နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂွတ်ဒီဆင်ပါ့ခ်မှာ တော်ဖီတို့ ဘက်ကပဲ ရပ်တည်သင့်တယ် (အဲဗာတန် – ဆောက်သမ်တန်) | ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

အဲဗာတန် – ဆောက်သမ်တန်

ခြေစွမ်းပိုင်း သိပ်မကွာသလို၊ တွေ့ဆုံချိန်တိုင်း အကြိတ်အနယ် ရှိခဲ့တဲ့ အဲဗာတန်နဲ့ ဆောက်သမ်တန် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ စနေနေ့ ည ၈ နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ၁၉၉၇-၁၉၉၈ ဘောလုံးရာသီ နောက်ပိုင်း ဂွတ်ဒီဆင်ပါ့ခ်မှာ ကစားတဲ့ ပွဲတိုင်း အဲဗာတန်ကို အသာမရခဲ့သလို ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ဆိုရင် ရလဒ် မကောင်းတတ်တဲ့ စိန့်တို့ ဒီတစ်ကြိမ် မှာလည်း ရမှတ် ဗလာနဲ့ပဲ အိမ်ပြန်ရမယ့် အခြေအနေမှာ ရှိပါတယ်။

အန်ဆယ်လော့တီ ထွက်ခွာသွားပြီးနောက် နာမည်ကြီး နည်းပြ တစ်ဦး ဖြစ်တဲ့ ရာဖေးလ် ဘင်နီတက်ဇ်ကို အစားထိုး ခန့်အပ်ခဲ့တဲ့ အဲဗာတန်တို့ ဒီရာသီ အတွက် ဒမ်မရိုင်း ဂရေး၊ ဘီဂျိုဗစ်၊ တောင်ဆန် တို့ကို ခေါ်ယူ အားဖြည့်ထားပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီက မထင်မှတ်ထား လောက်အောင် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ရာသီသိမ်းချိန်မှာ ခြေပြန်ကျသွားတဲ့ အဲဗာတန်တို့ နည်းစနစ်ပိုင်း ကြွယ်ဝတဲ့ ဘင်နီတက်ဇ်နဲ့ ဘယ်လို အခြေအနေ ရှိလာဦးမလဲ ဆိုတာ စိတ်ဝင်စားစရာ ပါပဲ။ ရာသီကြို ခြေစမ်းပွဲတွေ မှာတော့ ကိုလံဘီယာ ကလပ် မီလန်နာရီယိုကို ပင်နယ်တီနဲ့ အနိုင်ရပြီး မန်ချက်စတာယူနိုက်တက် ကိုတော့ ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားတဲ့ အဲဗာတန်ရဲ့ ခြေစွမ်းက သာမန်လောက်ပဲ ရှိတယ်လို့ ပြောလို့ ရပါတယ်။ တကယ်ဆိုရင် အဲဗာတန်မှာ ဂျိမ်းစ် ဟားမက်စ် ရိုဒရီဂတ်ဇ်၊ အီဝိုဘီ၊ ဒေါမနစ် ကလဲဗက်-လီဝင်း၊ ဒူကိုရေး၊ အဲလန်၊ ကိန်း၊ ဒီနီး၊ ရစ်ချာလီဆင်၊ မွိက်စ်ကိန်း၊ ပစ်ခ်ဖို့ဒ်တို့လို ကစားသမားတွေ အများကြီး ရှိနေလို့ နည်းပြ ဘင်နီတက်ဇ်ရဲ့ နည်းစနစ်ဗျူဟာ အဆင်ပြေရင်တော့ ဇယားထိပ်ပိုင်းမှာ ရပ်တည်နိုင်စွမ်း ရှိတဲ့ အသင်း ဖြစ်ပါတယ်။ အခုလာမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲ ကိုတော့ ရစ်ချာလီဆင်၊ မွိုက်စ်ကိန်း၊ အန်ဒရီဂိုးမက်စ်နဲ့ ဂဘ်ဘာမင်း တို့ လွဲချော်နိုင်ပေမယ့် ဆောက်သမ်တန်ရဲ့ စုဖွဲ့မှုကြောင့် အဲဗာတန်တို့ သေချာ အာရုံစိုက် ကစားမယ် ဆိုရင် ကျိန်းသေပေါက် ၃ မှတ် အပြည့် ရဖို့ မခက်ခဲနိုင်ပါဘူး။

