူဗင်တပ်စ် ကတော့ ဇန်နီယိုလိုကို ခေါ်ယူဖို့ အတွက် အသင်းမှာ ရှိပြီးသား ကစားသမားတွေကို အရင်ဆုံး ရောင်းထုတ်ဖို့ လိုအပ်နေပါတယ်။

ကွန်တီဟာ လက်ရှိ နွေရာသီမှာ အသင်းကို အားဖြည့်မှု အများအပြား ပြုလုပ်ထားပေမယ့် ဇန်နီယိုလိုကို မျက်စိကျနေဆဲ ဖြစ်ပြီး စပါးတို့ အီတလီ လူငယ် ကစားသမားကို ခေါ်ယူနိုင်မလား စောင့်ကြည့်ရမှာပါ။


အင်တာမီလန်နောက်ခံလူကို ဘာစီလိုနာနဲ့ ယူနိုက်တက် အပြိုင်ကြိုးစားဖွယ်ရှိ

အင်တာမီလန်က ရောင်းချဖို့ ပြင်ဆင်နေတဲ့ ညာနောက်ခံလူ ဒန်ဇဲလ် ဒမ်းဖရီးစ်ကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ အပြိုင် ကြိုးစားလာဖွယ် ရှိတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ အဲ့ဒီ အသက် ၂၆ နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကိုတော့ အင်တာမီလန်က အရောင်းစာရင်း တင်ထားတာ ဖြစ်ပါတယ်။

စီးရီးအေ ကလပ် အင်တာမီလန်ဟာ ဘဏ္ဍာရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ဒမ်းဖရီးစ် အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ရရှိရင် ရောင်းချသွားမယ်လို့ သိရှိရပါတယ်။ နယ်သာလန် ကစားသမားတွေကို သဘောကျတဲ့ တန်ဟက်ခ် အနေနဲ့ ယူနိုက်တက် အတွက် လိုအပ်နေတဲ့ ညာနောက်ခံလူ နေရာကို ဖြည့်တင်းဖို့ ကျိန်းသေပေါက် ဒမ်းဖရီးစ်ကို စိတ်ဝင်စားလာနိုင်ပါတယ်။

ဘာစီလိုနာ ကလည်း ဝါရင့်နောက်ခံလူကြီး ဒန်နီအဲလ်ဗက်စ်ကို အသင်းကနေ ထွက်ခွင့်ပေးထားတာကြောင့် ညာနောက်ခံလူ နေရာကို ပြန်လည် အင်အားဖြည့်တင်းဖို့ လိုအပ်နေပြီး ဘာစီလိုနာနဲ့ ယူနိုက်တက်တို့ ဒမ်းဖရီးစ် အတွက် အပြိုင် ကြိုးပမ်းလာဖွယ် ရှိနေကြောင်း ဖော်ပြနေကြတာ ဖြစ်ပါတယ်။


မိုရာတာကို မခေါ်ယူနိုင်ခဲ့ရင် မာစီရယ်လ်ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်ဟာ အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို့ ကြိုးစားမှု မအောင်မြင်ခဲ့ရင် ယူနိုက်တက် တိုက်စစ်မှူး အန်တိုနီ မာစီရယ် ကို ကြိုးစားလာနိုင်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေပါတယ်။

မိုရာတာဟာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်မှာ နှစ်ရာသီ အငှားနဲ့ လာရောက် ကစားခဲ့ပြီးနောက် စပိန် ကလပ်ထံ ပြန်သွားခဲ့သူ ဖြစ်ပါတယ်။ ဒီကစားသမားကို ပြန်လည်ခေါ်ယူပေးဖို့ နည်းပြ အယ်လီဂရီက ဆန္ဒရှိနေပေမယ့် အက်သလက်တီကို ဘက်က တောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေး ကိုတော့ ဂျူဗင်တပ်စ်က ပေးချေလိုခြင်းမရှိပါဘူး။

အဲ့ဒါကြောင့် ဂျူဗင်တပ်စ်က မိုရာတာ အစား မာစီရယ်ကို ပစ်မှတ်ထားလာနိုင်ပေမယ့် ဒီပြင်သစ် ကစားသမားက ရာသီကြို ခြေစမ်းပွဲတွေမှာ ယူနိုက်တက် နည်းပြ တန်ဟက်ဂ် အကြိုက် ခြေစွမ်းပြနေတာကြောင့် ခေါ်ယူဖို့ ခက်ခဲနိုင်ပါလိမ့်မယ်။

မာစီရယ်ဟာ လက်ရှိရာသီကြို ခြေစမ်းပွဲ ၄ ပွဲကစားပြီးချိန်မှာ ၃ ဂိုး အထိ သွင်းယူထားပြီး လာမယ့်ရာသီ ယူနိုက်တက် တိုက်စစ်ကို ဦးဆောင်သူ ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပေးခံထားရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်