နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် ကလပ် ပိုင်ရှင် ၅ ဦးအထိပါဝင်နေတဲ့ အချမ်းသာဆုံးဘောလုံးအသင်းပိုင်ရှင် ၁၀ ဦးစာရင်း

ပြီးခဲ့တဲ့ရက်ကဆော်ဒီအာရေဗျပြည်သူ့ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်း (PIF) ကနေပရီးမီးယားလိဂ်ကလပ်နယူးကာဆယ်ကိုပေါင်သန်း၃၀၀နဲ့အပြီးသတ်၀ယ်ယူလိုက်ချိန်မှာအင်္ဂလန်တစ်နိုင်ငံလုံးအုံးအုံးကျွက်ကျွက်ဖြစ်သွားတာကိုစာဖတ်ပရိသတ်တော်တော်များများလည်းသိပြီးကျမှာပါ။အဓိကကတော့ PIF ဆိုတာအရှေ့အလယ်ပိုင်းဒေသမှာရေနံတွင်းတွေဖင်ခုထိုင်ထားပြီးကျိကျိတက်ချမ်းသာတဲ့ဆော်ဒီအိမ်ရှေ့စံမင်းသားမိုဟာမက်ဘင်ဆလ်မန်ဦးဆောင်နေတဲ့လုပ်ငန်းစုဖြစ်ပြီးစတာလင်ပေါင်၃၂၀ဘီလီယံလောက်ချမ်းသာကြွယ်၀တယ်လို့သိရပါတယ်။အဲ့တော့နယူးကာဆယ် အသင်းကို၀ယ်ယူလိုက်တဲ့ ဆော်ဒီအာရေဗျ PIF ဟာအလိုလျောက်ပရီးမီးယားလိဂ်မှာသာမကကမ္ဘာ‌ပေါ်မှာပါအချမ်းသာဆုံးဘောလုံးအသင်းပိုင်ရှင်ပါဖြစ်လာခဲ့ပါတယ်။

ဒါဆိုလက်ရှိကမ္ဘာ့ အချမ်းသာဆုံးဘောလုံးအသင်းပိုင်ရှင် ၃ ဦးကဘယ်သူတွေလဲ။ ဘယ်လောက် အထိချမ်းသာကြသလဲ။ သူတို့ ချမ်းသာကြွယ်ဝသလိုအသင်းကိုရောဘယ်လောက် အတိုင်းအတာအထိရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ပေးထားကြသလဲဆိုတာဖော်ပြပေးသွားပါမယ်။
 
၁။ဆော်ဒီအာရေဗျ ပြည်သူ့ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်း(ပေါင်၃၂၀ဘီလီယံ) – နယူးကာဆယ်| ပရီးမီးယားလိဂ်

အထက်မှာပြောခဲ့သလိုပဲဆော်ဒီအာရေဗျပြည်သူ့ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းကိုဆော်ဒီအိမ်ရှေ့စံမင်းသားမိုဟာမက်ဘင်ဆလ်မန် ဦးဆောင်နေတာဖြစ်ပြီးပေါင် ၃၂၀ ဘီလီယံအထိ ကြွယ်ဝချမ်းသာပါတယ်။ဘင်ဆလ်မန် ဟာအိမ်ရှေ့စံဆိုပေမယ့် ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဆော်ဒီအာရေဗျရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စအဝဝကိုသူကိုယ်တိုင်ပဲဦးစီးနေပြီးသူတို့ မိသားစုရဲ့ စုစုပေါင်း ကြွယ်ဝမှုကတော့ ထရီလီယံရှိတယ် တချို့သတင်းတွေမှာဖော်ပြပါတယ်။ ပြည်တွင်းမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဝေဖန်ခံနေရပေမယ့် အသက် ၃၆ နှစ် အရွယ်သာရှိသေးတဲ့ ဘင်ဆလ်မန်ဟာ ၂၀၁၇ ခုနှစ် ကတည်းကဆော်ဒီအာရေဗျ နိုင်ငံကိုဦးဆောင်ခဲ့သူဖြစ်ပါတယ်။ထူးခြားချက်ကနယူးကာဆယ်ကိုမဝယ်ယူမီပရီးမီးယားလိဂ် ထိပ်သီးမန်ချက်စတာယူနိုက်တက် ကိုတောင် ပေါင် ၃ ဘီလီယံနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဆော်ဒီနိုင်ငံဟာဘောလုံးအားကစားကိုအဓိကနှစ်သက် သဘောကျတဲ့ နိုင်ငံဖြစ်နေတာကိုကြည့်ခြင်းအားဖြင့် မိုဟာမက် ဘင်ဆလ်မန် အနေနဲ့ နယူးကာဆယ်ရဲ့ အနာဂတ် အတွက် ဘယ်လောက်အထိပံ့ပိုးနိုင်တယ် ဆိုတာတွေးကြည့်စရာတောင် မလိုပါဘူး။ လက်ရှိအထိတော့ ငှက်ကြားတွေနဲ့ ပတ်သတ်လို့ အတိအလင်းဘာမှပြောကြားလာခြင်းမရှိသေးပေမယ့် လာမယ့် နွေရာသီအပြောင်းအရွှေ့ ကစပြီးကစားသမားခေါ်ယူအားဖြည့်မှုတွေကျိန်းသေပေါက် ပြုလုပ်လိမ့်မယ်လို့ အားလုံးကခန့်မှန်းထားကြပါတယ်။
 
၂။ကာတာရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်း (ပေါင်၂၂၀ဘီလီယံ) –ပီအက်စ်ဂျီ| လီဂူးဝမ်း

