အေစီမီလန် – ဆာဆူအိုလို
အခုတစ်ပတ်ကြားရက်မှာတော့ စီးရီးအေ ပွဲစဉ် တချို့ ဆက်လက်ကစားဖို့ ရှိနေပြီးတော့ အေစီမီလန် တို့ ဆာဆူအိုလို ကို ဆန်စီရို မှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။ ထိပ်ဆုံးက အင်တာမီလန်ကို တောက်လျောက် လိုက်ပြီး ဖိအားပေးနေတဲ့ အေစီမီလန်တို့ နောက်ပိုင်းပွဲစဉ်တွေမှာ ခြေပြန်တက်လာတဲ့ ဆာဆူအိုလိုနဲ့ ကစားရမှာ ဖြစ်လို့ မထင်မှတ်ပဲ ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာနိုင်ပါတယ်။
အေစီမီလန်တို့ လက်တလော အမှတ်ပေးဇယားထိပ်ဆုံးက မြို့ခံပြိုင်ဘက် အင်တာမီလန်နဲ့ ၉ မှတ် အထိ ကွာဟနေပေမယ့် စကူဒက်တိုဖလား မျှော်လင့်ချက် အပြင် ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ အခိုင်အမာ ရရှိရေး အတွက်ပါ လက်ကျန် ပွဲစဉ်တွေမှာ အကောင်းဆုံး ကြိုးစားကစားနေတာ တွေ့ရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၅ ပွဲမှာ နာပိုလီ တစ်သင်းတည်းကို ရှုံးနိမ့်ထားပြီး ဆမ်ဒိုးရီးယားနဲ့ သရေ၊ ဖီအိုရင်တီးနား၊ ပါးမား၊ ဂျီနိုအာတို့ကို အနိုင်ယူထားပါတယ်။ အေစီမီလန်တို့ လက်တလော အဆင့် ၅ နေရာက နာပိုလီကို ၆ မှတ် အထိ ဖြတ်ထားနိုင်တယ် ဆိုပေမယ့် လက်ကျန် ၇ ပွဲ မှာ ခြေချော်တာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ကိုပါ ထိခိုက်သွားနိုင်လို့ သေချာအာရုံစိုက် ကစားနေတာလည်း ဖြစ်ပါတယ်။ အနီကတ် ပြစ်ဒဏ်ကြောင့် ပြီးခဲ့တဲ့ပွဲကို လွဲချော်ခဲ့တဲ့ တိုက်စစ်မှူးကြီး ဇလာတန်အီဗရာဟီမိုဗစ်လည်း အခုပွဲမှာ ပြန်ပါလာဖို့ ရှိနေသလို ကာလာဘရီယာ ကလွဲလို့ ကျန်အဓိကကစားသမားတွေ အားလုံးလည်း ပြန်ကစားနိုင်ပါလိမ့်မယ်။ အေစီမီလန်တို့ရဲ့ တိုက်စစ်က ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၉ ဂိုး သွင်းယူထားနိုင်လို့ မဆိုးဘူးလို့ ပြောနိုင်ပြီး လူစုံတက်စုံ ပါဝင်လာမယ့် အခုပွဲမှာလည်း ကျိန်းသေပေါက် သွင်းဂိုးတွေ ရှာဖွေသွားနိုင်မယ့် အခြေအနေမှာ ရှိပါတယ်။
ဆာဆူအိုလို ကတော့ ပြီးခဲ့တဲ့ စီးရီးအေ ၂ ပွဲဆက် နိုင်ပွဲ ပြန်ရခဲ့ပြီး ကစားပုံလည်း ကောင်းခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်တချို့ကို ပြန်ကြည့်မယ်ဆိုရင် ဆာဆူအိုလိုတို့ အင်တာမီလန်ကို ခြေရည်တူလိုက်ကစားပြီးမှ ရှုံးနိမ့်ခဲ့တာ ဖြစ်သလို ရိုးမားနဲ့ပွဲမှာဆိုရင် သရေတစ်မှတ်တောင် ပြန်ရထားခဲ့ပါတယ်။ လက်တလော ဆာဆူအိုလိုတို့ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး အဆင့် ၆ နေရာက လာဇီယိုနဲ့ ၁၂ မှတ်အထိ ကွာဟသွားခဲ့ပြီ ဖြစ်လို့ ယူရိုပါလိဂ် ဝင်ခွင့်ရဖို့တောင် မဖြစ်နိုင်တော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ကျန်ပွဲတွေကို ဖိအားကင်းကင်းနဲ့ အကောင်းဆုံး ကစားသွားဖို့ပဲ ပြင်ဆင်ထားပါလိမ့်မယ်။ အသင်းမှာ လက်ရှိ ကာပူတို၊ ရိုမက်ဂ်နာ၊ အေဟန်တို့ ဒဏ်ရာပြသနာ အသီးသီးရှိနေလို့ အခုပွဲကို လွဲချော်ဦးမှာ ဖြစ်ပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
အေစီမီလန်တို့ ဆာဆူအိုလိုနဲ့ စီးရီးအေ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ တစ်ပွဲမှ မရှုံးခဲ့သလို ၄ ပွဲနိုင်ပြီး ၁ ပွဲသာ သရေကျထားပါတယ်။ ဒီရာသီ ပထမအကျော့ ဆာဆူအိုလို ကွင်းမှာ ကစားတုန်းကလည်း အေစီမီလန် တို့ ၁-၂ ရလဒ်နဲ့ အနိုင်ယူထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
အေစီမီလန် – ဆာဆူအိုလို | အချိန်ပြည့် 1X2 အိမ်ရှင် @ 1.58 | |
ဧပြီလ ၂၁ ရက်, ည ၁၁:၀၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၅၃ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၅.၇၅ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၃၃ ဆ ကြေးဖွင့်ပေးထားပါတယ်။ နှစ်သင်းစလုံး အမှားနည်းနည်းနဲ့ အကောင်းဆုံး ပုံစံကို ထိန်းပြီး ရာသီသိမ်းဖို့ ကြိုးစားနေကြပါတယ်။ ဒါပေမယ့် အေစီမီလန် အတွက်က မျှော်လင့်ချက်ရော၊ ဖိအားရော ရှိနေလို့ ပိုပြီးလေးနက်နေပါလိမ့်မယ်။ နောက်ပြီး အဓိက ကစားသမား တော်တော်များများနဲ့ လူပြန်စုံနေတဲ့ အေစီမီလန်တို့ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲရဖို့တောင် အားထုတ်လာဖို့ ရှိလို့ အစဉ်အလာအရရော၊ လက်ရှိ ခြေစွမ်းပိုင်းအရပါ သာနေတဲ့ အေစီမီလန်ကိုပဲ ရွေးချယ်ထားချင်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေလည်း မြင်တွေ့ရဖွယ်ရှိပြီးတော့ ၃-၁ လောက်နဲ့ အိမ်ရှင်တို့ အနိုင်ရသွားမယ် ထင်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.