နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒိန်းမတ် – ခရိုအေးရှား | နေးရှင်းလိဂ် A အုပ်စု ၁ (ပွဲကြိုသုံးသပ်ချက်)

ဒိန်းမတ် – ခရိုအေးရှား

နေးရှင်းလိဂ် A အုပ်စု ၁ ရဲ့ ပွဲစဉ် ၃ ကို လာမယ့် ရက်ပိုင်း အတွင်း ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး ဒိန်းမတ်တို့ ခရိုအေးရှားကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ လက်တလော အုပ်စု ၃ မှာ ရှုံးပွဲလုံးဝ မရှိသေးတဲ့ ဒိန်းမတ်တို့ ခြေစွမ်း ကျဆင်းနေမှုနဲ့ အတူ နိုင်ပွဲတွေပါ ပျောက်ဆုံးနေတဲ့ ခရိုအေးရှား ဆီကနေ ၃ မှတ် အပြည့် ထပ်ယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
နောက်ပိုင်း နှစ်တွေထဲမှာ လျင်လျင်မြန်မြန် တိုးတက်လာတဲ့ ဥရောပ အသင်းကို ပြောပါဆိုရင် ဒိန်းမတ်ကိုပဲ လက်ညှိုးထိုးရမှာပါ။ ဒိန်းမတ်ဟာ ယူရို ၂၀၂၀ မှာ ခရစ္စတီယန် အဲရစ်ခ်ဆင် မကစားနိုင်ပေမယ့် ဆီမီးဖိုင်နယ် အဆင့်ထိ ရောက်ရှိခဲ့သလို အဲ့ဒီနောက်ပိုင်း ကစားထားတဲ့ နောက်ဆုံး ၁၁ ပွဲမှာ ၉ ပွဲနိုင်၊ ၂ ပွဲ ရှုံး ဆိုတဲ့ ရလဒ် ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ စကော့တလန်ကို ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ပြီးသား ဖြစ်လို့ အရေးမကြီးခဲ့သလို နယ်သာလန်ကို ၄-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ကလည်း ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ဖြစ်တာကြောင့် ထည့်တွက်စရာ မလိုဘူးလို့ပဲ ထင်ပါတယ်။ ကတ်စပါ ဟက်ဂျဲလ်မန်းရဲ့ အသင်းဟာ ကြယ်ပွင့် ကစားသမားတွေ အများကြီး ပါမနေပေမယ့် နိုင်သင့်နိုင်ထိုက်တဲ့ ပွဲတွေဆိုရင် မဖြစ်မနေ အနိုင်ကစားတတ်တဲ့ အသင်းလို့ ပြောလို့ ရပါတယ်။ လက်ရှိ နေးရှင်းလိဂ် မှာလည်း အဖွင့်ပွဲစဉ် ၂ ပွဲစလုံး အနိုင်ရထားပြီး ကမ္ဘာ့ချန်ပီယံ ဖြစ်သလို ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ဖြစ်တဲ့ ပြင်သစ်နဲ့ ခြေတက်နေတဲ့ ဩစတြီးယားကို အဝေးကွင်းတွေမှာပဲ အလဲထိုးထားခဲ့တာ ဖြစ်ပါတယ်။ ကစားကွက် အနေနဲ့ ဆိုရင် ၃ ယောက်တွဲ ခံစစ်ကို အဓိကထား အသုံးပြုနေပြီး တစ်ပွဲနဲ့ တစ်ပွဲ မတူညီတဲ့ ပွဲထွက်လူစာရင်းကို သုံးနေသည့် တိုင်အောင် ခြေစွမ်း ကွာဟချက်တော့ သိပ်မရှိတာ တွေ့ရပါတယ်။ ကွင်းလယ်က ဟွိုက်ဘယက်ဂျ် ပွဲတိုင်းလိုလို ခြေစွမ်းပြနေပြီး အသင်းရဲ့ အဓိက မောင်းနှင်အား ဖြစ်နေသလို လူငယ်နဲ့ လူကြီး ပေါင်းစပ်ထားတဲ့ စုဖွဲ့မှုက ဒိန်းမတ်ကို ဘယ်လောက် အတိုင်းအတာထိ ပို့ဆောင်ပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
အဂ်လန်
အီတလီ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ်လူစာရင်း – ကတ်စပါ ရှမိုက်ကယ်၊ ခရစ္စတန်ဆန်၊ နဲလ်ဆင်၊ အန်ဒါဆင်၊ ဟွိုက်ဘယက်ဂျ်၊ ဒီလာနီ၊ မာအဲလီ၊ ဝက်စ်၊ အိုလ်ဆင်၊ အဲရစ်ခ်ဆင်၊ ကော်နယ်လီးယပ်စ်

