နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တစ်ယောက်လျော့ ပိုလန်ကို အနိုင်ကန်ပြီး အုပ်စု(E)ကို ဦးဆောင်ခဲ့တဲ့ ဆလိုဗက်ကီးယား – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

ပိုလန် ၁ – ၂ ဆလိုဗက်ကီးယား

(လီနက်တီ ၃၆’)
(ရှက်ဇီနီ ၁၈’(o.g.)၊ မီလန် ရှခရီညာ ၆၉’)
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို အုပ်စု(E)ရဲ့ ပွဲစဉ် တစ်ပွဲမှာတော့ ဆလိုဗက်ကီးယားက ပိုလန်ကို ၁-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ ကျော်မှာ အဓိက ကွင်းလယ်လူ ခရိုင်ချိုဝစ်ခ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရခြင်းနဲ့အတူ ဆလိုဗက်ကီးယား ခံစစ်က မီလန် ရှခရီညာရဲ့ ခြေစွမ်းပြမှုကြောင့် နာမည်ကျော် တိုက်စစ်မှူး လီဝမ်ဒေါစကီးရဲ့ ပိုလန်တို့ အရှုံးရလဒ်နဲ့ အဖွင့်ပွဲမှာပဲ ဦးချိူးခံလိုက်ရပါတယ်။ ဆလိုဗက်ကီးယား အသင်း အတွက် ကတော့ ယူရိုပြိုင်ပွဲ ကစားခဲ့တဲ့ သက်တမ်း တစ်လျှောက် ဒုတိယအကြိမ်မြောက် နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပြီး ရှံးထွက် အဆင့် တက်ရောက်နိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါပြီ။
တကယ်တမ်း ဒီနေ့ပွဲမှာ ပိုလန်အသင်းရဲ့ လူစာရင်းက ဆလိုဗက်ကီးယားထက် ပိုသာခဲ့ပြီး တိုက်စစ်မှာ ရောဘတ် လီဝမ်ဒေါစကီး၊ ဇီလင်းစကီးတို့ ဦးဆောင်လာခဲ့ပြီး မားသီးယပ်စ် ကလစ်ခ်၊ လီနက်တီ၊ ဘက်ဒ်နာရက်ခ်၊ ဂလစ်ခ်၊ ဆက်ဇီနီ တို့နဲ့ လူငယ်နဲ့ လူကြီး ကစားသမားတွေ အချိုးကျပေါင်းစပ်ပြီး ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဆလိုဗက်ကီးယား ဘက်မှာတော့ လူသိများတာဆိုလို့ အင်တာမီလန်က မီလန် ရှခရီညာ၊ နယူးကာဆယ်က ဒူဘရက်ဗ်ကာ လောက်ပဲ ပါဝင်ခဲ့ပြီး ကျန်ကစားသမားတွေ ကတော့ ဥရောပမှာ အခြေစိုက် နာမည်သိပ်မရှိတဲ့ ကစားသမားတွေပဲ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၇ ခုနှစ် လောက်ကတည်းက လက်ရွေးစင်အသင်းမှာ စတင်ကစားခဲ့တဲ့ ဟမ်ရှစ်ခ်၊ ဇူရက်ဂျ် ကူကာ၊ ဟူဘိုကန်၊ ပီကာရစ်ခ် တို့လို အသက် ၃၀ ကျော် ကစားသမားတွေနဲ့ ပွဲထွက်လာတာ ဖြစ်ပါတယ်။ ယူရို ၂၀၂၀ မစတင်ခင် ကတည်းက ဆလိုဗက်ကီးယားဟာ စပိန်၊ ဆွီဒင်၊ ပိုလန်တို့နဲ့ တစ်အုပ်စုတည်း ကစားရမှာ ဖြစ်လို့ အုပ်စုကျော်ဖို့ မဖြစ်နိုင်တဲ့ အသင်းအဖြစ် သတ်မှတ်ထားခဲ့တာပါ။ ဒါပေမယ့် ပွဲဦးထွက်မှာပဲ နာမည်ကြီး ကစားသမားတွေပါတဲ့ ပိုလန်ကို ခြေရည်တူ ကစားပြီး ကံတရားရဲ့ ဖေးမမှုကြောင့်လည်း အဖိုးတန် ၃ မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် ၁၈ မိနစ် မှာ တောင်ပံက မက်ခ်ရဲ့ ကန်ချက်ကို ရှက်ဇီနီ ပုတ်ထုတ်ရာကနေ မသေသပ်ခဲ့တဲ့ အတွက် ကိုယ့်ဂိုးကိုယ် သွင်းမိသလို ဖြစ်ခဲ့ပြီး ဆလိုဗက်ကီးယားတို့ ဦးဆောင်ဂိုး ရသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဒုတိယပိုင်း ပွဲအစမှာ လီနက်တီရဲ့ သွင်းဂိုးနဲ့ ပိုလန်တို့ ပြန်လည်ချေပနိုင်ခဲ့ပေမယ့် ၆၂ မိနစ် မှာတော့ ပွဲရဲ့ အလှည့်အပြောင်း အဖြစ် ကွင်းလယ်က ခရိုင်ချိုဝစ်ခ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဓိက ကစားသမား တစ်ယောက်လျော့သွားတဲ့ နောက်မှာတော့ ပိုလန်တို့ သိသိသာသာ ကစားအားကျသွားပြီး ဆလိုဗက်ကီးယားတို့ စိတ်ကြိုက်ကစားနိုင်ခဲ့ပါတယ်။ ဆလိုဗက်ကီးယား အတွက် အနိုင်ဂိုး ကိုတော့ ၆၉ မိနစ်မှာ မီလန် ရှခရီညာက သွင်းယူပေးခဲ့ပြီး ၁-၂ ရလဒ်နဲ့ အဖိုးနိုင်ပွဲ ရရှိသွားခဲ့ပါတယ်။
 

