နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အင်္ဂလန် အသင်းမှာ အထူးအခွင့်အရေးတွေ ရနေတဲ့ တူချယ် | ကမ္ဘာ့ဖလား

အင်္ဂလန် နည်းပြသစ် သောမက်စ် တူချယ် ကတော့ ဘောလုံးအဖွဲ့ချုပ် (FA)ရဲ့ အထူးခွင့်ပြုချက်အရ အင်္ဂလန် နိုင်ငံမှာ အမြဲတမ်း နေထိုင်ဖို့ မလိုအပ်ပဲ ဂျာမနီ နိုင်ငံ ကနေလည်း အဝေးရောက် အလုပ်လုပ်ကိုင်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ သောမက်စ် တူချယ်ဟာ လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ လက်ရွေးစင် အသင်း နည်းပြ အဖြစ် စတင်ဆောင်ရွက်မှာ ဖြစ်ပြီး ကမ္ဘာ့ဖလား အတွက် အဓိက ရည်ရွယ် ခန့်အပ်ထားရတာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၅၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ သောမက်စ် တူချယ်က ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးအထိ ၁၈ လ စာချုပ်နဲ့ ခန့်အပ်ခံထားရသူလည်း ဖြစ်ပါတယ်။ FA ကတော့ နည်းပြ ဂါရက်သ် ဆောက်ဂိတ်နဲ့ လမ်းခွဲခဲ့ပြီးနောက် လက်ရှိမှာ လီကာစလေကို ယာယီ နည်းပြ အဖြစ် တာဝန်ပေးထားပြီး လာမည့် ၂၀၂၅ ဇန်နဝါရီလ မှာတော့ သောမတ်စ် တူချယ်က စတင် တာဝန်ယူ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြတွေဟာ အင်္ဂလန် နိုင်ငံမှာ နေထိုင်ပြီး National Football Centre ကို နေ့စဉ် သွားရောက်ပြီး FA တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်ရလေ့ ရှိတာ ဖြစ်ပါတယ်။ ဒါ့ပေမယ့် လက်ရှိ မှာတော့ သောမတ်စ် တူချယ် ကိုတော့ အင်္ဂလန် နိုင်ငံမှာ အချိန် အများစု နေထိုင်ရမှာ ဖြစ်ပေမယ့်လည်း အမြဲတမ်း နေထိုင်ရမယ်လို့ သတ်မှတ်မထားပဲ ဂျာမနီ နိုင်ငံမှာလည်း မိသားစုနဲ့ အတူ နေထိုင်ဖို့ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

တူချယ် အနေနဲ့ အင်္ဂလန် ကို ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူပေးနိုင်ရင်တော့ အပိုဆုကြေးလည်း ရရှိဦးမှာ ဖြစ်ပါတယ်။
အင်္ဂလန် ကမ္ဘာ့ဖလား ရရင် ဆုကြေးများစွာ ရရှိဦးမယ့် တူချယ်

ဒီလို အခွင့်အရေး ရထားခြင်းနဲ့ ပတ်သတ်လို့ တူချယ်က “ကျွန်တော် အင်္ဂလန်မှာ နေရတာ သဘောကျပါတယ်။ အင်္ဂလန်မှာ ထပ်နေသွားဖို့လည်း စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော် ပရီးမီးယားလိဂ်နဲ့ နီးနီးကပ်ကပ် ရှိချင်ပါတယ်။ ကစားသမား အများစုနဲ့လည်း နီးနီးကပ်ကပ် ရှိချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ကျွန်တော့်ရဲ့ မိသားစု၊ ကျွန်တော့်ရဲ့ ကလေးတွေနဲ့ အတူ ဂျာမနီမှာ နေထိုင်ဖို့လည်း ခွင့်ပြုပေးထားပါတယ်။ အချိန်အများစု ကတော့ ကျွန်တော် အင်္ဂလန်မှာ ရှိနေမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဒီလို သောမက်စ် တူချယ်ရဲ့ ပြောစကားပေါ် မူတည်ပြီး ဗြိတိန် မီဒီယာ တချို့ ကတော့ အင်္ဂလန် FAက အစဉ်အလာတွေကို ချိုးဖျက်ပြီး အထူးအခွင့်အရေး ပေးထားခြင်း ဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုတွေလည်း ရှိနေခဲ့ပါတယ်။

သောမတ်စ် တူချယ် ကတော့ ချဲလ်ဆီးကို ကိုင်တွယ်ခဲ့စဉ်က အင်္ဂလန်မှာ ၁၈ လ အကြာ နေထိုင်ခဲ့ဖူးသူ ဖြစ်ပြီးတော့ အခုအခါ မှာတော့ ဒုတိယအကြိမ်မြောက် နေထိုင်ရမှာလည်း ဖြစ်ပါတယ်။ တူချယ် အနေနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းကို ကိုင်တွယ်ချိန်မှာ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို အပတ်စဉ် ပုံမှန် ကြည့်ရှုသွားရမှာ ဖြစ်ပြီး FA ရဲ့ သက်တမ်း အလိုက် နည်းပြတွေ၊ နည်းပြ အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးမှုတွေ တောက်လျောက် ပြုလုပ်သွားရမှာ ဖြစ်ပေမယ့်လည်း မိသားစုရှိရာ မြူးနစ်မြို့ကို ပုံမှန် ပြန်ခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင် FAဟာ အင်္ဂလန် အမျိုးသမီး လက်ရွေးစင် အသင်းရဲ့ နည်းပြ အဖြစ် ဆောင်ရွက်နေတဲ့ ဆရီနာ ဝိဂ်မန်း ကိုလည်း နယ်သာလန်သို့ ပုံမှန် ပြန်ခွင့်ပြုထားတဲ့ အတွက် သောမက်စ် တူချယ် ကိုလည်း ဝိဂ်မန်း နည်းတူ အခွင့်အရေးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ သောမက်စ် တူချယ်ဟာ အင်္ဂလန် လက်ရွေးစင် နည်းပြ အဖြစ် တစ်နှစ်လစာ ပေါင် ၅ သန်း ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။ တူချယ် အနေနဲ့ အင်္ဂလန် ကို ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူပေးနိုင်ရင်တော့ အပိုဆုကြေးလည်း ရရှိဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်