ဆောက်သမ်တန်တို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီသိမ်းခါနီးမှာ တောက်လျောက် ရှုံးပွဲတွေ ဆက်ခဲ့လို့ ဟတ်ဆန် ဟက်တဲလ် ဟာလည်း ရာထူးက ထုတ်ပယ်ခံရဖို့ များနေတဲ့ နည်းပြ စာရင်းမှာ ပါဝင်နေပါတယ်။ ရာသီကြို ခြေစမ်းပွဲ တွေမှာ ကာဒစ်ဖ်၊ ဆွမ်ဆီးနဲ့ လီဗန်တေး တို့ကို အနိုင်ရထားပြီး ဘီလ်ဘာအို ကိုတော့ ၁-၃ နဲ့ ရှုံးနိမ့်ထားတဲ့ ဆောက်သမ်တန် တို့ရဲ့ ခြေစွမ်းက အားရစရာ အနေအထား မှာတော့ ရှိမနေခဲ့ပါဘူး။ ချဲလ်ဆီး လူငယ် ကစားသမားတွေ ဖြစ်တဲ့ လီဗရာမန်တိုနဲ့ ဘရိုဂျာ အပြင် ဘလက်ဘန်း တိုက်စစ်မှုး အမ်းစထရောင်း တို့ကို‌ ခေါ်ယူထားခဲ့ပေမယ့် အဓိက တိုက်စစ်မှူး ဒန်နီအင့်ဂ်ကို ဗီလာ အသင်းထံ ရောင်းချထားခဲ့ ရပါတယ်။ ဆယ်လီဆူ၊ ဘက်ဒ်နာရက်ခ်၊ ရိုမီယူ၊ စတူးဝပ် အမ်းစထရောင်း၊ တဲလ်လာ၊ ချေး အက်ဒမ် တို့အပြင် သီယိုဝဲလ်ကော့တ်တို့ ကျန်ရှိနေပေမယ့် ဒန်နီအင့်ဂ် မပါတဲ့ တိုက်စစ်က ကျိန်းသေပေါက် အားနည်းနေပါလိမ့်မယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အဲဗာတန်တို့ ဆောက်သမ်တန်နဲ့ စုစုပေါင်း ၁၀၅ ပွဲ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး ပွဲပေါင်း ၅၀ အထိ အနိုင်ရထားခဲ့သလို ဆောက်သမ်တန် ကတော့ ၃၂ ပွဲသာ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် တွေ့ဆုံမှု ၂ ကြိမ် မှာ ဆောက်သမ်တန်က စိန့်မေရီမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ဂွတ်ဒီဆင်ပါ့ခ် မှာတော့ အဲဗာတန်က ရစ်ချာလီဆင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။
 

အဲဗာတန် – ဆောက်သမ်တန်

??
အဲဗာတန် – ဆောက်သမ်တန် အချိန်ပြည့် 1X2 အိမ်ရှင် @ ၁.၈၅ ဆ
ဩဂုတ်လ ၁၄ ရက် , ည ၈:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင် အတွက် ၁.၈၅ ဆနဲ့ ဧည့်သည် အတွက် ၄.၂၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၆၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ အထက်မှာ ပြောခဲ့တဲ့ အချက်တွေ အရ ဘယ်အသင်း ဘက်က ရပ်တည်သင့်လဲ ဆိုတာ သိလောက်ပါပြီ။ ၁.၈၅ ဆ ဆိုတဲ့ ကြေးက မဆိုးဘူးလို့ ပြောလို့ ရသလို တွေ့ဆုံခဲ့တဲ့ ပွဲအများစုမှာ ၁-၀၊ ၁-၁၊ ၁-၂ ဆိုတဲ့ ရလဒ်တွေပဲ ထွက်ပေါ်ခဲ့တာကြောင့် သေချာတာက ဂိုးတော့ မပြတ်နိုင်ပါဘူး။ အဲဗာတန် ၃ မှတ် အပြည့်ရမယ့် ပွဲပါ။ ခန့်မှန်းရလဒ် ၂-၁ လောက် ဖြစ်နိုင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်