ကြယ်ပွင့် ကစားသမား – မီလန် ရှခရီညာ

(စာရေးသူရဲ့ စိတ်ကြိုက်ကစားသမား – မီလန် ရှခရီညာ)

ယူရို ၂၀၂၀ အဖွင့်မှာ ပိုလန်ကို အနိုင်ရခဲ့တဲ့ ဆလိုဗက်ကီးယားတို့ သမိုင်းတစ်လျှောက် ဒုတိယအကြိမ် ယှဉ်ပြိုင်ခွင့်ရတဲ့ ယူရိုမှာ ဒုတိယမြောက် နိုင်ပွဲ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။
အသင်းရဲ့ သမိုင်းတစ်လျှောက် ဒုတိယအကြိမ် ယှဉ်ပြိုင်ခွင့်ရတဲ့ ယူရိုပြိုင်ပွဲမှာ ဒုတိယမြောက် နိုင်ပွဲ ရရှိခဲ့တဲ့ ဆလိုဗက်ကီးယား

ဒီပွဲမှာ ပြိုင်ဘက် တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ် ကစားနိုင်ခဲ့ပြီး ဆလိုဗက်ကီးယား အတွက် အနိုင်ဂိုးလည်း သွင်းပေးခဲ့တဲ့ မီလန် ရှခရီညာ ကတော့ ကြယ်ပွင့်ကစားသမားဆု ရရှိသွားခဲ့ပါတယ်။ ရှခရီညာ အင်တာမီလန်မှာ ကစားတဲ့ပွဲတွေကို ကြည့်ဖူးသလို သူ့ရဲ့ ခြေစွမ်း လက်ခံပေမယ့် အခုလောက်ထိ စွမ်းဆောင်နိုင်မယ်လို့ မမျှော်လင့်ထားခဲ့မိတာ အမှန်ပါ။ ယူအီးအက်ဖ်အေ နည်းစနစ် ဆိုင်ရာ လေ့လာသူ အဖွဲ့ဝင် ဂျင်းန်-ဖရန့်စစ်ဒိုမာဂီ ပြောသလိုပဲ ဆလိုဗက်ကီးယား ခံစစ်ရဲ့ သူရဲကောင်း ဖြစ်သလို ပွဲချိန်ပြည့် မခိုမကပ်ပဲ ကစားသွားပြီး အရေးပါတဲ့ အဆုံးအဖြတ် ဂိုးလည်း သွင်းယူပေးခဲ့လို့ ဒီဆုနဲ့ ချွင်းချက်မရှိ ထိုက်တန်သူလို့ သတ်မှတ်ရမှာပါ။ ဒါ့အပြင် ရှခရီညာဟာ အသက် ၂၆ အရွယ်သာ ရှိသေးပေမယ့် ပြီးခဲ့တဲ့ရာသီက စီးရီးအေ မှာသာမကပဲ လက်ရှိ ယူရို ၂၀၂၀ မှာလည်း ခြေစွမ်းပြနေတာကြောင့် အနာဂတ်မှာ အခုထက်ပိုပြီး တောက်ပလာမယ့် ကစားသမား ဆိုတာ သေချာပေါက် ပြောရဲပါတယ်။
 