ခရိုအေးရှား ကတော့ ယူရို ၂၀၂၀ ပြီးကတည်းက ရှုူံးပွဲမရှိ တောက်လျောက် ရလဒ်တွေ ကောင်းခဲ့ပေမယ့် နေးရှင်းလိဂ် မှာတော့ ရုန်းကန်နေရတဲ့ အသင်း ဖြစ်ပါတယ်။ နေးရှင်းလိဂ် အုပ်စု ပွဲစဉ် ၂ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ လုံးဝ မရသေးပဲ ရမှတ် ၁ မှတ်နဲ့ အတူ အုပ်စု အောက်ဆုံးကို ရောက်ရှိနေတဲ့ ခရိုအေးရှားတို့ မဖြစ်မနေ နိုင်ပွဲ ပြန်ရဖို့ လိုအပ်နေပြီလို့ ပြောလို့ ရပါတယ်။ အဖွင့်ပွဲမှာ ဩစတြီးယားကို ဂိုးပြတ် အရှုံးပေးခဲ့ရပြီး ပြီးခဲ့တဲ့ ပွဲမှာတော့ ပြင်သစ်ကို ခြေရည်တူ ကစားနိုင်ခဲ့ပေမယ့် သရေ ၁ မှတ်သာ ရရှိခဲ့ပါတယ်။ ခြေစွမ်းပိုင်းအရ ခြုံငုံသုံးသပ်ရရင် ခရိုအေးရှားဟာ ကမားကောင်းတွေ ပါဝင်တဲ့ အသင်းကောင်း တစ်သင်း ဖြစ်ပေမယ့် Form သေချာ မမိသေးလို့ ရလဒ်တွေ မကောင်း ဖြစ်နေတယ်လို့ ယူဆလို့ ရပါတယ်။ အခုလာမယ့် ပွဲမှာလည်း ခရိုအေးရှားကို နိုင်ငံတကာ ပွဲ ၁၅၀ ပြည့်ထားတဲ့ ကွင်းလယ် ဖန်တီးရှင် မိုဒရစ်ပဲ ဦးဆောင်လာမယ့် သဘော ရှိပြီး လူစာရင်း အရတော့ ပြင်သစ်နဲ့ ပွဲက အတိုင်းပဲ ပွဲထွက်လာဖွယ် ရှိပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – လစ်ဗာကိုဗစ်၊ ဗီဒါ၊ ပွန်ဂရက်ဆစ်၊ ဗာဆယ်လစ်ဂျ်ကို၊ ဘာရီဆစ်၊ ဘရိုဇိုဗစ်၊ မိုဒရစ်၊ မေရှား၊ ဘရီကာလို၊ ကရာမာရစ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နေးရှင်းလိဂ် အုပ်စု ပွဲစဉ် ၂ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ လုံးဝ မရသေးပဲ ရမှတ် ၁ မှတ်နဲ့ အတူ အုပ်စု အောက်ဆုံးကို ရောက်ရှိနေတဲ့ ခရိုအေးရှားတို့ မဖြစ်မနေ နိုင်ပွဲ ပြန်ရဖို့ လိုအပ်နေပြီလို့ ပြောလို့ ရပါတယ်။
နေးရှင်းလိဂ် A အုပ်စု ၁ ရဲ့ အုပ်စု အောက်ဆုံးမှာ ရောက်ရှိနေတဲ့ ခရိုအေးရှား

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ ၂ ကြိမ်စလုံး ခရိုအေးရှားတို့ အနိုင်ရထားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားမှာ နောက်ဆုံး တစ်ကြိမ် တွေ့ဆုံထားခဲ့ပြီး မိနစ် ၉၀ အတွင်း တစ်ဖက် တစ်ဂိုးစီ သရေကျနေခဲ့တာကြောင့် ပင်နယ်တီ ကန်ခဲ့ရပြီး ခရိုအေးရှားက ၃-၂ ရလဒ်နဲ့ အနိုင်ရကာ နောက်တစ်ဆင့် တက်ခဲ့တာ ဖြစ်ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ဒိန်းမတ် အတွက် ၁.၉၆ ဆ၊ ခရိုအေးရှား အတွက် ၃.၅၅ ဆ၊ သရေ အတွက် ၃.၅၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ လက်ရှိ ခြေစွမ်းပိုင်း အရ ဆိုရင် ခရိုအေးရှားထက် ဒိန်းမတ်က ပိုပြီး ယုံကြည်လို့ ရပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ ဒိန်းမတ်မှာ လူကောင်းတွေ အများကြီး မပါပေမယ့် အနိုင်ရအောင် ကစားတတ်တဲ့ စိတ်ဓာတ်တော့ အပြည့်ရှိပါတယ်။ လက်တလော မှာလည်း Form မိနေတဲ့ အသင်း ဖြစ်လို့ ခရိုအေးရှားတို့ အဝေးကွင်းမှာ သရေ တစ်မှတ်ရဖို့တောင် ခက်ခက်ခဲခဲ ကစားရမှာပါ။ ဒိန်းမတ်ပဲ ၁ ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားမယ် ထင်ပါတယ်။


ခန့်မှန်းရလဒ်

ဒိန်းမတ် ၂-၁ ခရိုအေးရှား

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်