နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စိန့်မေရီကွင်းမှာ ဂိုးပြတ်အောင်ပွဲခံမယ့် ဆောက်သမ်တန်ကို အားပေးကြရအောင် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဆောက်သမ်တန် vs ရှက်ဖီးလ်ယူနိုက်တက်

တနဂ်နွေနေ့မှာကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အစောဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ ဆောက်သမ်တန်နဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ ကစားမယ့်ပွဲကို SBOTOP ဘောလုံးပရိသတ်တွေ အတွက် ပွဲကြိုခန့်မှန်း သုံးသပ်ပေးချင်ပါ တယ်။ အခုနှစ် ပရီးမီးယားလိဂ် မှာ စုဖွဲ့မှုကောင်းကောင်းနဲ့ မထင်မှတ်တာတွေ လုပ်ပြနေတဲ့ ဆောက်သမ်တန်တို့ အမှတ်ပေးဇယားအောက်ဆုံးမှာ ရှိနေတဲ့ ရှက်ဖီးလ်ယူနိုက်တက်ကို အိမ်ကွင်း စိန့်မေရီမှာ ဧည့်ခံကစားရမှာ ဖြစ်လို့ ပွဲချောင်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဆောက်သမ်တန်တို့ ပြီးခဲ့တဲ့ပွဲမှာ ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက်ကစားပြီး ၁-၂ ရလဒ်နဲ့ အနိုင်ရထားသလို နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ မန်ချက်စတာယူနိုက်တက် တစ်သင်းတည်းကိုပဲ ရှုံးနိမ့်ထားပါတယ်။ အက်စတွန်ဗီလာ၊ နယူးကာဆယ်၊ ဘရိုက်တန် တို့လို အသင်းတွေကို အနိုင်ရထားပြီး ဝုဗ်နဲ့တော့ သရေကျထားပါတယ်။ မန်ချက်စတာ ယူနိုက်တက် နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ဆောက်သမ်တန်တို့ ခြေစွမ်းကောင်းခဲ့ပေမယ့် မထင်မှတ်ပဲ ယူနိုက်တက်ရဲ့ ဒုတိယပိုင်းသွင်းဂိုးတွေကြောင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ ဆောက်သမ်တန်တို့ ၁၁ ပွဲကစား၊ ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံးထားပြီး ရမှတ် ၂၀ အထိ စုဆောင်းထား နိုင်ပါတယ်။ လက်ရှိ ဆောက်သမ်တန် တိုက်စစ်မှာ ဒန်နီအင့်ဂ်၊ ချေးအက်ဒမ်၊ ဝက်ဒ်ပရောက်စ်၊ ဝဲလ်ကော့တ်၊ ဗက်စတာဂတ်၊ ဘာထရန်တို့ ခြေစွမ်းပြနေပြီး တိုက်စစ်က သွင်းဂိုး ၂၁ ဂိုးအထိ ရရှိထားသလို ခံစစ်က ၁၇ ဂိုးပေးထား ပါတယ်။

ရှက်ဖီးလ်ယူနိုက်တက်တို့ လက်ရှိ ပရီးမီးယားလိဂ်မှာ ရလဒ်အဆိုးရွားဆုံး ဖြစ်နေပြီး ကစားခဲ့တဲ့ ၁၁ ပွဲလုံး နိုင်ပွဲ တစ်ပွဲမှ မရသေးသလို ၁ ပွဲပဲ သရေကျထားလို့ ရမှတ် ၁ မှတ်နဲ့ အဆင့် ၂၀ နေရာမှာ ရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေတဲ့ ရှက်ဖီးလ်ယူနိုက်တက်