ပွဲပြီးအချက်အလက်များ

• ယူရို ၂၀၂၀ အဖွင့်မှာ ပိုလန်ကို အနိုင်ရခဲ့တဲ့ ဆလိုဗက်ကီးယားတို့ သမိုင်းတစ်လျှောက် ဒုတိယအကြိမ် ယှဉ်ပြိုင်ခွင့်ရတဲ့ ယူရိုမှာ ဒုတိယမြောက် နိုင်ပွဲ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ပထမအကြိမ် နိုင်ပွဲကတော့ ယူရို ၂၀၁၆ အုပ်စု အဆင့်မှာ ရုရှားကို ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
• မီလန် ရှခရီညာ အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် ၄ ပွဲမှာ ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ နောက်ခံလူ တစ်ဦး ဖြစ်ပါတယ်။
• အခုပွဲဟာ ပိုလန် တို့ ၁၂ ပွဲမြောက် ကစားခဲ့တဲ့ ယူရိုပွဲစဉ် ဖြစ်ပြီး နှစ်သင်းပေါင်း သွင်းဂိုး ၃ ဂိုး အထိ ရှိခဲ့တဲ့ ပထမဦးဆုံး ပွဲလည်း ဖြစ်ပါတယ်။
ဆလိုဗက်ကီးယား အသင်းခေါင်းဆောင် မရက်ခ် ဟမ်ရှစ်ခ်ဟာ ၂၀၀၇ ခုနှစ်က ပိုလန်နဲ့ ပွဲမှာ နိုင်ငံ့လက်ရွေးစင် အသင်းအတွက် ပထမဦးဆုံးအကြိမ် ပွဲထွက် ကစားခွင့် ရခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ အသက် ၃၃ နှစ်သား ဟမ်ရှစ်ခ်ဟာ ဆလိုဗက်ကီးယား အတွက် ပွဲအများဆုံး ကစားပေးထားသူ ဖြစ်ပြီး ၁၂၁ ပွဲ ကစားခဲ့ရာမှာ ၂၄ ဂိုးသွင်းယူပေးထားသူ ဖြစ်ပါတယ်။
• အခုပွဲမှာ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တဲ့ ရှက်ဇီနီဟာ ယူရို ၂၀၁၂ အဖွင့်ပွဲမှာလည်း အနီကတ်ပြ ထုတ်ပယ်ခံရပြီး ဗီလိန် ဖြစ်ခဲ့ရတဲ့ ကစားသမား ဖြစ်ပါတယ်။
 

 

လာမယ့်ပွဲစဉ်များ

လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ပိုလန်တို့ အုပ်စုတွင်း အင်အားအကြီးဆုံး စပိန်နဲ့ တွေ့ဆုံနေလို့ ပွဲကြပ်တစ်ပွဲ ထပ်မံဖြတ်သန်း ရဦးမှာ ဖြစ်ပြီး ဆလိုဗက်ကီးယား ကလည်း အဖွင့်ပွဲမှာ စပိန်ကို သရေကစားနိုင်ခဲ့တဲ့ ဆွီဒင်နဲ့ ကစားရမှာ ဖြစ်လို့ အခုထက်ပိုပြီး အားစိုက်ဖို့ လိုအပ်နေပါလိမ့်မယ်။
 
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်