ဩဂုတ်လ ၂၉ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဟယ်ရီဝင့်ခ်ကို ခေါ်ယူဖို့ စပါးနဲ့ သဘောတူညီမှု ရခဲ့တဲ့ ဆမ်ဒိုးရီးယား
ဟယ်ရီဝင့်ခ်ကို ခေါ်ယူဖို့ တော့တင်ဟမ်ဟော့စပါးနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း စီးရီးအေ ကလပ် ဆမ်ဒိုးရီးယားရဲ့ ဥက္ကဌ ဖြစ်သူ ကာလို အော့စတီက တရားဝင် အတည်ပြုသွားခဲ့ပါတယ်။
Sky Italia နဲ့ အင်တာဗျူးမှာ Osti က “ကျွန်တော်တို့ တော့တင်ဟမ်ဟော့စပါးနဲ့ သဘောတူညီမှု ရပြီး သူ့ရဲ့ အေးဂျင့်နဲ့ အသေးစိတ် အချက်အလက်တွေကို အပြီးသတ် လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ တတ်နိုင်သမျှ အမြန်ဆုံး အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၈ နှစ် အရွယ် အင်္ဂလန် ကွင်းလယ်လူဟာ ပရီးမီးယားလိဂ် ကလပ်ရဲ့ ရေရှည် စီမံကိန်းထဲ မပါဝင်တော့သလို ကွန်တီ သဘောကျတဲ့ ကစားသမား မဟုတ်တော့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။
ဝင့်ခ်ဟာ ပြီးခဲ့တဲ့ ရာသီက စပါး အတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး ဘရိုက်တန်က ဘစ်ဆူးမား ရောက်ရှိလာတာကြောင့်လည်း ပွဲထွက်ခွင့်ရဖို့ အာမခံချက် မရှိတော့သူလည်း ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် ဆမ်ဒိုးရီးယား အသင်းဟာ ဟယ်ရီဝင့်ခ်ကို အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပေမယ့် အပြီးသတ် ခေါ်ယူဖို့ ဆက်လက် လုပ်ဆောင်သွားမယ် လို့လည်း သိရပါတယ်။
ရော်နယ်ဒို နာပိုလီကို ပြောင်းဖို့ တွန်းအားပေး ကြိုးပမ်းနေတဲ့ ဂလေဇာ မိသားစု
ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ စီးရီးအေ ကလပ် နာပိုလီကို ပြောင်းရွှေ့ကစားနိုင်ဖို့ အတွက် မန်ချက်စတာယူနိုက်တက် အသင်း ပိုင်ရှင် ဂလေဇာ မိသားစုက တွန်းအားပေး ကြိုးပမ်းလျက် ရှိတယ်လို့ သိရပါတယ်။ အကယ်၍ ရော်နယ်ဒိုသာ စီးရီးအေ ကလပ် ထံ ပြောင်းရွှေ့ ဖြစ်ခဲ့ရင် ဂလေဇာ မိသားစု ဘက်က ကစားသမားရဲ့ လုပ်ခ လစာ တချို့ တစ်ဝက်ကို စိုက်ထုတ် ဖြေရှင်းပေးသွားဖို့ ရှိနေတယ် ဆိုပြီးလည်း သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ အစောပိုင်းမှာထဲက ချန်ပီယံလိဂ် ဝင်ခွင့်ရတဲ့ အသင်း တစ်သင်းကို ပြောင်းရွှေ့ ကစားခွင့်ရဖို့ သူ့ရဲ့ အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်က တစ်ဆင့် ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ မန်းဒက်စ်က ဘေယန်မြူးနစ်၊ ချဲလ်ဆီး၊ အင်တာ၊ အေစီ၊ ဒေါ့မန်နဲ့ စပို့တင်း စတဲ့ အသင်းတွေဆီ သူ့ရဲ့ ကစားသမားကို ခေါ်ယူဖို့ တောက်လျောက် ချိတ်ဆက်နေခဲ့ပေမယ့် အခုချိန်ထိတော့ ထူးခြားမှု မရှိသေးပါဘူး။