ရှက်ဖီးလ်ယူနိုက်တက်တို့ လက်ရှိ ပရီးမီးယားလိဂ် မှာ ရလဒ်အဆိုးရွားဆုံး ဖြစ်နေပြီး ကစားခဲ့တဲ့ ၁၁ ပွဲလုံး နိုင်ပွဲ တစ်ပွဲမှ မရသေးသလို ၁ ပွဲပဲ သရေကျထားလို့ ရမှတ် ၁ မှတ်နဲ့ အဆင့် ၂၀ နေရာမှာ ရပ်တည်နေပါတယ်။ ဒီပုံအတိုင်း ဆက်သွားရင် ရှက်ဖီးလ်ယူနိုက်တက်တို့ ရာသီအကုန်မှာ တန်းဆင်းရဖို့ သေချာနေပါပြီ။ မနှစ်က ပရီးမီးယားလိဂ် ကို တန်းတက်လာပြီး မထင်မှတ်တာတွေ လုပ်ပြပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ရဲ့ ဒုတိယရာသီကတော့ တော်တော်လေးကို ခက်ခဲနေခဲ့တာလည်း ဖြစ်ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်တို့ကို အခုလို အခြေအနေဆိုးသွားစေခဲ့တာဟာ အသင်းကြီးတော်တော်များများနဲ့ ရင်ဆိုင်ခဲ့ရလို့ ဖြစ်ပြီး နိုင်ပွဲဆာလောင်စိတ်ပါ ပျောက်ဆုံးနေခဲ့ပါတယ်။ သာမန်အတိုင်းဆိုရင် ခရစ်ဝိုင်လ်ဒါရဲ့ အသင်းဟာ စုဖွဲ့မှုကောင်းကောင်း၊ စိတ်ဓာတ်အပြည့်နဲ့ ပြိုင်ဘက်ကို ရင်ဆိုင်လေ့ရှိပေမယ့် ဒီရာသီမှာတော့ နိုင်ပွဲတစ်ပွဲရဖို့ထက် သရေ တစ်မှတ်ရဖို့တောင် ခံစစ်က ခံနိုင်ရည်မရှိလို့ ပေးဂိုးတွေ များနေပါတယ်။ ခံစစ်က ယို့ယွင်းနေသလို တိုက်စစ်ကလည်း ဂိုးသွင်းခြေ လုံးဝ ပျောက်ဆုံးနေတဲ့ ရှက်ဖီးလ်ယူနိုက်တက် တို့ အခုပွဲစဉ်မှာလည်း ဆောင်သမ်တန်လို အသင်းကောင်းတစ်သင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

သမိုင်းတစ်လျှောက် ဆောက်သမ်တန်နဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ ၅၆ ကြိမ် ထိပ်တိုက်တွေ့ဆုံထားပြီး ရှက်ဖီးလ်ယူနိုက်တက်က ၂၅ ကြိမ်အနိုင်ရထားပါတယ်။ ဆောက်သမ်တန်ကတော့ ၁၈ ကြိမ်ပြန်လည် အနိုင်ရထားပြီး ၁၃ ကြိမ်ကတော့ သရေရလဒ်နဲ့ ပွဲပြီးဆုံးထားပါတယ်။ မနှစ်က ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာ ဆောက်သမ်တန်က ၂ ကျော့စလုံး အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဆောက်သမ်တမ် vs ရှက်ဖီး ယူနိုက်တက် 1X2 ဆောက်သမ်တမ် @ 1.74
ဒီဇင်ဘာလ ၁၃ ရက်, ည ၆:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက်   ၁.၇၄ ဆ၊ သရေအတွက် ၃.၆၅ ဆနဲ့ ဧည့်သည် အသင်း အတွက် ၄.၅၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာ ဆောက်သမ်တန်တို့ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် မျှတနေပြီး ကစားသမားတွေကလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အမြင့်ဆုံးရောက်နေပါတယ်။ တိုက်စစ်က ဝဲလ်ကော့၊ ချေးအက်ဒမ်၊ ဒန်နီအင့်ဂ်တို့ အတွဲအဖက် မိမိနဲ့ သွင်းဂိုးတွေ ရရှိနေပြီး ဒီရာသီ အိမ်ကွင်းစွမ်းဆောင်ရည်ကလည်း မဆိုးလှတာကြောင့် တပ်ပျက်နေတဲ့ ရှက်ဖီးလ်ယူနိုက်တက်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူဖို့ အားထုတ်လာဦးမှာပါ။ ရှက်ဖီးလ် ယူနိုက်တက်ကတော့ ဒီရာသီ ပရီးမီးယားလိဂ် မှာ အဆိုးရွားဆုံး ခြေစွမ်းပိုင်ဆိုင်ထားလို့ ဆောက်သမ်တန်ဘက်မှာ ရပ်တည်တာဟာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။ ဆောက်သမ်တန်တို့ ၃-၀ လောက်နဲ့ အနိုင်ရသွားမယ့် ပွဲပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်