နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

“ဆင်ခြေတွေ အစား ဘာမှားနေလဲ ဆိုတာပဲ သေချာ ပြန်စဉ်းစားပါ။ ဆိုးလ်ရှားရေ…” (ပရီးမီးယားလိဂ်)

၀က်စ်ဟမ်းကို လိဂ်ဖလား တတိယအဆင့်မှာ ရှုံးနိမ့်ပြီး ၂ ရက် အကြာမှာပဲ မန်ချက်စတာယူနိုက်တက်တို့ ပရီးမီးယားလိဂ် ရှုံးပွဲ ထပ်တွေ့ခဲ့ပြန်ပါပြီ။ ဒီပွဲနဲ့ဆိုရင် ယူနိုက်တက်တို့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၃ ပွဲမြောက် ရှုံးနိမ့်ခဲ့တဲ့ ပွဲဖြစ်ပြီး ၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ် မှာတော့ ပွဲဦးထွက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ပွဲစဉ်နဲ့ ပတ်သတ်လို့ အကျဉ်းချုံး ပြောရရင် ယူနိုက်တက်ရော အက်စတွန်ဗီလာပါ ဖြစ်နိုင်ဖွယ် လူစာရင်း အတိုင်း အတိအကျ ပွဲထွက်လာခဲ့ပြီး ပွဲစကတည်းက အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပထမပိုင်းမှာ ယူနိုက်တက် တိုက်စစ်ဟာ ဂိုးကန်သွင်းခွင့်တွေ တောက်လျောက် ရနေခဲ့ပေမယ့် လျော့တိ လျော့ရဲ ဖြစ်နေတဲ့ တိုက်စစ် ကစားပုံကြောင့် လိုအပ်တဲ့ သွင်းဂိုးတွေ ရှာဖွေနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။

တစ်ဖက်က ကြည့်ရင် တစ်ယောက် တစ်လှည့်စီ တလွဲတွေ လုပ်နေပေမယ့် ဆတ်ဆတ်ထိ မခံတဲ့ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမျိုးမှာ ရာထူးမြဲနေတယ် ဆိုတာ နည်းတဲ့ ကုသိုလ်ကံတော့ မဟုတ်ပါဘူး။
နည်းပြ ရာထူးက ထုတ်ပယ်ခံရဖို့ နီးစပ်လာတဲ့ အိုလီဂန်နာ ဆိုးလ်ရှား

ကွင်းလယ်က ဖရက်ဒ်၊ တော်မီနေး၊ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ အချိတ်အဆက်တွေ မမိခဲ့တာ အပြင် ဘယ်နောက်ခံလူ လုခ်ရှော၊ ဟယ်ရီ မက်ဂွိုင်းယားတို့ လူစားလဲခဲ့ရတာကလည်း ယူနိုက်တက်ကို သိသိသာသာ ကစားအား ကျဆင်းသွားစေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြားရက်မှာ အပြည့်အဝ အနားရထားတဲ့ ရော်နယ်ဒို ကိုယ်တိုင်လည်း ခြေစွမ်း ပြသနိုင်ခြင်း မရှိခဲ့ပါဘူး။ ဗီလာရဲ့ တိုက်စစ်ကို ပရမ်းပတာ ထိန်းချုပ်နေတဲ့ ယူနိုက်တက် ခံစစ်က ပွဲချိန် ၈၈ မိနစ်မှာ ဟောက်စ်ရဲ့ သွင်းဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီဂိုးကို နာကျင် အချိန်ပိုမှာ ပင်နယ်တီနဲ့ ပြန်လည် ချေပခွင့် ရခဲ့ပေမယ့် ဘရူနို ဖာနန်ဒက်စ်က အားပြင်းပြင်းနဲ့ ဂိုးဘားတန်းပေါ် ကျော်ကန်သွားလို့ ယူနိုက်တက်တို့ အိုးထရက်ဖို့ဒ်မှာ သရေ ၁ မှတ်တောင် မရခဲ့တာ ဖြစ်ပါတယ်။
 

