စက်တင်ဘာ ၅ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရိုးမား ဂိုးပြတ် ရှုံးသွားတဲ့ စီးရီးအေ တနင်္ဂနွေည
မနေ့ညက ကစားခဲ့တဲ့ အီတလီ စီးရီးအေ ပွဲစဥ် ၄ ပွဲ မှာတော့ သရေပွဲ ၂ ပွဲ ပါဝင်ခဲ့ပြီး ဆမ်ဒိုးရီးယားနဲ့ ရိုးမားတို့ ကတော့ အဝေးကွင်းမှာ ရှုံးပွဲကြုံခဲ့ကြပါတယ်။
ဆာဆူအိုလိုက တန်းတက် ခရီမိုနီစ်ကို အဝေးကွင်းမှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ ဂိုးမရှိ သရေ ရလဒ်သာ ကစားနိုင်ခဲ့ပါတယ်။ ဘိုလော့ဂ်နာ ကလည်း စပီဇီယာနဲ့ အဝေးကွင်းမှာ ၂ ဂိုးစီ သရေကျခဲ့ပြီး ဆမ်ဒိုရီးယား ကတော့ ဗီရိုနာကို ၂-၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။
အူဒီနီးစ်ကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့တဲ့ ရိုးမား ကတော့ မထင်မှတ်ဘဲ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါဟာ ဂျိုဆေး မော်ရင်ဟိုရဲ့ ရိုးမား အတွက် ဒီရာသီ ပထမဦးဆုံး ရှုံးပွဲ ဖြစ်ခဲ့ပြီး အဆင့် (၅) နေရာ အထိ ရောက်ရှိသွားခဲ့ပါတယ်။
ရော်နယ်ဒို ကိစ္စက ဂျူဗင်တပ်စ်ရဲ့ ပြဿနာ မဟုတ်တော့ဘူးလို့ ဂျူဗင်တပ်စ် ဘက်က ပြောကြား
စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ရဲ့ အမှုဆောင် အရာရှိချုပ် မာရူဇီယို အရီဗာဘီနီက မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ပြဿနာတွေက အသင်းရဲ့ ပြဿနာတွေ မဟုတ်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ ဂျူဗင်တပ်စ် ကနေ ယူနိုက်တက်ကို ရုတ်တရက် ပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့ လုပ်ရပ် အပေါ် ဂျူဗင်တပ်စ် အသိုင်းအဝိုင်းက အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။
အခုချိန်မှာလည်း ရော်နယ်ဒိုက ယူနိုက်တက်မှာ ပွဲထွက်ခွင့် မရတော့ဘဲ အရန်ကစားသမား အဖြစ်သာ လူစားဝင် ကစားခွင့် ရရှိနေတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ အရီဗာဘီနီက “ဂျူဗင်တပ်စ်နဲ့ ရော်နယ်ဒိုနဲ့ နှစ်ဦးနှစ်ဖက် လေးစားမှုထားပြီး လမ်းခွဲခဲ့ကြပါတယ်”
“သူ ဒီနှစ်အတွင်း ယူနိုက်တက်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ရော်နယ်ဒိုရဲ့ ပြဿနာက ကျွန်တော် တို့ရဲ့ ပြဿနာ မဟုတ်တော့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကစားခွင့်ရရှိလိုတာကြောင့် ယူနိုက်တက်က ထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် အသင်းသစ် ရှာဖွေတဲ့ နေရာမှာ အခက်အခဲ ဖြစ်နေခဲ့ပြီး လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ အထိ ယူနိုက်တက်မှာပဲ ဆက်နေရတော့မှာလည်း ဖြစ်ပါတယ်။
အင်တာ နောက်ခံလူကို မခေါ်ယူဖြစ်ခဲ့တဲ့ အကြောင်း ရှင်းလင်းခဲ့တဲ့ ပီအက်စ်ဂျီ နည်းပြ
ပီအက်စ်ဂျီ နည်းပြ ခရစ္စတိုဖီ ဂဲလ်တီယာက စီးရီးအေ ကလပ် အင်တာမီလန်ရဲ့ ဗဟိုနောက်ခံလူ မီလန် ရှကရီနီယာကို မခေါ်ယူဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်လို့ ရှင်းလင်း ပြောကြားလာခဲ့ပါတယ်။
စီးရီးအေ နောက်ခံလူဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ တလျှောက်လုံး ပီအက်စ်ဂျီရဲ့ အဓိက ပစ်မှတ် ကစားသမားတွေထဲမှာ ပါဝင်ခဲ့တာပါ။ ဒါပေမယ့်လည်း အင်တာမီလန် ဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပမာဏကြောင့် အပြောင်းအရွှေ့က အထမမြောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီအပေါ်မှာ ဂဲလ်တီယာက “ကျွန်တော်တို့ ပြီးခဲ့တဲ့ နွေရာသီမှာ ကစားသမား အများအပြားကို အငှားနဲ့ပါ လက်လွှတ်ခဲ့ပါတယ်။ ကျွန်တော်တို့ ပစ်မှတ်ထားတဲ့ ကစားသမားတွေ ထဲမှာ ရှခရီနီယာလည်း ပါဝင်ပါတယ်။ သဘောတူညီမှု ရဖို့ နီးစပ်ပြီဆိုတဲ့ အချိန်မှာ ပြောင်းရွှေ့ကြေးက အချိန်နဲ့ အမျှ မြင့်တက်သွားခဲ့ပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။
ပီအက်စ်ဂျီ ဘက်ကတော့ အပိုဆုကြေး ပါဝင်မှ အများဆုံး ယူရိုသန်း (၇၀) အထိပဲ တိုးမြှင့် ကမ်းလှမ်းခဲ့တာကြောင့် ရှကရီနီယာ ကလည်း အင်တာမီလန်မှာပဲ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.