အေစီမီလန် – ဂျီနိုအာ
အခုတစ်ပတ် တနင်္ဂနွေနေ့မှာတော့ စီးရီးအေ ပွဲစဉ်တွေ ကစားဖို့ ရှိနေပြီးတော့ ညနေ ၅ နာရီမှာ အေစီမီလန်နဲ့ ဂျီနိုအာတို့ရဲ့ ပွဲစဉ် ရှိနေပါတယ်။ စီးရီးအေ ချန်ပီယံဆု အတွက် အေစီမီလန်တို့ မျှော်လင့်ချက်မဲ့ခဲ့ပြီ ဖြစ်ပေမယ့် ထိပ်ဆုံးဦးဆောင်နေတဲ့ မြို့ခံပြိုင်ဘက်ကို ဖိအားပေးဖို့ အတွက် အတတ်နိုင်ဆုံး ရလဒ်ကောင်းတွေ ရှာဖွေဦးမှာပါ။
ထိပ်ဆုံးက အင်တာမီလန်နဲ့ ၁၁ မှတ်အထိ ပြတ်နေတဲ့ အေစီမီလန်တို့ လက်ရှိ အခြေအနေက စကူဒက်တို ဆုဖလား အတွက် မျှော်လင့်ချက် မရှိတော့တာပေမယ့် ရာသီအကုန်မှာ ထိပ်ဆုံး ၄ သင်း စာရင်းဝင်ရေး ကတော့ မသေချာသေးတဲ့ အနေအထားပါ။ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ နေရာက နာပိုလီနဲ့ ၄ မှတ်သာ ကွာဟတာကြောင့် လက်ကျန် ၈ ပွဲမှာ ခြေချော်ခဲ့ရင် တစ်ရာသီလုံး ခဲလေသမျှ သဲရေကျရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပီအိုလီရဲ့ အသင်းက နောက်ပိုင်းပွဲစဉ်တွေမှာ တတ်နိုင်သမျှ အကောင်းဆုံးပုံစံနဲ့ ကစားနေတာကို တွေ့ရပါလိမ့်မယ်။ ပြီးခဲ့တဲ့ ပါးမားနဲ့ ပွဲမှာ အနီကတ်ပြခံခဲ့ရတဲ့ တိုက်စစ်မှူးကြီး ဇလာတန် အီဗရာဟီမိုဗစ် ကတော့ ပါဝင်လာနိုင်မှာ မဟုတ်သလို ကာလာဘရီယာ လည်း ဒဏ်ရာပြသနာကြောင့် လွဲချော်ပါလိမ့်မယ်။ အေစီမီလန်တို့ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ် ဆိုရင်တော့ ၆ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၄ ပွဲရှုံးနိမ့်ထားပါတယ်။
ဂျီနိုအာ ကတော့ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၉ ပွဲမှာ ပါးမားနဲ့ ၁ ပွဲသာ အနိုင်ရထားပြီး ရှုံးပွဲ ၃ ပွဲ၊ သရေပွဲ ကတော့ ၅ ပွဲရှိထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ ပွဲစဉ်မှာတော့ ဘယ်လိုမှမယှဉ်နိုင်ပဲ ဂိုးပြတ် ရှုံးနိမ့်ထားခဲ့ပါတယ်။ ဂျီနိုအာရဲ့ လက်ရှိ အနေအထားက စီးရီးအေ အမှတ်ပေးဇယား အလယ်မှာ ရပ်တည်နေပြီး ရမှတ် လိုအပ်ချက်လည်း သိပ်မရှိတာကြောင့် ဖိအားလည်း ကင်းနေပါတယ်။ အခုပွဲမှာတော့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဇာပါကော်စတာ၊ ပယ်လီဂရီနီတို့ ဒဏ်ရာရနေပြီး ခရစ္စဆီတို ကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။ ဂျီနိုအာတို့ရဲ့ အခုနှစ် အဝေးကွင်း စွမ်းဆောင်ရည်ကတော့ ရှုံးပွဲ ၇ ပွဲအထိ ရှိထားပြီး ၅ ပွဲသရေ၊ ၃ ပွဲသာ အနိုင်ရထားလို့ အားရစရာတော့ မရှိပါဘူး။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဒီနှစ်သင်းရဲ့ ၂၀၁၀ နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှုတွေကို ပြန်ကြည့်မယ်ဆိုရင် ၂၁ ကြိမ် ကစားထားခဲ့ရာမှာ အေစီမီလန်တို့ ၁၂ ကြိမ် အထိ အနိုင်ရပြီး ဂျီနိုအာ ကတော့ ၅ ကြိမ်ပဲ ပြန်လည် အနိုင်ရထားပါတယ်။ ဒီရာသီ အတွက် စီးရီးအေ ပထမအကျော့ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ တစ်ဖက် ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ထားပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
အေစီမီလန် vs ဂျီနိုအာ | 1X2 အေစီမီလန် @ 1.47 | |
ဧပြီလ ၁၈ ရက်, ည ၅:၀၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၄၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၆.၅၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၇၅ ဆ ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိ ခြေစွမ်းအရ ဇလာတန် မပါနိုင်ရင်တောင် အေစီမီလန်တို့ ဂျီနိုအာကို အနိုင်ယူဖို့ မခက်ခဲပါဘူး။ လက်ကျန်ပွဲတွေမှာ တတ်နိုင်သမျှ အမှတ်ရဖို့ ကစားနေတဲ့ အေစီမီလန်တို့ အမှားခံမှာ မဟုတ်ပါဘူး။ အေစီမီလန်ပဲ ကြိုက်ပါတယ်။ ဂိုးလည်း ပြတ်သွားနိုင်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.