ပြင်သစ် ထိပ်သီးပီအက်စ်ဂျီအသင်းကိုပိုင်တဲ့ ကာတာရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းကတော့ ဘင်ဆလ်မန် မတိုင်ခင်ကကမ္ဘာ့အချမ်းသာဆုံးဘောလုံးအသင်းပိုင်ရှင် ဖြစ်ပါတယ်။နာမည်ကြီးအားကစားရုပ်သံbeIn Sports ရဲ့ အမှုဆောင် အရာရှိချုပ်လည်းဖြစ်တဲ့ နက်ဆာအဲလ်ခါလီဥက္ကဌအဖြစ် တာဝန်ယူနေတဲ့ QIS ဟာပေါင် ၂၂၀ ဘီလီယံလောက် ချမ်းသာ ကြွယ်ဝပါတယ်။ ပီအက်စ်ဂျီကိုစတင်ဝယ်ယူခဲ့ချိန် ကစလို့ တောက်လျောက် ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်လာခဲ့တဲ့ QIS အနေနဲ့ ၂၀၁၅ ကနေ ၂၀၂၁ ခုနှစ်အထိကစားသမားခေါ်ယူမှုအတွက်ကိုပဲပေါင် ၁ ဘီလီယံကျော် သုံးစွဲပေးထားခဲ့ပြီးဖြစ်ပါတယ်။ စစချင်းမှာပဲအိန်ဂျယ် ဒီမာရီယာ၊ ကူဇာဝါ၊ ဒရက်စ်လာ၊ ခရိုင်ချိုဝိတ်ခ် တို့လိုကစားသမားတွေကိုခေါ်ယူခဲ့ပြီး ၂၀၁၈ နဲ့ ၂၀၁၉ တို့မှာနေမာ၊ အန်ဘာပေးတို့ကိုစံချိန်တင် ပြောင်းရွှေ့ကြေးပေးပြီးခေါ်ယူခဲ့သလိုအီကာဒီ၊ ရာမို့စ်၊ ဒွန်နာရူးမား၊ ဟာခီမီတို့အပြင် နောက်ဆုံးမှာတော့ ဘာစီလိုနာကမက်ဆီကိုပါ စံချိန်တင် လုပ်ခလစာနဲ့ အရခေါ်ယူနိုင်ခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့်လည်း QIS တို့ အသည်းအသန် လိုချင်နေတဲ့ ချန်ပီယံလိဂ် ဖလားကိုကစားသမားတွေအနေနဲ့ လက်ရှိအချိန်ထိရအောင်ယူပေးနိုင်စွမ်းမရှိသေးတာကတော့ စိတ်ပျက်စရာပါပဲ။
 
၃။ရှိတ်ခ်မန်ဆော (ပေါင်၂၁ဘီလီယံ) – မန်ချက်စတာစီးတီး| ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်မှာအလယ်အလတ် အဆင့်သာရှိခဲ့တဲ့ မန်ချက်စတာစီးတီးကိုဝယ်ယူပြီးအပြောင်းလဲကြီးပြောင်းလဲခဲ့တဲ့ ရှိတ်မန်ဆောရဲ့ အဘူဒါဘီလုပ်ငန်းစုကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ မန်ချက်စတာစီးတီးတစ်သင်းတည်းမဟုတ်ပဲအော်ဇီကလပ် မဲလ်ဘုန်းစီးတီး၊ အမေရိကန် မေဂျာလိဂ် ကလပ် နယူးယောက်စီးတီးနဲ့ အိန္ဒိယကလပ် မွန်ဘိုင်းစီးတီးတို့ကိုပိုင်ဆိုင်တဲ့ ရှိတ်မန်ဆောရဲ့ ချမ်းသာကြွယ်ဝမှုကတော့ ပေါင် ၂၁ ဘီလီယံရှိပါတယ်။ အဘူဒါဘီလုပ်ငန်းစုအနေနဲ့ မန်စီးတီးအသင်းအတွက် ပီအက်စ်ဂျီတို့နီးနီးရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသလိုလူငယ် စီမံကိန်းအတွက်လည်းပေါင်သန်းရာနဲ့ချီအသုံးပြုထားတာတွေ့ရပါတယ်။
 
ကမ္ဘာ့အချမ်းသာဆုံးထိပ်ဆုံး ၁၀ ဦးစာရင်းဝင် အသင်းပိုင်ရှင်တွေကိုဆက်လက် ဖော်ပြရမယ် ဆိုရင်တော့…

၄။ဒိုင်းထရစ်ချ် မာတီဟစ်ဇ်Mateschitz (ပေါင်၁၅.၇ဘီလီယံ) – လိုက်ပ်ဇစ်နဲ့ ဆဲလ်ဘတ်| ဘွန်ဒက်စ်လီဂါ

၅။အန်ဒရီရာအဂ်နယ်လီ (ပေါင်၁၄ဘီလီယံ) – ဂျူဗင်တပ်စ်| စီးရီးအေ

၆။ ရိုမန် အေဗရာမိုဗစ် (ပေါင် ၁၀.၅ ဘီလီယံ) – ချဲလ်ဆီး| ပရီးမီးယားလိဂ်

၇။ဖီးလစ် အန်းရှော့တ် (ပေါင် ၈.၁ ဘီလီယံ) – အဲလ်အေဂလက်ဆီ| မေဂျာလိဂ်

၈။စတန် ခရွန်ကီ (ပေါင် ၆.၈ ဘီလီယံ) -အာဆင်နယ်| ပရီးမီးယားလိဂ်

၉။ဂျောင်ဂျင်ဒေါင် (ပေါင် ၆.၂ ဘီလီယံ) – အင်တာမီလန်| စီးရီးအေ

၁၀။ ကျိုကုန်ချန် (ပေါင် ၅.၂ ဘီလီယံ) – ဝုဗ်| ပရီးမီးယားလိဂ်
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်