ဒါ့အပြင် ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့တာကြောင့် စာချုပ်ပါ အချက်အလက်တွေ အရ လုပ်ခလစာ ၂၅ ရာခိုင်နှုန်း လျှော့ယူခဲ့ရတဲ့ အပေါ် ရော်နယ်ဒို တစ်ယောက် မကျေမနပ် ဖြစ်နေပြီး အသင်းပြောင်းဖို့ စိတ်အား ထက်သန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ အီတလီက လာတဲ့ သတင်းတွေ မှာတော့ နာပိုလီ ဘက်က ရော်နယ်ဒိုကို အတွက် အလေးအနက်ထား ချိတ်ဆက်မှုတွေ ရှိနေခဲ့ပြီး အပြောင်းအရွှေ့ မပိတ်ခင် ခေါ်ယူသွားဖို့ ကြိုးပမ်းနေတယ် လို့လည်း ဖော်ပြလျက် ရှိပါတယ်။
တကယ်တော့ ယူနိုက်တက်မှာ တစ်ပတ် လုပ်ခ ပေါင် ၃၈၅၀၀၀ ရရှိနေတဲ့ ရော်နယ်ဒိုကို ကလပ် အများစုက ခေါ်ယူချင်ပေမယ့် သူ့ရဲ့ မြင့်မားတဲ့ လုပ်ခလစာကို ပေးချေဖို့ မတတ်နိုင်တာကြောင့် ငြင်းဆန်နေကြတာ ဖြစ်ပါတယ်။ အကယ်၍ ဂလေဇာ မိသားစု ဘက်ကသာ လုပ်ခလစာ တချို့ တဝက်ကို စိုက်ထုတ်ပေးမယ် ဆိုရင်တော့ ရက်ပိုင်း အတွင်း ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ အကောင်အထည် ပေါ်လာနိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
အာသာ မယ်လို ကို စိတ်ဝင်စားနေတဲ့ လီယွန်
စီးရီးအေ ကလပ် ဂျူဗင်တပ်စ် မှာ နေရာမရ ဖြစ်နေတဲ့ ဘရာဇီးလ် ကွင်းလယ်လူ အာသာ မယ်လို ကို ခေါ်ယူဖို့ အိုလံပစ် လီယွန် အသင်းက စိတ်ဝင်စားနေကြောင်း TUTTOmercatoWEB က ဖော်ပြခဲ့ပါတယ်။
အာသာ မယ်လိုကို အာဆင်နယ် အသင်းက အပြောင်းအရွှေ့ ကာလ အစောပိုင်းမှာ စိတ်ဝင်စားခဲ့ပေမယ့် ဂျူဗင်တပ်စ် ဘက်က လိုချင်နေတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေလိုခြင်းတော့ မရှိခဲ့ပါဘူး။ ဒါ့အပြင် လာလီဂါ ကလပ် ဗလင်စီယာ ကလည်း ခေါ်ယူချင်ခဲ့ပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခ လစာကြောင့် လက်လျော့သွားခဲ့ပြီး အာသာ အနေနဲ့ ဂျူဗင်တပ်စ် မှာပဲ စိတ်ပျက်လက်ပျက်နဲ့ ဆက်ရှိနေခဲ့ရတာ ဖြစ်ပါတယ်။
လိုင်ယွန် ကတော့ အသင်းရဲ့ အဓိက ကွင်းလယ်လူ ပက်ကေးတား ထွက်ခွာနိုင်ချေ များနေတာကြောင့် အာသာ မယ်လိုနဲ့ အစားထိုးဖို့ စဉ်းစားနေခဲ့တာ ဖြစ်ပြီး အကယ်၍ ဂျူဗင်တပ်စ်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းလို့ ရမယ် ဆိုရင်တော့ ခေါ်ယူသွားနိုင်ချေ ရှိနေတယ်လို့ cultofcalcio က ဖော်ပြထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.