ဆင်ခြေများလွန်းတဲ့ ဆိုးလ်ရှား

ယူနိုက်တက်ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး အသေးစိတ် ထပ်ပြီး ဝေဖန်ရမှာလည်း ပြောရရင် တော်တော်လေးတောင် အားနာလာပါပြီ။ နောက်ပိုင်း ကာလတွေမှာ အာတေးတားနဲ့ ဆိုးလ်ရှားဟာ ဝေဖန်သုံးသပ်သူတွေ ပါးစပ်ဖျား ကနေ မချရတဲ့ နည်းပြတွေလို့ ပြောရပါမယ်။ တစ်ဖက်က ကြည့်ရင် တစ်ယောက် တစ်လှည့်စီ တလွဲတွေ လုပ်နေပေမယ့် ဆတ်ဆတ်ထိ မခံတဲ့ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမျိုးမှာ ရာထူးမြဲနေတယ် ဆိုတာ နည်းတဲ့ ကုသိုလ်ကံတော့ မဟုတ်ပါဘူး။ ဘယ်ဘက်မှ လိုက်ပြောတာ မဟုတ်ပါဘူး။ အာတေးတား ဟာ ပွဲပြီးလို့ သတင်းစာ ရှင်းလင်းပွဲ ရောက်ရင် မျက်နှာငယ်နဲ့ တောင်းပန်တတ်ပေမယ့် ဆိုးလ်ရှား ကတော့ ဘယ်လောက် မှားနေနေ ခပ်တည်တည်နဲ့ ဆင်ခြေပေးတဲ့ နေရာမှာ ဆရာ တစ်ဆူပါပဲ။ အခုလည်း ကြည့်။ ပွဲမစခင် လစ်ဗာပူးလ် နည်းပြ ကလော့ပ်ရဲ့ ဖိအားပေးမှုကြောင့် ယူနိုက်တက်တို့ ပင်နယ်တီ မရတာပါ ဆိုပြီး သွယ်ဝိုက် ဝေဖန်တယ်။ ပွဲလည်း ပြီးရော ဟောက်စ်ဟာ လူကျွံ အနေအထား ကနေ ဂိုးသွင်းယူခဲ့တာ ဖြစ်ပြီး ဒက်ဟဲယားကို ထိခိုက်စေပြီးမှ သွင်းယူခဲ့တာ ဖြစ်လို့ လက်မခံနိုင်ဘူး ဆိုပြီး ဒိုင်လူကြီးတွေကို ဝေဖန် ပြစ်တင်ခဲ့တယ်။ ဒါနဲ့တင် မပြီးသေး။ ပင်နယ်တီ မကန်ခင် ဗီလာ ကစားသမားတွေရဲ့ လုပ်ရပ်ကိုပါ စိတ်ပျက်မိကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။

နည်းပြ တစ်ယောက် အနေနဲ့ ဖြေရှင်းချက် ပေးခွင့် ရှိတာ မှန်ပေမယ့် ကိုယ့်ရဲ့ နည်းစနစ် မှားခဲ့သလို ကစားသမားတွေ ခြေစွမ်း ညံ့ခဲ့တာကို ၀န်မခံပဲ တစ်ဖက် အသင်းနဲ့ ဒိုင်ရဲ့ လုပ်ရပ်တွေ၊ အမှားတွေ ကိုပဲ ပြန်ပြီး ဝေဖန်တာ ထောက်ပြနေတာ များလာရင်တော့ သိပ်ပြီး လက်တွေ့မကျတော့ပါဘူး။ ပြီးခဲ့တဲ့ ပွဲတွေကို ပြန်ကြည့်ရင် ပြိုင်ဘက်တွေ သိပ်ကောင်းလွန်းလို့ ယူနိုက်တက်တို့ ရှုံးခဲ့တာမျိုး မဟုတ်တာ တွေ့ရမှာပါ။ ရော်နယ်ဒို၊ ဗာရန်း၊ ဆန်ချို တို့ကို ခေါ်ထားရက်နဲ့ ဒီလောက် အထိ အခြေအနေ ဆိုးနေရင်တော့ ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ လာမယ့် ပွဲတွေမှာ ပိုပြီး စိတ်ခိုင်ခိုင်ထားဖို့ လိုအပ်နေပါပြီ။
 

ယူနိုက်တက်ရဲ့ လာမယ့် ပွဲစဉ်များ

မန်ယူနိုက်တက်တို့ လာမယ့် ပွဲစဉ် (၈)ပွဲ မှာတော့ ဗီလာရီးရဲယ် (အိမ်)၊ အဲဗာတန် (အိမ်)၊ လက်စတာ (ဝေး)၊ အတ္တလန္တာ (အိမ်)၊ လီဗာပူးလ် (အိမ်)၊ စပါး (ဝေး)၊ အတ္တလန္တာ (ဝေး)၊ မန်စီးတီး (အိမ်)တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒါဟာ ထိုင်ခုံ လှုပ်နေတဲ့ ဆိုးလ်ရှား အတွက် အဆုံးအဖြတ် ဖြစ်သွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

အဲ့ဒီတော့ ဆိုးလ်ရှား အနေနဲ့ ယူနိုက်တက်ကို ရလဒ်ဆိုးတွေ အောက်ကနေ ကယ်တင်ချင်တယ် ဆိုရင် ဖြေရှင်းချက်တွေ ပေးနေမယ့် အစား ဘာတွေ မှားနေလဲ ဆိုတာပဲ သေချာ ပြန်စဉ်းစားသင့်နေပြီလို့ပဲ ဆိုချင်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်